နှစ်တိုင်းပို့ ကြတယ်။ ၂-၃ ယောက်ရှိပြီ။ ဖေ့စ်ဘွတ်မှာလည်း တွေ့နေရတယ်။ ဒီဇင်္ဘာ (၁) ရက်နေ့မှာ ဆွိဒီဇင်္ဘာ။
မြန်မာပြည်တွင်းမှာ ၄၂ နှစ်ကြာနေခဲ့ပြီး အိန္ဒိယမှာ ၂၄ နှစ်နေခဲ့ရတယ်။ အခုတိုင်းပြည်ကိုရောက်တာ ၁၁ နှစ်ရှိပြီ။ တိုင်းပြည်တိုင်းမှာ ခရစ်ယာန်ဘာသာဝင်တွေနဲ့ နေခဲ့ရပါတယ်။
ဒါပေမဲ့ နယူးဒေလီကိုရောက်မှသာ Sweet December ကို ကြားဘူးတော့တယ်။ ယူအက်စ်အေမှာလည်း မကြားပါ။
အွန်လိုင်းသုတအရတော့ ချင်းခရစ်ယာန်တွေက ကျင်းပပါသတဲ့။ နောက်တနေရာမှာတော့ ကရင် ဘက်ပတစ် ခရစ်ယာန်တွေ လုပ်တာတဲ့။ မနေ့က ကရင် ဘက်ပတစ်တယောက်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်တယ်။ သူကတော့ ဘာမှမပြော။ ဆွိဒီဇင်္ဘာ သိပုံမရ။ ဒါမှမဟုတ် ကျင်းပခြင်းမရှိ။
ဆွိဒီဇင်္ဘာ အလွန်လှတဲ့စကားစုလေးပါ။ အွန်လိုင်းမှာ ရှာရင်တော့ သြစတေးလျသီချင်း ခေါင်းစဉ်သာ တွေ့တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment