Skip to main content

သတ်ပုံ မပြင်ရ

ကျနော်ကတော့ဆရာရဲ့စာဖတ်ပရိတ်သတ်တယောက်ပါ။ ဆရာရဲ့ဆောင်းပါးတွေကို ကူးယူပြီး တဆင့်ပြန်လည် မျှဝေခွင့်ပြုပါလို့ ခွင့်တောင်းပါတယ်။

ဟုတ်။

ယူသုံးရင် သတ်ပုံ မပြင်ရ။ 

ပုံတွဲတင်ရင် အများအမြင်မှာ တင့်တယ်သာသာ သုံးပါရန်။

ကျွန်တော် ဆေးပညာစာ သုံးအုပ်ထုတ်ထားဖြစ်တယ်။ စာအုပ်တိုက်တွေကို ပို့ပေးတဲ့

စာမူပါ စာလုံးပေါင်းသတ်ပုံတွေကို မပြင်ပါရန် မေတ္တာရပ်ခံချက်နဲ့ ထုတ်ပါတယ်။ ပုဂံတိုက်က တအုပ်၊ စိတ်ကူးချိုချိုက နှစ်အုပ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments