- ဆရာ မုန်လာဥ တဥ/တလုံး/တတောင့်/တချောင်း ဘယ်ဟာမှန်ပါလဲရှင့်
မုန်လာဥတဥလို့ ပြောဆိုကြပါတယ်။ မတူကြပါ။ အဘိဓာန်တွေထဲမှာ မတွေ့သေးပါ။
တချောင်းလို့ပြောလည်း မမှားပါ။ ပုံပန်းအရ တလုံးကတော့ မသင့်လောက်လို့ထင်ပါတယ်။ ကြည်ဥတလုံးဆိုရင် မှန်တယ်။ ခိုင်မာတဲ့သက်သေတခုခုတွေ့လာရင် တင်ပြပါမယ်။
ခရီးတကြောင်း
ငှက်ပျောတခိုင်
စကားတခွန်း
စက္ကူတချပ်
စက်ဝိုင်းတကွင်း
စားပွဲတခု
စာတစောင်
စေတီတဆူ
ဆင်တစီး
တခုပြီးတခု
ထင်းတစည်း
နွားတရှဉ်း
ပုခက်တခု
ပုတီးတကုံး
မြင်းတကောင်
မြင်းတစုံ
မြေဖြူတတုံး
မီးရထားတတွဲ
မေတ္တာတပွင့်ပန်း
လက်စွပ်တကွင်း
လယ်တပွဲ
လှည်းတစီး
လှည်းတစီး
သင်္ဘောတစင်း
အပ်တချောင်း
အိမ်တဆောင်
ကြက်သွန်ဖြူဥတလုံးကို မှန်အောင်မရေးတတ်တာတခု တွေ့လိုက်တယ်။ ဆေးဖေါ်သူတွေ အချဉ်တည်သူတွေ ဟင်းထဲထည့်သူတွေ ဥတလုံးကို မှန်အောင်ရေးတတ်သူ မနည်းလှပါ။ ကြက်သွန်ဖြူဥတလုံးလို့ ဂူဂယ်မှာ ရိုက်ရှာရင် တမျက်နှာအပြည့်ရတယ်။ ကွန်ဂရက်ကျူလေးရှင်း။
ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘဝမှာ မြန်မာ့အသံ နံနက်ပိုင်းအစီအစဉ်ကနေ ကုန်ဈေးနှုန်းသတင်း လွှင့်ပါတယ်။ ကြက်သွန်ဖြူ ဥတလုံးလို့လည်း နောက်နေ့ သတင်းစာတွေမှာ ပါတယ်။
အခုခေတ်တော့ ဘာဥဖြစ်ဖြစ်၊ ဘာအရည်ဖြစ်ဖြစ် မျိုချရင် တစ်နေမှသာ ရောင်းကောင်းပါသတဲ့။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment