Skip to main content

စကားလုံးနိုင်ငံရေး

မျိုးချစ်စိတ်ဓါတ် အမည်တပ်ပြီး တိုင်းပြည်အမည်ကစ အမည်တွေ ပြောင်းခဲ့တယ်။

ဗမာ နဲ့ မြန်မာ ဘာဟုတ်သေးလည်း ကိုရွှေမျိုးချစ်တွေက ဒေါက်တာစာလုံးကိုတောင် ရန်ရှာနေကြတယ်။

ပြောင်းလဲထားသော လမ်းနာမည်များ (ရန်ကုန်မြို့)

စဉ် ယခင်အမည် ယခုအမည် မြို့နယ် မှတ်ချက်

၁။ ကရိလမ်း ဗိုလ်မြတ်ထွန်းလမ်း ပုဇွန်တောင်မြို့နယ်

၂။ ကနေဒီလမ်း ဦးအောင်မြတ်လမ်း မင်္ဂလာတောင်ညွန့်မြို့နယ်

၃။ ကင်းဂျော့အဲဗင်းနယူး ကွမ်းခြံလမ်း ဗဟန်းမြို့နယ်

၄။ ကင်းအက်ဒွပ်အဲဗင်းနယူး ဗိုလ်မင်းခေါင်လမ်း မင်္ဂလာတောင်ညွန့်မြို့နယ်

၅။ လစ်ကင်းလံစစ်စတားလမ်း ဒေါ်သိန်းတင်လမ်း မင်္ဂလာတောင်ညွန့်မြို့နယ်

၆။ အီဗင်ဆင်လမ်း မြယာကုန်းလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်

၇။ ကီလီလမ်း ဝါးတန်းလမ်း လမ်းမတော်မြို့နယ်

၈။ ဂွတ္တလစ်လမ်း ဆရာစံလမ်း ဗဟန်းမြို့နယ်

၉။ ဂေါ်ဒွင်လမ်း မြို့မကျောင်းလမ်း ဒဂုံမြို့နယ်

၁၀။ စင်ဂနယ်ပဂိုးဒါးလမ်း အလံပြဘုရားလမ်း ဒဂုံမြို့နယ်

-

၁၇၈။ ဘားလမ်း မဟာဗန္ဓုလပန်းခြံလမ်း

စကားလုံးနိုင်ငံရေးကို အဟုတ်မှတ်နေသူတွေကလည်းများတယ်။

ဟော အခုတော့

ဘယ်လာရုစ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဥ်ကိုဂုဏ်ပြုပြီး နေပြည်တော်ရှိ လမ်းတခုကို "မင့်စ်လမ်း" ဟုအမည်ပေး။

ဒီတခါတော့ စကားလုံးနိုင်ငံခြားရေး။

ဒေါက်တာတင့်ဆွေ

Comments