Skip to main content

လူနှင့် တိရစ္ဆာန်

တိရစ္ဆာန်တို့မည်သည် အညံ့ဆုံးအကောင်ကို ခေါင်းဆောင်တင်လေ့မရှိ။

တိရစ္ဆာန် များမှာလည်း ဦးစီးဦးဆောင်တဲ့အကောင် ထားလေ့ရှိသည်။

ဘယ်လိုအကောင်ကို ခေါင်းဆောင်တင်ကြသလဲ

အကောင်အမျိုးအစားအရ မတူကြပါ။

Leadership roles ခေါင်းဆောင်မှုစွမ်းရည်ကို

experience အတွေ့အကြုံများခြင်း

strength ခွန်အားကြီးခြင်း

social bonds ဆက်ဆံရေးကောင်းခြင်း

birthright မွေးရာပါအခွင့်အရေး စတဲ့အချက်တွေအရ ရွေးကြပါသတဲ့။

အဲလိုရွေးကြခြင်းဟာလည်း သူတို့အုပ်စု ရှင်သန်နေရေး၊ သွားလာလှုပ်ရှားရေးနဲ့ ကာကွယ်ရေးအတွက် ဖြစ်တယ်။

Elephants ဆင်

အသက်အရွယ်လည်းအကြီးဆုံးနဲ့ အတွေ့အကြုံလည်းများတဲ့ ဆင်မကို matriarch အဖြစ်တင်မြှောက်ကြတယ်။

Horses မြင်း

မြင်းအုပ်သွားလာတဲ့အခါ ရှေ့ဆုံးကဦးဆောင်သူကို stallion လို့သတ်မှတ်ကြတယ်။ ဦးဆောင်တဲ့အကောင်က ရေနဲ့ အစားအစာ ရနိုင်တဲ့နေရာကို သိတယ်။

Hyenas ခေါ် အာဖရိကတိုက်မှာတွေ့ရတဲ့ ခွေးနဲ့တူပြီး အရေခွံအစင်းကျားရှိတဲ့အကောင်တွေက အမကိုခေါင်းဆာင်တင်ကြတယ်။ မကြာခဏလည်း အသစ်ရွေးကြပါသတဲ့။ သေသွားတဲ့ခေါင်းဆောင်ရဲ့ သမီးက ဆက်ဖြစ်တာမျိုးလည်း ရှိတယ်။

Sheep သိုး

တကောင်တည်းရယ်လို့ ရှိခဲတယ်။ အားကောင်းတဲ့အကောင်က ခေါင်းဆောင်နေရာရလေ့ရှိတယ်။

Chimpanzees ချင်ပန်ဇီ

ခပ်ကြမ်းကြမ်း အားပြိုင်ရတယ်။ ဘက်တော်သားအင်အားလည်း စုတယ်။

မှတ်ချက်

လူတွေကလည်း လူမျိုးစုတခုနဲ့တခု မတူ။ တိုင်းပြည်တခုနဲ့တခု မတူ။ တစုတည်း တနိုင်ငံတည်းမှာလည်း ပြောင်းလေ့ရှိတယ်။

အဆိုစကားအရ အကောင်တွေရွေးချယ်နည်းထဲမှာ အတုံးဆုံးအကောင်ကို မရွေးကြပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ