Skip to main content

Collateral Damage ပစ်မှတ်ဘေးနား ဆိုးကျိုးများ

သတ်ပုံအများတွေကို ထောက်ပြနေတာ ၁၅ နှစ်လောက်ရှိပြီ။
- တချို့က ရိုင်းကြတယ်။
- တချို့က ဆဲဆိုကြတယ်။
- တချို့က အမှားဘက်ကနေ ကာကွယ်ပြောဆိုကြတယ်။
- တချို့က မှန်မှန်မှားမှား ပညတ်ဆိုပြီး တရားအတုပြကြတယ်။
၁၉၈၆ ခုနှစ်ကစပြီး အရင်ကမှန်နေတဲ့တဲ့ တဝမ်းပူစာလုံး ၇၀% လောက်ကို စသတ်စေသတည်း အမိန့်ထုတ်ပါတယ်။
ဆယ်စုနှစ် ၂ ခုလောက်အကြာမှာ တဝမ်းပူ ၉၀% လောက်အထိကို စသတ်လာကြတယ်။ 
မြန်မာစာ ကံဆိုးချင်တော့ ဘယ်လိုမှ၊ ဘယ်နည်းနဲ့မှ မရေးလောက်ဘူးလို့ ထင်ရတဲ့စာလုံးတွေကိုပါ တစ်လာကြတယ်။ ဥပမာ
‘အရေးတစ်ကြီး’
‘သစ္စာတစ်ရား’
‘မေတ္တာတစ်ရား’
‘တစ်မလွန်ချစ်သူ’
‘တစ်မာရွက်ဆား’
'ရတစ်နာ'
'တစ်ကောင်း'
'တစ်ဒင်္ဂ' ၂၆ လုံးတွေ့ထားတယ်။ အခုလောက်ဆို ပိုများနေလောက်ပြီ။
‘မြတ်ဗုဒ္ဓ၏တစ်ရားတော်များ’ ၃၇ လုံးတွေ့ထားတယ်။ အခုလောက်ဆို ပိုများနေလောက်ပြီ။
ဟောလိဝုဒ်ကရိုက်တဲ့ Collateral Damage ရုပ်ရှင်ရှိတယ်။ 
တောင်အမေရိကမှာ မူးယစ်ဆေးဂိုဏ်းကြီးတွေ ရှိတယ်။ အမေရိကန် စီအိုင်အေနဲ့ ဒီအီးအေက နှိမ်နင်းရေးလုပ်တယ်။ စီအိုင်အေအေးဂျင်တယောက်က လူဆိုးဗိုလ်ကြီးအိမ်နားထိ ရောက်အောင်သွားပြီး လေဆာနဲ့ ထိုးပြတာကို ဂြိုဟ်တုကနေ ဒုံးပျံလက်နက်နဲ့ ပစ်တယ်။
ကံဆိုးချင်တော့ လူဆိုးကြီးရဲ့ သားသမီးတွေ သူတို့အဖေနား အချိန်ကိုက် ရောက်လာကြတော့ မိသားတစုလုံး သေကြပါရောလား။ အဲလိုဖြစ်တာကို 'ကိုလက်ထရယ် ဒင်းမေ့ချ်' လို့ ခေါ်တယ်။ ဘေးနားကဟာတွေပါ ထိခိုက် ပျက်စီးတာမျိုး။
ဘာသာစကားနဲ့ စာဆိုတာ ဟိုရှေးကတည်းကပေါ်ပါတယ်။
အပြောင်းအလဲတွေလည်းရှိတယ်။
ပိုကောင်း ပိုမှန် ပိုလွယ်အောင် ပြောင်းရတယ်။
စကားလုံးသစ်တွေလည်း တိုးတယ်။
သတ်ပုံကျမ်းတွေရေးကြတယ်။ အဘိဓာန်တွေထုတ်ကြတယ်။ ဘာသာတိုင်းမှာ အဲလိုရှိကြပါတယ်။
ခေတ်သဘောအရ မူဟောင်းတွေကို ပညာရှင်တွေက စိစစ်ပြီး အဘိဓာန် အသစ်ထုတ်ကြရတယ်။
မြန်မာစာ၏ထူးခြားမှု
၁။ ပညာရှင်တွေက စုပေါင်းပြီး စိစစ်ထုတ်ဝေထားခဲ့တာ နောက်ဆုံးထုတ်က ၁၉၇၈-၇၉-၈၀ အဘိဓာန်။
၂။ မြန်မာစာအာဏာပိုင်အသစ်တွေက တဖန် ၁၉၉၁ ခုနှစ်မှာ အဘိဓာန်အသစ် ထုတ်ပြန်တယ်။
၃။ မြန်မာစာအာဏာပိုင်အသစ်တွေရဲ့ အဘိဓာန်အသစ်မထုတ်မီမှာ ရုံးအမိန့်စာနဲ့ သတ်ပုံတွေကို ပြင်ခိုင်းတယ်။ ဥပမာ သိသူတဦးကနေ ပြောပါတယ်။ ကျောင်းပထမအစမ်းတုန်းက တ စာလုံးတွေကို အတန်တင်စာမေးပွဲမတိုင်ခင် တစ် လို့ရေးရမယ်ဆိုတဲ့အမိန့်လာကြောင်း။
၄။ ဝိဝါဒကွဲနေတဲ့စာလုံးတွေကို မူကွဲလို့ခေါ်တယ်။ မူကွဲရဲ့သဘောက ကိုယ်သဘောကျရာကို ယူနိုင်တယ်။ ဥပမာ ပထမနဲ့ ပဌမ။ သမတ နဲ့ သမ္မတ။
၅။ ခေတ်သဘောအရ ပြင်ခြင်းဆိုတာ မူဟောင်းထက် ပိုမှန်၊ ပိုမြန် ပိုရှင်းစေအောင် ပြောင်းရတာဖြစ်တယ်။ ဥပမာ မိုဃ်း နဲ့ မိုး။ ၏့ နဲ့ ၏။
တချို့အပြောင်း ကောင်း။ တချို့အပြောင်း မကောင်း။ 
၆။ ဘေးထွက်ဆိုးကျိုးနှင့် မလိုလားအပ်တဲ့ ဆိုးကျိုးများ
- မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှန်အဖြစ် ဘယ်မူကိုယူရမလဲ တွေဝေစေတယ်။
- အမိန့်ကိုမလွန်ဆန်ရဲသူဦးရေက အဆမတန်များတယ်။ အရေးအသားမူအုပ်စုနှစ်ခု ရန်စောင်လာကြတယ်။ အားပြိုင်လာကြတယ်။
သုံးသပ်ချက်
၁။ မြန်မာစာအရည်အသွေး ကျဆင်းလာပါသည်။
၂။ တိုင်းပြည်အခြေအနေမကောင်းသဖြင့် မြန်မာစာကိုဂရုစိုက်ခြင်း မရှိသလောက်နည်းပါးလာပါသည်။
၃။ မှားရေးသူတွေ ပို၍ပို၍များလာပါသည်။
၄။ လွန်ခဲ့တဲ့ တနှစ် နှစ်နှစ်မှာတော့ မှန်အောင်ရေးသားတတ်သူနဲ့ မှန်အောင်ရေးသားရဲသူဦးရေ အနည်းငယ်မျှ တိုးလာသည်ကို တွေ့လာရပါသည်။
၅။ လူကြီးမင်းများသဘောအတိုင်းသာ ဖြစ်ပါသည်။ လူကြီးမင်းများဆိုသည်မှာ သင်ကိုယ်တိုင်နှင့် သင့်အထက်က အာဏာရှိသူများကို ဆိုလိုပါကြောင်း။
မြန်မာ့မြေပေါ်နဲ့ စာမျက်နှာတွေပေါ်မှာ စက်ကွင်းမလွတ်လို့ သေကျေပျက်စီးတာတွေ များလွန်းလှပြီ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ