ရေက ညစ်ပေနေလည်း သစ်ပင်၏ရှင်သန်ကြီထွားမှုကို မတားဆီးနိုင်။
ထို့အတူ သင့်၏ တိုးတက်ရာတိုးတက်ကြောင်းကိုလည်း အပြုသဘောမဆောင်တာတွေကြောင့် ရပ်တန့်မသွးပါစေနှင့်။
သစ်ပင်တွေဟာ ပုံမှန်ထက်နိမ့်ကျတဲ့ ရေနဲ့ သဘာဝပတ်ဝန်းကျင်ဒဏ်ကို ခံနိုင်ရည်ရှိကြတယ်။ မနေ့ကဘဲ အမယ်ဇုံတောကြီးထဲက သစ်ပင်အိုကြီးတပင်အကြောင်း တွေ့လိုက်သေးတယ်။
သင်သည်လည်း ထိုသို့ကျင့်ပါလေ။ မကောင်းပြောဆိုခြင်း၊ ပြစ်တင်ဝေဘန်ခြင်း၊ ဆဲဆိုခြင်းတွေကို ခံနိုင်ရည်ရှိပါလေ။
ကျွန်ုပ်တို့ဟာ တနေ့တခြားဆိုးညံ့လာနေတဲ့ လောကကြီးထဲမှာ အသက်ရှင်နေကြရသူတွေဖြစ်ပါတယ်။
အသိပညာနဲ့ ကျိုးကြောင်းဆင်ခြင်မှု အားနည်းရာကနေ ဝေဘန်မှုတွေကလည်း ဆိုးသည်ထက် ဆိုးလာနေပါတယ်။
ကိုယ့်ဘဝ၊ ကိုယ့်အသိသုတ နည်းလေလေ သူတပါးကို အပြစ်တင်လေလေ။
သူတို့လည်း အဲလိုနည်းနဲ့ သူတို့ရဲ့ ဆင်းရဲဒုက္ခ ပေါ့လေမလားဆိုပြီး ထွက်ပေါက်ရှာနေကြတာ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment