Skip to main content

တန်ဆောင်းပြာဿာဒ် ကျောင်းဇရပ်တွေနဲ့

မေးခွန်းတခု = ရွှေတိဂုံ ဘုရားမှာ "သိမ်ကြီးဈေး တံဆောင်း" လို့ တွေ့လိုက်ပါတယ် ဆရာ။ တန်စောင်း သို့ တံဆောင်း၊ အရေးအသား မှန်ကို ညွှန်းပြပါဦး ခင်မျာ။

ပြန်စာ

တန်ဆောင်းပြာသာဒ် ကျောင်း၊ ဇရပ်ဆိုတာ မြန်မာပြည်ကဗုဒ္ခဘာသာနဲဆိုင်တယ်။ ဘာသာရေးအမွေ၊ ယဉ်ကျေးမှုအမွေတွေဖြစ်တယ်။ တန်ဆောင်းက အမျိုးမျိုး။ အာရုံခံတန်ဆောင်းဆိုတာ ဘုရားကို အာရုံပြုရန်နေရာ။ တန်ဆောင်းတွေဟာ ရှည်တယ်။ ဘုရားဖူး အမြင့်တက်လမ်းကိုလည်းခေါ်တယ်။

ကွန်မင့်တခု = အခု စောင်းတန်းနဲ့ ဆောင်းတန်း။ ဆရာခင်ဗျာ ဆရာလုပ်တာမဟုတ်ပါဘူး။ ဆောင်းတန်းပါ စောင်းတန်းမဟုတ်ပါ။ မှားတာပါရင် ခွင့်လွှတ်ပါခင်ဗျာ

ပြန်စာ

အဲလိုပြောတာ မမှန်ပါ။ စောင်းတန်းကသာ အမှန်ဖြစ်ပါတယ်။

ဆောင်း

ငါးဖမ်းရန်ဆောင်း

ထီးဆောင်း

မဆောင်း၊ ဒေါ်ဆောင်း (အမည်)

အပိုဆောင်း

အာလ်ထွာဆောင်း (အာထွာဆောင်း)

အုပ်ဆောင်း

ဆောင်းဥတု

ဆောင်းမေးခါး (ယောအသုံး)

ဆောင်းနှင်းမြူ

အာထွာဆောင်း သည် အာထွာစောင်း မဟုတ

စောင်းတန်း(စောင်းဒန်းလို့ဖတ်) က အမိုးနဲ့လှေကား စင်္ကြံ၊ မန္တလေးတောင်တက်ရင် ဘေးနှစ်ဖက်မှာထို င်နားစရာအုတ်ခုံတွေတောက်လျှောက်ပါသေးတယ်။

အာရုံခံ တန်ဆောင်း(ဒဇောင်းလို့ဖတ်)ဆိုတာကဇရပ်လိုအဆောက်အဦး - ဥပမာ ဦးခန္တီတန်ဆောင်း

စောင်း

ငဲ့စောင်း

စောင်းကန်းစောင်းကန်း

စောင်းကောက်

စောင်းကောက်

စောင်းချိတ်ပြောသည်

စောင်းချိတ်ပြောသည်

စောင်းငြင်း

စောင်းငဲ့သည်

စောင်းစလွယ် (ခြင်းခတ်နည်း)

စောင်းတန်း

စောင်းတီးသည်

စောင်းပါးရိပ်ခြည်

စောင်းမြောင်းသည်

စောင်းရွဲ့

စောင်းလျားသီး

တိမ်းစောင်းသည်

ပဲစောင်းလျားသီး

မြင်းစောင်း (မြင်းဇောင်း)

ရှားစောင်းပင်

ဇောင်း

ဇောင်းပေးသည်

ဇောင်းသင်ဖြူးပင်

မြင်းဇောင်း (မြင်းစောင်း)

အိမ်ဇောင်းချသည်

အိမ်ဇောင်း = အိမ်မကြီးရဲ့ ဘေးကနေ အဆွယ်ချတာကို ဇောင်းလို့ခေါ်တယ်။ အကာလည်း ပါတယ်။ ရှေ့မှာ အမိုးသာပါပြီး အကာမပါတာကို ဝဲ သို့မဟုတ် ပရပ်လို့ ခေါ်တယ်။ နောက်ဘက်မှာလည်း ဇောင်း။

"မြန်မာ့စိတ်ရင်း မြန်မာ့ရှု့ခင်း"

တေးပြု/ စန္ဒရားလှထွဋ်

တင်တင်လှ https://www.youtube.com/watch?v=UOHxNDVU4rM

(သီချင်းစာသားထဲမှာ ပြဿာဒ်ဖြစ်နေတယ်။ ပြာဿာဒ်ကသာ မှန်ပါတယ်။)

တန်ဆောင်းပြာဿာဒ် ကျောင်းဇရပ်တွေနဲ့

ကောင်းမြတ်မနသီ ရွှင်ကြည်မနောဝယ

ရေကြည်လျံမြ ကန်အလှဝယ်

ညနေညို

နှမမေပျို ရေချိုခပ်တယ်

အိုးစည်ဗုံမောင်း

ခြိမ့်ခြိမ့်ညောင်းလို့ရယ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ