(တင်မိုး)
ဟိတ်ဟန်ထုတ်ခြင်း အယောင်ဆောင်ခြင်း (ကုဟန)
လူအကြည်ညို ခံလိုသဖြင့် တောရကျောင်း၌ နေခြင်း၊ လူတို့ အထင်ကြီးစေခြင်းငှါ “ငါသည် ညဉ့်ဦးယံ၌ ဤတရားကို ပွားများ အားထုတ်၏။
မိုးသောက်ယံ၌ ဤတရားကို ပွားများ အားထုတ်၏ သန်းခေါင်ယံ၌သာ အိပ်၏”ဟု ဟုတ်သည့်အတိုင်း ပြောကြားလျှင် သော်လည်းကောင်း၊မဟုတ်ပဲ ပြောကြားလျှင်သော်လည်းကောင်း ဟိတ်ဟန်ထုတ်၍ ဝါကြွားခြင်း(ကုဟန)မည်၏။ (မောင်အံ့၊ သကျသီဟ ဓမ္မာစရိယ၊ အစိုးရဓမ္မာစရိယ၊ ပါဠိပါရဂူ၊ မဟာဝိဇ္ဇာ-ဘုံဘေ) ၏ ရဟန်းကျင့်ဖွယ် နှစ်ရာနှစ်ဆယ်ခုနှစ်သွယ် ပထမတွဲ ၉၂-၉၃ Ashin Sandawbartha Sasanadajadhammacariya)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment