Skip to main content

မှုန်ဝါးဝါးလမ်းစ ပေါ်လာခြင်း

တယောက်က ကွန်မင့်ကနေ ပူးတွဲပါ ပုံကို တင်ပါတယ်။
ဟုတ်။
ဒီအဆင့်ထိရောက်လာအောင် ၁၀ နှစ်ကြိုးစားခဲ့ရတယ်။ ကျွန်တော်တဦးတည်းတော့ မဟုတ်ပါ။
အရင်ကတော့ တစ် လို့ မရေးဘဲ တ လို့ရေးတာကိုသာ မှားတယ်လို့သာ တွင်တွင်ပြောနေခဲ့ကြပါတယ်။
တ န့ တစ် ဟာ ပြဿနာလို့တော့ သိလာကြပြီ။ တိုးတက်မှု ဖြစ်ပါတယ်။
ပြောဆိုဆက်သွယ်လို့ရရင် ပြီးတာဘဲကတော့ မမှန်ပါ။ လောကကြီးမှာ ဆိုရှယ်မီဒီယာတခုတည်းသာ အသက်ရှိတာ မဟုတ်ပါ။
ဆရာဝန်ကိုမေးတဲ့မေးခွန်း မှန်အောင်မရေးရင် ရောဂါအမည်လွဲနိုင်တယ်။ ဆေးကုသနည်းနဲ့ ကာကွယ်နည်းတွေပါ လွဲစေနိုင်ပါတယ်။
တ ကနေ တစ် ရေးစေအမိန့်ကို ဘယ်တုန်းက၊ ဘယ်သူတွေက ထုတ်သလဲ သမိုင်းကြောင်းကိုလည်း တင်ပြထားပါတယ်။
တ နဲ့ တစ် ကို ပေါ်လစီအရပြောင်းတာကနေဆက်ပြီး၊ မြန်မာစာပုံသေနည်းတွေ လုပ်တဲ့အကြောင်းကိုလည်း တင်ပြထားပြီးပြီ။
ယနေ့ခေတ် မြန်မာစာပြသနာဟာ တ နဲ့ တစ် သာမဟုတ်တော့ပါ။
မူရင်းစာတွေကို ပြင်ပြီးအသုံးပြုနေခြင်း၊ ကျောင်းတွေမှာ သင်ပေးနေခြင်း၊ မူရင်းစာအုပ်တွေကို ပြင်ပြီးပြန်လည်ထုတ်ဝေနေခြင်း စတာတွေစာ ပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို နိုင်ငံတော်အဆင့်က ချိုးဖေါက်နေတာဖြစ်ပါတယ်။
နိုင်ငံတော်အဆင့်က အဲလိုချိုးဖေါက်​နေကြတဲ့အတွက် ဘယ်သူမဆို စာပြင်တာ၊ စာခိုးတာ တရားဝင်သလိုဖြစ်လာတယ်။
စာအမှားတွေကို လူအများက အမှန်ထင်စေအောင်လုပ်ခြင်းဟာ လူအများစုရဲ့ အသိပညာ၊ အတွေးအမြင်ကိုပါ ပျက်စီးစေပါတယ်။ တိုင်းပြည် ပျက်စီးလာရခြင်းအကြောင်းတပါးလည်း ဖြစ်ပါတယ်။
အခုတော့ လမ်းစကလေး ခပ်ရေးရေး ခပ်ဝါးဝါး ပေါ်လာပါပြီ။
နည်းနည်းလေးတော့ သဘောပေါက်လာကြပြီ။ ဆက်ကြရပါဦးမည်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ