တင်ထားတဲ့စာ = Cooking Fresh Bamboo Shoots မျှစ်ချက်နည်း
ကွန်မင့်တခု = ဆရာ အခုလို Post အရှည် ကြီးတွေ တင်ရင် ဘယ် Device တိုင်းမှာ ဖြစ်ဖြစ် အဆင်ပြေပြေ ဖတ်လို့ရအောင် ရေးတင်ဖို့ အကြံပြုချင်ပါတယ်။
ပြန်စာ
တချို့က တိုတိုတဲ့။ တချို့က ပြည့်စုံအောင်တဲ့။
၃ ကြောင်းကဗျာမှာ ၃ ကြောင်းသာပါတယ်။ လေးကြိုးကြီးကတော့ ရှည်တယ်။
တမျက်နှာဝတ္ထုတို၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ လုံးချင်းဝတ္ထု။ အခန်းဆက်၊ ပဌမတွဲ၊ ဒုတိယတွဲ။
ကျွန်တော်က စာရေးဆရာ မဟုတ်ပါ။ နိုင်ငံရေး၊ ဆေးပညာနဲ့ တခြားစာလေးတွေကိုသာ ရေးပါတယ်။
တခါခါအတော်ရှည်မိတယ်။
တခါတခါ စိတ်လည်းမရှည် စာလည်း တိုတယ်။
စာတချို့ကို လက်တန်းရေးတယ်။
စာတချို့အတွက်သုတေသနလုပ်၊ ဘာသာပြန်ပြီး မြန်မာပြည်သားတွေနဲ့ ကိုက်ညီလောက်တာကို စိစစ်ပြီးရေးပါတယ်။
တချို့စာလေးတွေကို ၃-၄ ရက်အချိန်ယူရေးပါတယ်။
အဆင်မပြေသူများအတွက် တောင်းပန်ပါ၏။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment