(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)
ကျွန်တော့်မိဘဘိုးဘွားတွေက တောမှာ တောင်သူလုပ်ငန်းလုပ်ကြပါတယ်။ ၅ နှစ်သားကတည်းက မုံရွာကိုရွှေ့ရတော့ တောင်သူလုပ်ငန်းနဲ့ အဆက်ပြတ်သွားတယ်။ နွေရာသီကျောင်းပိတ်ရက်တိုင်း ရွာပြန်တယ်။
ဇာတိမင်းရွာမှာ လယ်မြေကနည်းပြီး ယာခင်းများတယ်။
ကျွန်တော်က လယ်ထွန်၊ ထယ်ထိုး၊ ကောက်စိုက်၊ ပျိုးနုတ်၊ နှမ်းကြဲ၊ စပါးလှေ့ အလုပ်တွေကို သိတာနည်းနည်းလေး။
၁၉၇၄-၇၅ ဆရာဝန်အလုပ်ဝင်စက ဖေါင်ကြီးသင်တန်း လေးလတက်ရတယ်။ စိုက်ပျိုးရေးပညာလည်း သင်ရတယ်။ တကြိမ်တိတိ စပါးရိတ်ရတယ်။
ဆရာဝန်ဖြစ်တော့ မြွေကိုက်ခံရတဲ့ တောင်သူတောသားတွေ အများကြီးကို ဆေးကုပေးခဲ့ရပါတယ်။ အဖိတ်အစင် မရှိခဲ့ပါ။
တောသူတောင်သား လယ်သမားတွေ နေကောင်းကြပါစေသတည်း။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment