စုန်ဆန်ရတရား
ပန်းပါဘိ၊ ဗေဒါဆွေ…
ကျူရိုးရှင် ပီပီကလေး၊ တေးသံက ဝေ
စုန်ဆန်ရ တပေပေ၊ ဒီရေနယ် တကျေး
ဒီချောင်းရေ ဗေဒါလမ်း၊ ပန်းဖွယ်တဲ့လေး…။
အိုအချင်း ကျူရိုးရှင်…
နေသာမှာ ရွာရဟန်း၊ ဆွမ်းခံကြွ၀င်
ထန်းတဖျား နေကိုမြင်၊ ရွာပြင်က တံတား
ဆွမ်းခံပြန် ရွာကိုရှား၊ နေ့တိုင်းပါလား…။
အိုအချင်း ကျူရိုးရှင်…
ဟင်းရွက်စုံ နှစ်ပုံထပ်၊ လောင်းစပ်မှာတင်
စျေးသမား မယားလင်
တရွာဝင် တရွာသွား
အိမ်အပြန်ပုစွန်ငါး၊ နေ့တိုင်းပါလား…။
ဒီတက်တော့ သူထက်သန်
ဒီကျလျှင် သူရွှင်လန်း၊ တန်းစီလို့ပြန်
အလဲလဲ အဖန်ဖန်၊ စုန်ဆန်ရတရား
ဗေဒါဆွေ ဒီရေသွား၊ မြင်ထားလို့လား…။ (ဇော်ဂျီ)

Comments
Post a Comment