မြားတစင်းလို့ ရေးရ။
- စကားမျှား တစင်း
မြားတစင်းလို့ ရေးရ။
မျှား၍ခေါ်သည်
ငါးမျှားသည်
ငါးမျှားတံ
ဒဂုန်ရွှေမျှား (အမည်)
ထုပ်လျှောက်ဒိုင်းမြှား
လေးနှင့် မြား (ဟထိုးမပါ)
(၁)
တခါတုန်းက
ဘာမျှမရွယ်၊ ငါ့လက်ဝယ်မှ
သေးသွယ်ချွန်ထက်၊ မြားတလက်ကို
သက်သက် ပစ်လွှတ် မိခဲ့သည်။
သိတော့သိသည်
မြား၏တည်ရာ၊ မြားစူးရာသည်
ကမ္ဘာအပ မဖြစ်နိုင်။ (ငွေတာရီမဂ္ဂဇင်း - ၁၉၆၁ ဇန်နဝါရီလ)
(၂)
အနုကရဏ ကမ္ဘာ (မောင်ခိုင်မာ)
နက်ဖြန် ကမ္ဘာဆီ
နာရီလာပြီ သွက်သွက်
ချက် ချက် ချက် ချက်
မြားတစင်း အလား
အားသွင်း ကားပျံတစီး
ဝှီး ဝှီး ဝှီး ဝှီး
(၃)
"မြားမှန်သူ"
အင်းလျားက ပြန်
မြားမှန်သူ မောင်ညိုမြကိုလ
ကယ်ကြပါအုံး။
သည်ဘဝကိုဖြင့်
သည်မျှ တန်ပါပြီလို့
မာန်ဖီကာ အားကုန်တင်းသော်လဲ
(ကိုကြီးဇော်ရေ) ငြင်းလျက်နှင့် ရှုံး။ ။
[စာဆိုတော်မဂ္ဂဇင်း (ဒီဇင်ဘာ ၁၉၃၆)]
နမ်းကြာညို လက်ရွေးစင် စာအုပ်မှ ဆရာ ညိုမြ ရေးသားသည်
မာမာအေး - မောင့်အချစ်မြားစူး https://www.facebook.com/watch/?v=516594912296457
ဒေါက်တာတင့်ဆွေ

Comments
Post a Comment