Skip to main content

လယ်ခေါင် / လယ်ကောင်

မြို့လယ်ခေါင်/မြို့လယ်ကောင် အမှန်သိပါရစေဆရာ

မြို့လယ်ခေါင်။

ရေလယ်ခေါင် နဲ့ ရေလယ်ကောင် နှစ်မျိုးလုံးတွေ့ရတယ်။ ရေလယ်ခေါင် ပိုပြီးမှန်မယ်ထင်ပါတယ်။

()

ကျူပင်

ဟိုဘက်ရွာ ဓနိတန်းနဲ့

တို့ကမ်းက အုန်းညီနောင်

ချောင်းရေက ဖောင်။

ရေလယ်ခေါင် သောင်ပေါ်လို့ထွန်း။ (ဇော်ဂျီ )

()

ဗုဒ္ဓဟူး စနေ

ဆန်းတုံပေမူ

တောင်လေ သုတ်ဖြူး

တဟူးဟူးနှင့်

မိုးဦးလည်း ခေါင်

မိုးလယ် ရှောင်ကွင်း

မိုးနှောင်း ဖျင်းအံ။ (ရှားပါးတာကို ဆိုလိုတယ်။)

()

ရေလယ်ကောင်သောင်ထွန်း၊ နတ်သမီးနေတဲ့ကျွန်း = ကျောက်ပျဉ်

()

ရေလယ်ကောင်တွင် ဖောင်စီးနေရင်း ရေငတ်နေသည်။

()

ရွှေရိုး

ပုဆိုးပြာတောင်ရှည်ချလို့၊

ကတော့မည့်မေလေးမောင်၊

ဒိုးပတ်သံပြောင်။

ဗေတိုပတ် ဗူတယ်ပြောင်၊

လူလယ်ခေါင် က,ပွဲ။

နှုတ်ခမ်းမွေး ကြင်စွယ်စုံနဲ့ ၊

ပြင်ဆင်ပုံ အမြင်ကပ်တယ်၊

ဖြဲစပ်စပ်ကဲ။

ဝိုင်းတော်မောင်အသော့တီး၊

ပုသိမ်ထီးနဲ့ ယိမ်းကာယိုင်၊

ရွှေရိုး က,မြိုင်။

ဘယ်ကိုင်းလို့ ညာကိုယိုင်၊

တူနိုင်ပေ့ ဖေ့သား။

ကွမ်းတောင်ကိုင် မမများရယ်၊

မွှေးကြစေသား

သို့ကလို အစတိုးတော့၊

ရှက်စနိုးနဲ့ မလေးမေ၊

ပုန်းလို့ ကွယ်နေ။

ပုန်းပါနဲ့အေ၊

အမောပြေ ရေစင်အေးနဲ့၊

ဆီးပက်ကွဲ့လေး။ (တက္ကသိုလ်-လှဖုန်းမို)

ရှုမဝမဂ္ဂဇင်း၊ ၁၉၅၇ မေလ၊ အတွဲ-၁၀ အမှတ်-၁၂၀

()

လှ​ခေါင်​တကိုယ်​လုံးကြွယ်​ (အဆင့်မြင့်တာကို ဆိုလိုတယ်။)

ဒေါက်တာတင့်ဆွေ

Comments