Skip to main content

အိုးကမပူ စလောင်းကပူ

ကွန်မင့်တခု = စလောင်းက ပူနေရပြီ ဆရာရေ့
အိုး = ဟင်းချက်ရာ အဓိကပစ္စည်း
စလောင်း = အိုးကို ဖုံးထားသည့် အဖုံး
အိုးမပူသေးပဲ စလောင်းပူနေသည် ဆိုသည်မှာ သဘာဝအရ မဖြစ်နိုင်သကဲ့သို့ မသင့်တော်သော အခြေအနေကို ရည်ညွှန်းပါသည်။
အဓိကပုဂ္ဂိုလ် သို့မဟုတ် အဓိကအကြောင်းအရာက မတုံ့ပြန်သေးဘဲ၊ ဆက်နွယ်သူ သို့မဟုတ် အောက်လူက ပိုမို တုန့်ပြန်ခြင်း၊ ပိုမို စိတ်လှုပ်ရှားခြင်း၊ ပိုမို ဒေါသထွက်ခြင်း ကို ဆိုလိုပါသည်။
တနည်းအားဖြင့် –
အဓိကမဖြစ်သေးဘဲ အနောက်ကလူက အလွန်အမင်း လှုပ်ရှားနေခြင်း ဟူ၍ သုံးကြသည်။
အဓိကပုဂ္ဂိုလ် သို့မဟုတ် အဓိကအရာ မတုံ့ပြန်သေးဘဲ ဆက်စပ်သူက ပိုမို တုံ့ပြန်ခြင်းကို ဆိုလိုသော စကားပုံ ဖြစ်ပါသည်။
မီးနှင့်တိုက်ရိုက်ထိတွေ့ရသော အိုးကမပူဘဲ မီးနှင့်မထိတွေ့ရသော စလောင်းကပူသကဲ့သို့ ကာယ ကံရှင်က မခံမရပ်နိုင် မဖြစ်ရဘဲ ဘေးလူကဝင်၍ မခံမရပ်နိုင် ဖြစ်သည်။
အိုးက မပူ၊ ဖုံးဖွက်ပူ - နှင့် အတူတူ။
ဥပမာ (၁)
အီရန်နဲ့ အမေရိကန်စစ်ဖြစ်နေတာကို အမေရိကားမှာနေတဲ့ အမျိုးတွေအတွက် ပြည်တွင်းကနေ စိုးရိမ်ပူပန်နေကြသည်။
ဥပမာ (၂)
More Catholic than the Pope
(ပုပ်ရဟန်းမင်းကြီးထက် ပို၍ ကက်သလစ်ဆန်နေသည်)
— အဓိက သက်ဆိုင်သူထက် ဘေးကလူက ပို၍ စိတ်ထက်သန်နေခြင်း သို့မဟုတ် ပို၍ အလေးထားပြနေခြင်းကို ညွှန်းဆိုရာတွင် အသုံးအများဆုံး အင်္ဂလိပ်ဆိုစကား ဖြစ်ပါသည်။
Worrying more than the person concerned / More concerned than the victim
(သက်ဆိုင်သူထက် ပို၍ စိုးရိမ်ပူပန်နေသည်)
— စကားပုံအဖြစ် မဟုတ်ဘဲ အရပ်စကားဖြင့် တိုက်ရိုက်ခိုင်းနှိုင်းရာတွင် သုံးစွဲကြပါသည်။
Putting on the shoe before it's made for you
(မိမိနှင့် မဆိုင်သေးသော ဖိနပ်ကို ကြိုစီးနေသည်)
— ကာယကံရှင်ထက် ဘေးကနေ ကြိုတင်လောဆော်နေခြင်းကို တင်းစားပုံခိုင်းသော အသုံးအနှုန်း ဖြစ်ပါသည်။
Being more royalist than the king
(ဘုရင်ထက် ပို၍ ဘုရင်ချစ်သူ ဖြစ်နေသည်)
— "More Catholic than the Pope" နှင့် သဘောတရားတူညီပြီး၊ အရေးကိစ္စ၏ ပိုင်ရှင်ထက် ဘေးလူက ပို၍ ပူပန်လှုပ်ရှားနေသည်ကို တင်စားခြင်း ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ