Skip to main content

Starbucks Frappuccino Mocha Iced Coffee ကော်ဖီ မေးခွန်း

- ဆရာ ဘာ ကော်ဖီ သောက်သလဲ။

ကျွန်တော် မနက်တိုင်းမှာ ကော်ဖီတခွက် သောက်တာ နှစ်တွေကြာပြီ။ ငယ်ငယ်ကတော့ အမေကျွေးတဲ့ ထမင်းကြမ်းကြော်။ နယူးဒေလီမှာတုန်းကတော့ 'ကျာယေး' ခေါ် လက်ဖက်ရည်။

ဒီအရပ်ကိုရောက်ပြီး တပတ်တခါလောက် လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ပါတယ်။ တလောက မိတ်ဆွေတယောက်အိမ်မှာ နိုင်ငံရေးစကားဝိုင်းဖွဲ့တော့ လက်ဖက်ရည် ၂ ခွက်လောက်သောက်လိုက်မိလို့ နေမကောင်းဖြစ်ရတယ်။

လွန်ခဲ့တဲ့ ၃ လလောကကစပြီး နှလုံးရောဂါတမျိုးရှိတာသိလာတော့ ဆင်ခြင်ရပြီ။ ကော်ဖီထဲမှာပါတဲ့ 'ကေဖင်း' ဓါတ်က ရင်တုန်စေတယ်။

မနက်တိုင်းမှာ အများအားဖြင့် ဒေါ်မြမြအေးက Nescafe coffee ကော်ဖီ ဖျော်ပေးပါတယ်။ ကိုယ့်ကအရင်နိုးရင်တော့ အလွယ်လမ်း လိုက်ရတယ်။ Coffeemix အထုပ်လေး ၂ ထုပ်ကို မတ်ခွက်တခွက်နဲ့ ကိုယ်တိုင်ဖျော်ပါတယ်။

ကျွန်တော့အတွက် အိပ်ရာထပြီး နေ့တဝက်အထိ ညကလာထားတဲ့ မေးခွန်းတွေဖြေ၊ ညက ရေးထားတဲ့စာတွေထဲက အမှားတွေကို လိုက်ရှာ ပြန်ပြင်ရပါတယ်။ ဒီနေ့ ၇ လုံးလောက် အမှားပြင်ရတယ်။ ထောက်ပြပေးသူတွေ ကျေးဇူး။

အချိန်က ကျွန်တော့အတွက် တန်ဖိုးရှိတယ်။ မဟုတ်ကဟုတ်က ကွန်မင့်တွေ လိုက်ဖျက်နေရတာက အချိန်ကုန်တယ်။ ဆဲရေးရိုင်းစိုင်းသူတွေကို 'ရီပို့' လုပ်၊ 'ဘလော့' နေရတာကလည်း တဒုက္ခ။ တချို့ကတော့ တင်ထားတဲ့စာ ၁-၂ ပုဒ်လောက်သာဖတ်ပြီး ကြီးကြီးကျယ်ကျယ် ရေးကြတာကလည်း တဒုက္ခ။ မနေ့ညက အဲလိုကွန်မင့် ၂ ခုလာတယ်။ 'ဘလော့' ပါရန်လို့ ပြန်ရေးထာတယ်။

မကြာသေးခင်ကစပြီး ပုံထဲက frappuccino starbucks ကော်ဖီပုလင်းကို ဝယ်ထားတယ်။ အလွယ်လမ်းလိုက်တာဖြစ်ပါတယ်။ ရေနွေးတည်၊ ကော်ဖီခွက်ရှာ၊ ကော်ဖီမှုန့် ၂ ဇွန်း၊ သကြား ၂ ဇွန်း၊ 'ကော်ဖီမိတ်' ၂ ဇွန်း စတာတွေနဲ့ ဖျော်နေစရာ မလိုတော့။

အချိန်က ကျွန်တော့အတွက် တန်ဖိုးရှိတယ်။

Coffee Brand Names ကော်ဖီ အမည် https://dr-tint-swe.blogspot.com/2022/06/coffee-brand-names.html

Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး https://dr-tint-swe.blogspot.com/2021/01/coffee-and-health.html

Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး https://dr-tint-swe.blogspot.com/2021/08/coffee-mix.html

Coffee ဒေါက်တာတင့်ဆွေရှင့် https://dr-tint-swe.blogspot.com/2022/10/coffee.html

Excess caffeine health warning https://dr-tint-swe.blogspot.com/2021/05/excess-caffeine-health-warning.html

Tea ချိုပေါ့ကျ တခွက် https://burmese-spelling.blogspot.com/2025/01/tea_25.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ