Skip to main content

ဆရာဝန် စာရေးဆရာများ

ကွန်မင့်တခု = ​ဆေးပညာဗဟုသုတ​တွေ​ရေးတာ ပိုသ​ဘောကျတယ်။ ဆရာဝန်တစ်​ယောက်(တ​ယောက်)ရဲ့အလုပ်က ပိုခက်ခဲတယ်။ တခြားဗဟုသုတ​ဆိုင်ရာတွေက ​အ​တွေ့အကြုံ ​လေ့လာမှုရှိရင်မခက်ဘူး။ ​ဆရာဝန်က​တော့ professional specialized field ဖြစ်လို့ များများတင်​ပေးတာသ​ဘောကျပါတယ်။ just my opnion, sorry if my words concerned!

ဟုတ်။ ကျေးဇူး။

(၁) 

နိုင်ငံတကာ ထငရှားသော ဆရာဝန်စာရေးဆရာများ

ဆရာဝန်များအနက် အများအပြားသည် စာရေးဆရာအဖြစ်လည်း ထင်ရှားအောင်မြင်ကြသည်။ ဆေးကုသမှုအတွေ့အကြုံများကို အခြေခံ၍ စာပေ၊ ဝတ္ထုနှင့် သုတစာပေများတွင် လူ့စိတ်ခံစားချက်များနှင့် လူမှုရေးခေါင်းစဉ်များကို နက်ရှိုင်းစွာ ဖော်ထုတ်ရေးသားနိုင်ကြသည်။ ထင်ရှားသော ဥပမာများတွင် Anton Chekhov၊ Arthur Conan Doyle၊ Michael Crichton နှင့် Khaled Hosseini တို့ ပါဝင်ကြသည်။ လူနာများနှင့် ထိတွေ့ဆက်ဆံရသည့် အတွေ့အကြုံများမှတဆင့် လူ့ဘဝ၏ အနက်ရှိုင်းဆုံး ခံစားချက်များကို စူးစမ်းရေးသားနိုင်ခြင်းမှာ သူတို့၏ ထူးခြားချက် တရပ် ဖြစ်သည်။

ဂန္ထဝင်နှင့် စာပေလောကတွင် အရေးပါသူများ

Anton Chekhov (၁၈၆၀–၁၉၀၄) ရုရှားဇာတ်လမ်းတိုရေးဆရာနှင့် ဇာတ်ပြဇာတ်ရေးဆရာ။ “ဆေးပညာသည် ကျွန်ုပ်၏ ဇနီးဖြစ်ပြီး စာပေသည် ကျွန်ုပ်၏ မယားငယ်ဖြစ်သည်” ဟု ဆိုခဲ့သည်။

Arthur Conan Doyle (၁၈၅၉–၁၉၃၀) အင်္ဂလန်ဆရာဝန်။ ရှာလော့ဟုမ်းစ်ဇာတ်ကောင်ကို ဖန်တီးခဲ့သူ။ သူ၏ ဆရာဖြစ်သူ ဒေါက်တာ Joseph Bell ထံမှ စူးစမ်းခန့်မှန်းနည်းကို အယူခံခဲ့သည်။

William Carlos Williams (၁၈၈၃–၁၉၆၃) အမေရိကန် ကဗျာဆရာနှင့် ကလေးဆရာဝန်။

Mikhail Bulgakov (၁၈၉၁–၁၉၄၀) ရုရှားစာရေးဆရာ။ The Master and Margarita ဖြင့် လူသိများသည်။

W. Somerset Maugham (၁၈၇၄–၁၉၆၅) အင်္ဂလန်ဇာတ်ပြဇာတ်ရေးဆရာနှင့် ဝတ္ထုရေးဆရာ။

St. Thomas' Medical School တွင် ဆေးပညာလေ့လာခဲ့သည်။

Oliver Sacks (၁၉၃၃–၂၀၁၅) အာရုံကြောဆရာဝန်။ လူနာအကြောင်း case study စာအုပ်များဖြင့် ထင်ရှားသည်။

The Man Who Mistook His Wife for a Hat ဖြင့် လူသိများသည်။

Michael Crichton (၁၉၄၂–၂၀၀၈)

Harvard Medical School ဘွဲ့ရ။

Jurassic Park နှင့် ER စီးရီးဖန်တီးသူ။

Khaled Hosseini (မွေး ၁၉၆၅) အတွင်းလူနာဆရာဝန်။

The Kite Runner နှင့် A Thousand Splendid Suns ရေးသားခဲ့သည်။

Abraham Verghese (မွေး ၁၉၅၅) ဆရာဝန်နှင့် Stanford University ပါမောက္ခ။ Cutting for Stone ဖြင့် လူသိများသည်။

Tess Gerritsen (မွေး ၁၉၅၃) အငြိမ်းစား ဆရာဝန်။ ဆေးပညာအခြေပြု ရာဇဝတ်ဝတ္ထုများ ရေးသားသည် (Rizzoli & Isles စီးရီး)။

Siddhartha Mukherjee (မွေး ၁၉၇၀) ကင်ဆာအထူးကုဆရာဝန်။

Pulitzer Prize ရရှိသော The Emperor of All Maladies ရေးသားခဲ့သည်။

Paul Kalanithi (၁၉၇၇–၂၀၁၅) အာရုံကြောခွဲစိတ်ဆရာဝန်။

သေဆုံးပြီးနောက် ထုတ်ဝေသော When Breath Becomes Air ဖြင့် လူသိများသည်။ Freida McFadden (မွေး ၁၉၈၀)ဦးနှောက်ထိခိုက်ဒဏ်ရာ အထူးပြုဆရာဝန်။ The Housemaid ဝတ္ထုဖြင့် အရောင်းရဆုံးစာရင်းဝင်ခဲ့သည်။

Atul Gawande (မွေး ၁၉၆၅) ခွဲစိတ်ဆရာဝန်နှင့် ပြည်သူ့ကျန်းမာရေးသုတေသနရှင်။ Being Mortal စာအုပ်ဖြင့် လူသိများသည်။

W. Somerset Maugham အင်္ဂလိပ်စာရေးဆရာကြီး ဆမ္မားဆက်မွန်

Axel Martin Fredrik Munthe ဆွီဒင်အမျိုးသား အက်ဇယ်မွန်သီ

A. J. Cronin အေ ဂျေ ကရိုနင် 

A J Cronin စာအုပ်ကောင်း၏ ဘာသာပြန်ပြောင်း၏ https://burmese-spelling.blogspot.com/2023/03/a-j-cronin.html

The Citadel ဆရာဝန် စာရေးခြင်း https://burmese-spelling.blogspot.com/2023/03/the-citadel.html

The Citadel ရဲတိုက် https://burmese-spelling.blogspot.com/2023/04/the-citadel.html

Public Health ပြည်သူ့ကျန်းမာရေး https://burmese-spelling.blogspot.com/2023/08/public-health.html

(၂)

ထင်ရှားသော မြန်မာဆေးလောက နိုင်ငံရေးသမားများ (BBC ဘိုဘိုလန်းစင်)

ဆရာဝန်တွေအကြောင်း https://burmese-spelling.blogspot.com/2024/09/blog-post_224.html

(၃)

မြန်မာလူမျိုး ဆရာဝန်စာရေးဆရာတွေအမည်ကို AI ကို မေးတော့ အမှားတွေ ဖြေပါတယ်။ 

ဆောရီး + ကန်တော့။

ဒေါက်တာလို့ပါတိုင်း ဆရာဝန်မဟုတ်။ ဒေါက်တာ မပါဘဲ ဆရာဝန်စာရေးဆရာဖြစ်နိုင်။

ဒေါက်တာထွန်းရွှေ (သက်ဝေမေကျော့)

ဆရာဝန်တင်ရွှေ (ကျန်းမာရေးဆောင်းပါများ)

ဒေါက်တာအုန်းမောင် (စိတ်ပညာ)

ဒေါက်တာမောင်မောင်ညို 

(ဒေါက်တာ) တင်မောင်သန်း (သင့်ဘဝ)

ဂျူး

မသီတာ (စန်းချောင်း)

ကိုတာ

မြနှောင်းညို

လူချင်း ခင်မင်တဲ့ အမျိုးသမီးဆရာဝန် ၂ ဦး ကလောင်အမည် မေ့နေသေး။

ရှိပါဦးမည်။

(၄)

မကြာခဏတင်ပြထားပါတယ်။ ဆရာဝန်ဖြစ်တဲ့ကျွန်တော်ဟာ နိုင်ငံရေးအလုပ်နည်းလာချိန်မှာ ဆေးပညာစာတွေ ရေးပါတယ်။ နိုင်ငံရေးစာတွေလည်း ရေးတယ်။ 

လွန်ခဲ့တဲ့ ၁၀ နှစ်ကစပြီး မြန်မာစာအပါအဝင် သုတစာလေးတွေပါရေးတယ်။

ကျွန်တော့အမြင်အရ လူတယောက်ဟာ ဘာသာရပ်တခုတည်းကိုသာ လေ့လာ၊ ရေးသားရမယ်လို့ သတ်မှတ်ထားတာ မရှိပါ။

ကျွန်တော်က စာရေးဆရာစာရင်းဝင် မဟုတ်ပါ။

မြန်မာပြည်မှာ အဖွဲ့ဝင်အမှတ်၊ ပါတီဝင်နံပတ်က အရေးကြီးသတဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ