Skip to main content

လျှင် ရင်

(မိုးရွာရင် ရေချိုးမယ်)

ရေနွေးကြမ်း ကြိုက်တတ်သူဆိုရင်စာ အောက်မှာ ကွန်မင့်တခုက လျှင် လို့ ထာက်ပြပါတယ်။

စာရေးတော့ လျှင်၊ စကားသံကို စာနဲ့ရေးတော့ ရင် လို့လည်း ရေးကြပါတယ်။

ရေချိုးပြီးရင် အဝတ်အစားလဲမယ်။ ထမင်းစားပြီးရင် အပြင်သွားမယ်။ 

တွေးကြည့်လျှင် ပြေးကြည့်တာထက် မှန်သည်။

တွေးကြည့်ရင်ပြေးကြည့်တာထက်မှန်နေတယ်။

ကြိုက်ရင်ဝယ်ထား။

ကြိုက်စျေးရရင် ရောင်းမှာပါ မကြိုက်ရင် မရောင်းပါဘူး။

ချွတ်ရတာကြိုက်ရင်တခုလောက်ဝယ်ထား။

စာရေးရာတွင် “လျှင်” ဟု ရေးရမည်

သို့သော် စကားပြောသံတွင် “ရင်” ဟု ထွက်လေ့ရှိသည်။

ဤသည်မှာ အသံပြောင်းလဲခြင်း (sound shift) ဖြစ်ပြီး စကားသံကို စာသို့ တိုက်ရိုက်ကူးရာမှ မှားရေးမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

မှန်ကန်သော စာရေးပုံ (လျှင်) / စကားသံ (ရင်) ဥပမာများ

၁။

စာရေး — မိုးရွာ လျှင် မသွားပါနှင့်။

စကားသံ — မိုးရွာ ရင် မသွားနဲ့။

၂။

စာရေး — အချိန်ရှိ လျှင် လာပါ။

စကားသံ — အချိန်ရှိ ရင် လာ။

၃။

စာရေး — သိ လျှင် ပြောပါ။

စကားသံ — သိ ရင် ပြော။

၄။

စာရေး — ကြိုးစား လျှင် အောင်မြင်မည်။

စကားသံ — ကြိုးစား ရင် အောင်မြင်မယ်။

၅။

စာရေး — နေမကောင်း လျှင် ဆရာဝန်ကို ပြပါ။

စကားသံ — နေမကောင်း ရင် ဆရာဝန်ပြ။

သဒ္ဒါသဘော

“လျှင်” သည်

အခြေအနေပြ သရုပ်ပြ စပ်ဆက်ပုဒ် (conditional particle) ဖြစ်သည်။

အဓိပ္ပါယ်မှာ “if / when” ဖြစ်သည်။

စကားသံတွင်

လျှ → ရ သို့ အသံရိုးလွယ်ခြင်း ဖြစ်ပြီး

“လျှင်” → “ရင်” ဖြစ်သွားသည်။

သို့သော် စာရေးရာတွင် လျှင် ဟုသာ ရေးရမည် ဖြစ်သည်။

ယာဉ် ယျာဉ် ယဉ် ရင် ယင် https://burmese-spelling.blogspot.com/2022/08/blog-post_453.html

ရင် လျင် လျဉ် လျည် လျင်း လျဉ်း လျှင် လျက် လျှက် ယင် https://dr-tint-swe.blogspot.com/2021/05/blog-post_983.html

မမလေးတို့ ပျို့ဦးရင် မမလေးတို့ ပျိုဦးရင် https://dr-tint-swe.blogspot.com/2021/09/blog-post_533.html

“တည်း နဲ့ ထဲ” “လဲ နဲ့ လည်း” “ရင် နဲ့ ယင်” https://burmese-spelling.blogspot.com/2023/01/blog-post_860.html

ပန်းပုသူဇာ (ကိုအံ့ကြီး - မန္တလေး ဦးဘသိန်း) https://www.youtube.com/watch?v=yti6vCgn6y8

ယာဉ် ယျာဉ် ယဉ် ရင် ယင် https://burmese-spelling.blogspot.com/2022/08/blog-post_453.html

ရေ နဲ့ ရည် ရင် နဲ့ ယင် https://burmese-spelling.blogspot.com/2024/02/blog-post_381.html

ရင် ယင် https://dr-tint-swe.blogspot.com/2021/12/blog-post_772.html

သီလရှင် https://dr-tint-swe.blogspot.com/2021/12/blog-post_171.html

ယဥ်တကိုယ်မယ် https://burmese-spelling.blogspot.com/2023/08/blog-post_292.html

ရင် ယင် https://burmese-spelling.blogspot.com/2023/10/blog-post_819.html

လျင် လျှင် https://burmese-spelling.blogspot.com/2023/11/blog-post_318.html

အဆောတလျင် https://burmese-spelling.blogspot.com/2023/12/blog-post_377.html

လျင် လျှင် အသံထွက် https://burmese-spelling.blogspot.com/2024/01/blog-post_83.html

လျင် လျှင် ရင် ယင် https://burmese-spelling.blogspot.com/2024/01/blog-post_601.html

ယင် နဲ့ ရင် https://burmese-spelling.blogspot.com/2024/08/blog-post_79.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ