Skip to main content

မူရင်းစကားပုံတွေကို ထင်သလိုမပြင်သင့်လို့ ယူဆပါတယ်

မူရင်းစကားပုံတွေကို ထင်သလိုမပြင်သင့်ပါ

အမေးတခု = ကျွန်တော်တို့ခုခေတ်မှာ ဘာသာရေးနဲ့တော်တော်များများတွဲသုံးကြတဲ့ စကားပုံလေးတခုဖြစ်တဲ့ "ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်" ရဲ့ ဆိုလိုရင်းအဓိပ္ပာယ်လေး သိချင်လို့ပါ။  ခုတော်တော်

များများကတော့ ဘုန်းကြီးကျောင်းကရွှေရောင်တောက်နေသလောက် ငတ်ပြတ်နေသူတွေ အတော်များနေလို့ ဘာသာရေးအလွဲအမှားတခုအနေနဲ့ ရှုံ့ချတဲ့နေရာမှာ သုံးကြတာတွေ့ရပါတယ်။ ဒါပေမယ့် ဆရာကြီးသခင်ဘသောင်းရဲ့ စာအုပ်တအုပ်ထဲမှာကျ " ရွှေကျောင်းပြောင်ပြောင် ဆွမ်းခေါင်ခေါင်" လို့ရေးထားပါတယ်။ ဆိုတော့က မူရင်းက ဘယ်ဟာပါလဲဗျ။ ပြီးတော့ အဓိပ္ပာယ်ကရော ခုသုံးနေကြတာနဲ့ တူညီပါသလားခင်ဗျ။

ပြန်စာ

ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် = ရွှေချထားသောကျောင်းတွင် သီတင်းသုံးနေသော်လည်း ဆွမ်းကွမ်းချို့တဲ့နေသကဲ့သို့ အမြင်အားဖြင့် ချမ်းသာကြွယ်ဝဟန် ရှိနေသော်လည်း အမှန်တကယ်မူ ဆင်းရဲကျပ်တည်းနေသည်။

"ရွှေကျောင်း‌ပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုသကဲ့သို့ ဟန်သာလျှင် ကျန်နေကြတော့သဖြင့် ...."

နေတော့ ပျဉ်ထောင်၊ စားတော့ ချဉ်ပေါင်။

အဲလို မူရင်း အဆိုစကား၊ စကားပုံ စတာတွေကို ဆင်တူယိုးမှား သုံးစွဲကြတာတွေ ရှိတယ်။ တချို့ပြောင်းသုံးတာတွေက ဆိုလိုချက်ကို မလွဲစေပါ။ တချို့ကတော့ ကိုယ်ထင်ရာ ပြောကြတယ်။

"I'm so hungry I could eat a horse." (ငါ အရမ်းဆာနေတာ မြင်းတကောင်လုံးတောင် စားနိုင်လောက်တယ် - အမှန်တကယ် မြင်းမစားနိုင်ဘဲ အလွန်အကျွံ ဆာလောင်မှုကို ပုံကြီးချဲ့ပြောခြင်း)

အင်္ဂလိပ်စကားပုံမှာ မြင်း ကိုသုံးထားတယ်။ လူအများစားသုံးကြတာက နွား။ စကားပုံကို နွားလို့ မပြင်သင့်ပါ။

မူရင်း - ထင်သလိုပြင်

ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ - ကံဆိုးမသွားလေရာ သူခိုးလိုက်လို့လာ

ကံမကောင်း အကြောင်းမလှ - ကံမကောင်း ချောင်းရေသောက်

ကံရှိမှထင်ပေါ်၊ ဉာဏ်ရှိမှကျော် - ကံရှိမှထင်ပေါ် ဉာဏ်ရှိတာ ကျော် (ကျွန်တော်)

ကမ္ဘာမီးလောင်၊ သားကောင်ချနင်း - ကမ္ဘာမီးလောင် သားတောင်ချနင်း

ကျွဲပါးစောင်းတီး - ကျွဲပါး စန္ဒယားတီး

ကျားကြီး၊ ခြေရာကြီး - ကျားကြီး အစွယ်ကြီး

ကျားကြောက်လို့ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး - ခြင်္သေ့ကျာက်လို့ ရှင်ကြီးကိုး၊ ခြင်္သေ့ ရှင်ကြီးထက်ဆိုး

မူရင်းစကားပုံတွေကို ထင်သလိုမပြင်သင့်လို့ ယူဆပါတယ်။

Proverbs စကာပုံများ (ည မှ ထ အထိ) https://dr-tint-swe.blogspot.com/2021/08/proverbs.html

The Fox and the Lion တိတ်တိတ်နေ ထောင်တန် https://dr-tint-swe.blogspot.com/2022/02/the-fox-and-lion.html

စကားထာ စကားပုံ စကားဝှက် စကားလိမ် https://dr-tint-swe.blogspot.com/2021/11/blog-post_743.html

စကားထာ စကားပုံ စကားဝှက် စကားလိမ် https://dr-tint-swe.blogspot.com/2021/11/blog-post_743.html

မြန်မာ့ရိုးရာ စကားထာများ (၂) https://dr-tint-swe.blogspot.com/2022/06/blog-post_962.html

သင်္ဂဇာဆရာတော်ဘုရားကြီး စကားပုံ https://dr-tint-swe.blogspot.com/2021/07/blog-post_553.html

သတ်ပုံမှန်အောင် မရေးကြတော့တဲ့ စကားပုံများ https://dr-tint-swe.blogspot.com/2021/06/blog-post_598.html

စကားပုံများ (မ) https://dr-tint-swe.blogspot.com/2021/01/blog-post_352.html

စကားပုံများ (က ) https://dr-tint-swe.blogspot.com/2021/05/blog-post_417.html 

စကားတလုံး၏ ဖြစ်စဉ် https://dr-tint-swe.blogspot.com/2021/06/blog-post_821.html

က စကားပုံများ https://dr-tint-swe.blogspot.com/2021/08/blog-post_130.html 

က စကားပုံများ https://dr-tint-swe.blogspot.com/2021/08/blog-post_130.html

စကားပုံ မေးခွန်း https://dr-tint-swe.blogspot.com/2021/08/blog-post_82.html

လသာတုန်း ဗိုင်းငင် https://dr-tint-swe.blogspot.com/2021/08/blog-post_628.html

စကားပုံ သတ်ပုံ https://dr-tint-swe.blogspot.com/2021/09/blog-post_563.html

မြန်မာ့ရိုးရာ စကားထာ https://dr-tint-swe.blogspot.com/2021/09/blog-post.html

မြန်မာ့ရိုးရာ စကားထာ https://dr-tint-swe.blogspot.com/2021/09/blog-post.html

လသာတုန်း ဗိုင်းငင် https://dr-tint-swe.blogspot.com/2021/09/blog-post_860.html

Proverbs စကားပုံများ (ခ) https://dr-tint-swe.blogspot.com/2021/12/blog-post_722.html

Proverbs စကားပုံများ (ပ) https://dr-tint-swe.blogspot.com/2021/12/proverbs_15.html

Proverbs စကားပုံများ (သ) https://dr-tint-swe.blogspot.com/2021/12/proverbs_86.html

Proverbs စကာပုံများ (န) https://dr-tint-swe.blogspot.com/2021/12/proverbs_26.html

စကားပုံ https://dr-tint-swe.blogspot.com/2021/12/blog-post_92.html

စကားထာ https://dr-tint-swe.blogspot.com/2022/01/blog-post_327.html

Proverbs စကားပုံများ (အ) https://dr-tint-swe.blogspot.com/2022/02/proverbs.html

လှေခွက်ချည်းကျန် အလံမလှဲ https://dr-tint-swe.blogspot.com/2022/02/blog-post_37.html

လယ်ယာလုပ်သား စကားပုံများ https://dr-tint-swe.blogspot.com/2022/08/blog-post_230.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ