(Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ
မြန်မာစကားပုံတွင်သာမက
တိုင်းရင်းသားတိုင်းတွင်လည်း စကားပုံများ ကိုယ်စီ ရှိကြသည်။
1. ဂျိန်းဖော စကားပုံများ
2. မရူ စကားပုံများ
3. ရဝမ် စကားပုံများ
4. လရှီ စကားပုံများ
5. လီဆူး စကားပုံများ
6. အဇီး စကားပုံများ
7. ကယား စကားပုံများ
8. ကရင် စကားပုံများ
9. ချင်း စကားပုံများ
10. လူရှည် စကားပုံများ
11. ထားဝယ် စကားပုံများ
12. ဓနုနှင့် တောင်ရိုး စကားပုံများ
13. ပအိုးဝ် စကားပုံများ
14. မွန် စကားပုံများ
15. ရခိုင် စကားပုံများ
16. ရှမ်း စကားပုံများ
17. အင်းသား စကားပုံများ
18. တအာန်း စကားပုံများ
____________________________________________
ရဝမ် စကားပုံ
လူကိုခင်လျှင် လွယ်အိတ်မနှိုက်ပါနှင့်။
ခွေးဟောင်၍ တောင်မရွေ့။
လရှီ စကားပုံ
ကလေးကျပြီးခါမှ လှေကားထောင်သည်၊ သားကောင် လွန်ပြီးခါမှ ခွေးဟောင်သည်။
သားကောင်းသည် မိခင်မှ၊ အသီးကောင်းသည် အမြစ်မှ။
သက်ကြီးစကားကို မလွန်ဆန်သင့်၊ အရိုးရင့်ကိုလည်း မခုတ်သင့်။
လီဆူး စကားပုံ
မြင်းမရှိလျှင် ဆိတ်ကိုလည်း စီးတတ်ရမည်။
ဝယ်စားသူက ကျွန်၊ လုပ်ကိုင်စားသူက သခင်။
သူတပါးက ကူညီသည်ကို မှတ်ထားပါ၊ ကိုယ်ကကူညီသည်ကို မေ့ပစ်ပါ။
ထမင်းရွေးသူဗိုက်မဝ ရွေးသူမကြီးပွား။
အဇီး စကားပုံ
ချောင်းကူးပြီးလျှင် တောင်ဝှေးကို ပစ်တတ်သည်။
မယားယူမှား တသက်၊ တောင်ယာခုတ်မှား တနှစ်။
ရေမတိုးမီ တံတားဆောက်ပါ။
အရိုးသင်သည်မှာသွားစကားသင်သည်မှာနား။
ကယား စကားပုံ
စကားရိုးရိုးပြောလျှင် ပြီးလွယ်သည်၊ မျဉ်းဖြောင့်ဖြောင့်သွယ်လျှင် အရောက်မြန်သည်။
စကား အရမ်းပြောလျှင် လျော်ရတတ်သည်။ လှံကို အရမ်းပစ်လျှင် ခွေးထိတတ်သည်။
နွားများ ခုန်ကျင့်ရှိလျှင် ဦးချိုခြောက်သည်အထိ ခုန်တတ်သည်၊ လူများ အကျင့်လုပ်လျှင်လည်း သေသည်အထိ ပါတတ်သည်။
မသွားဖူးသည့်လမ်းကို ခေါ်တိုင်းမလိုက်နှင့်၊ မစားဖူးသည့်အစာကို ကျွေးတိုင်းမစားနှင့်။
သစ်ငုတ်သည် မြက်ထက်တခါ မြင့်၍ မြက်သည်လည်း သစ်ငုတ်ထက်တခါ မြင့်ပြန်သည်။
ကရင် စကားပုံ
ကောင်းကင်သည် တိမ်နှင့်မကင်း၊ လူမှာလည်း အပြစ်နှင့်မကင်း။
ကောင်းသောအစားအစာသည် အခက်အခဲကြားမှာ ရှိသည်။
ငါးခူသည် ငါးခူနှင့်ပေါင်း၊ ငါးကျည်းသည် ငါးကျည်းနှင့်ပေါင်း။
စားရလည်း မပြုံးနှင့်၊ ငတ်လည်း မငိုနှင့်။
ညီအစ်ကိုမောင်နှမအချင်းချင်း မိခင်ဖခင်လို သဘောထား၊ အဖေအမေကို နတ်သိကြားလို ရိုသေ။
ထမင်းအဆာခံနိုင်လျှင် ထမင်းအကျက် စားရမည်၊ ရေငတ်ခံနိုင်လျှင် ရေကြည် သောက်ရမည်။
ဓားထက်လွန်းလျှင် ပဲ့၊ လှံချွန်လွန်းလျှင် ကျိုး၊ ပူဖောင်းကြီးတော့ ပေါက်။
ဓားမရမီ ဓားရိုးခုတ်ထား၊ မိုးမကျမီ ခေါင်မိုးပြင်ထား။
ပူသောအစားအစာကို အေးအောင်လုပ်ပြီးမှစား၊ စကားကို စဉ်းစားပြီးမှပြော။
ဖြောင့်မတ်လျှင် စား၍မကုန်၊ မဖြောင့်မတ်လိမ်လည်တတ်သူ စား၍မဝ။
ရေအိုင်သာယာလျှင် ငါးများသည်၊ အပြောသာလျှင် မိတ်ဆွေများသည်။
ဝါးများလျှင် မြစ်ကူးနိုင်၏၊ လူများလျှင် အလုပ်ပြီးနိုင်၏။
သူတပါးကထ၍ပြောလျှင် ထိုင်၍ပြန်ပြောပါ၊ သူတပါးကထိုင်၍ပြောလျှင် အိပ်၍ပြန်ပြောပါလေ။
သစ်တုံးနှင့်မိတ်ဖွဲ့လျှင် မှိုစားရ၏၊ တောင်ပို့မကောင်းက မှိုမပေါက်။
သစ်ပင်ကောက်သည်ကို မြင်နိုင်သည်၊ ဝါးပင်ကောက်သည်ကို မြင်နိုင်သည်၊ လူစိတ်သဘောကောက်ကျစ်လျှင်ကား မမြင်နိုင်။
ချင်း စကားပုံ
ကြမ်းတမ်းသော စကားကြောင့် နွားနောက် လျော်ရသည်၊ နူးညံ့သော စကားကြောင့် နွားနောက် ကြွေးကြေနိုင်သည်။
ချောင်းရိုးခန်းသလို မျိုးရိုးမခန်း။
ဂျီကောင်ကလေးသည် အမေဂျီကောင်ကဲ့သို့ နီသည်။
နွားနောက် ဝင်ပြီးမှ စည်းရိုးကာသည်။
ဘာမဆို ကံကြမ္မာပေါ်မှာ တည်သည်။
မေတ္တာဖြင့် အရင်းတည်လျှင် မေတ္တာတုံ့ပြန်တတ်၍ ရန်ဖြင့် အရင်းတည်လျှင် ရန်တုံ့ပြန်တတ်သည်။
များများလိုချင်လျှင် နည်းနည်းရ။
သစ်ပင်ကြောင့် မိုးရွာ၍ မိုးကြောင့် သစ်ပင်ပေါက်ရသည်။
လူရှေ စကားပုံ
ကောင်းသောလမ်းသည် မတ်စောက်ပြီး မကောင်းသောလမ်းသည် ညီညာသည်။
ကျားသောနွားနောက်က ကျားသောနွားနောက်ပင် မွေးတတ်၍၊ ကျားကလည်း ကျားကိုပင် မွေးတတ်သည်။ ဆီးဖြူပင်က အခြားသစ်သီးများ မသီးတတ်ချေ။
ပြောပြီးသောစကားနှင့် ဖိတ်ပြီးသောရေကို ပြန်မကျုံးနိုင်တော့ပါ။
လောဘကြီး၍ ကြမ်းကြုတ်သောသူ၏ ကြီးပွားခြင်းသည် ယာယီမျှသာ ဖြစ်သည်။
ဝေဝေမျှမျှ လုပ်တတ်သောသူသည် အသက်ရှည်တတ်၍၊ တကိုယ်ကောင်းကြံပြီး စားတတ်သောသူသည် အသက်တိုလေ့ရှိသည်။
တအာန်း စကားပုံ
ကျီးလို ဝိုင်းကူညီပြီး၊ ကြက်သွန်ဖြူဥလို စုစည်းပါ။
ကျွဲနှစ်ကောင်ခတ်လျှင် လယ်ကန်သင်း ပျက်သည်။
ကြွေးယူတုန်းက ကျေးဇူးရှင်၊ ကြွေးဆပ်မည့်အခါ ရန်သူထင်။
ဉာဏ်အားပြိုင်လျှင် ပညာရ၍၊ လူအားပြိုင်လျှင် အနာရသည်။
မနေတတ်လျှင် နေစရာမြေ ကျဉ်းမည်။
မိဘစကား မနာယူက အမြီးပေါက်မည်။
ရဲသူမပြော၊ ပြောသူမရဲ။
လုပ်ခွင်မှာ နေထွက်သူသည် တသက်လုံး မဆင်းရဲ။
သူ့အိမ်ထမင်းစား၊ သူ့ခြံထဲ မစင်စွန့်သည်။
အိမ်တွင်းမီး အပြင်ဘက် မမွေးနှင့်၊ အပြင်မီး အိမ်တွင်း မယူလာနှင့်။
ထားဝယ် စကားပုံ
ငါးမရှိတဲ့အရပ်မှာ ငါးဖျင်းသလက်သည် ငါးကောင်းဖြစ်သည်။
စပါးရှင် မျောက်လိုက်။
စာဗူးတောင်း အကြံကောင်းသဖြင့် အိမ်ကောင်းရာကောင်းနှင့် နေရသည်။
လိပ်ကြုံ့ လူမသိ။
လှည်းထက် ဘီးကြီး။
ဓနုနှင့် တောင်ရိုး စကားပုံ
တစလောင်းကုန်လို့မှ လူးမှန်း ဆပ်မှန်းမသိ။
တွင်းဆိုးကျွံလျှင် နုတ်ရသည်၊ စကားကျွံသော် နုတ်မရ။
နွားပျင်း ချိုကုပ်၊ လူပျင်း မီးမှုတ်။
ယာနားနီးချင်း၊ ဆွေမျိုးရင်း။
လူဖျင်းရှိရာ လူဖျင်းလာ၊ အမှိုက်ရှိရာ ခွေးချေးလာ။
ပအိုး စကားပုံ
ငါးမရှိတော့ ဖားစွံ၊ စောင်မရှိတော့ အဝတ်စုတ်က နွေး။
မှန်တဲ့စကားကို ပြောလျှင် နားထောင်ရခက်၊ ဖြောင့်တဲ့ သစ်ပင်ဟာ အတက်ရခက်။
အထဲက ဖျင်ကြမ်း၊ အပြင်က ဖဲ။
အလုပ်ကတလံ အပြောကတထွာ။
ဦးချိုကို ရွက်ထားတဲ့ နွားဟာ ဦးချိုကို ပြန်မမြင်ဘူး၊ ကံကို ရွက်ထားတဲ့ သူဟာ ကံကို ပြန်မမြင်ဘူး။
မွန် စကားပုံ
ကဒတ်က အမြစ်လိုက်၊ သားသမီးက မျိုးရိုးလိုက်။
နွားကောင်းမကောင်း လှည်းဆွဲမှသိ၊ လူကောင်းမကောင်း အတူနေမှသိ။
နှီးကို အဖျားကဖြာပြီး၊ သားသမီးကို ငယ်စဉ်က ဆုံးမရာသည်။
မိခင်က သားကို ချစ်သလို၊ သားကပြန်ချစ်လျှင် နတ်ပြည်ကျဉ်းလတ္တံ့။
လွတ်သောငါး ကြီးပြီး၊ သေသောသား ဖွံ့သည်။
အောက်ခြေရောက်သည်အထိ ငုပ်၊ အဆုံးရောက်သည်အထိ သွား။
ရခိုင် စကားပုံ
၁)ဇရပ်မသွီး(မီးသွေး) တန်းထား(တံတား)မာချီး။
၂)နောက်ကျဂေ လဒ(လင်းဒ)မာ အရိုး၊ လူမာ အိုး၊ ဖုန်း(ဘုန်း)ကြီးမာ သပိတ်၊ သူတော်မမာ အိတ်။
၃)ဆင်းရဲ လ(လူ)မွဲကို နတ်မြင်၊ မချိလို့ သွားကြဲဂေ ရယ်ယောင်ထင်ရေ။
၄)ဆင်းရဲလို့ အငှားခံဂေ၊ သူဋ္ဌီးသားက အကြွီးခိုင်းရေ။
၅)ဆင်းရဲလို့ဖင်ခံဂေ၊ သူဋ္ဌီးသားက အကြွီးနှက်တေ။ (စကားပုံဟိအတိုင်းပါ။ ရိုင်းဂါရိုင်းပါရေ)
၆)မဟိမကောင်း ဟိမကောင်း၊ မကောင်းခက်တေ ကောင်းခက်တေ။
၇)မဟိဒုက်ခ ဟိဒုက်ခ။
၈)မပြောဂေ မဗြီး မတီးဂေမမြည်။
၉)လိပ်မှိုကိုရရေပိုင်ချောင်။
၁၀)ကျွဲနားမာ စောင်းတီးရေပိုင်ချောင်။
၁၁)သောင်ပြင်မာတင်ထားရေ ခွီးပိုင်။
၁၂)ချစ်ဂါ ချစ်တေ ယဂေလေ့။
၁၃)လင်ရဖို့ခါ မ,ရာနားပဲ့ရေ။
၁၄)မပြည့်ရီအိုး ဘောင်ဘင်ခတ်။
၁၅)အိမ်ဂါးအဆွီး မောင်းဂါကြီး။
၁၆)အကောင်းပြောဂေ င/ယောင်းဖလာ။
၁၇)အိုးမပူဘဲ ခွက်ပူရေ။
၁၈)ကိုယ့်နန့်မဆိုင် ခွင်.မပိုင်၊ ဆွဲကိုင်မပြုရာ။
၁၉)မတူမတန် ရွှီပင်းကန်၊ မတန်ရေလောင်း မစီးကောင်း။
၂၀)ဆင်းရဲခြင်းကို ပွဲမာပြရေ။
၂၁)လူမပေါ်ခင် ချီးပေါ်ရေ။
၂၂)အရက်မူး မ,ရာ နွားခိုးပေါ်ရေ။
၂၃)လက်ဆောင်မပါ ဂါထာမစူး။
၂၄)ပွဲမဝင်ခင် ပြင်မာကျင့်။
၂၅)မထိုင်ခင်ကပင် ခြီဆင်းရေ။
၂၆)ခရမ်းသီးဖိုး ဂြိတ်ဖိုးမာထင့်ရေ။
၂၇)တောင်ကျရီပိုင်ချောင်။
၂၈)ချင်းဓားပိုင်ချောင်။
၂၉)တနှစ်လုံးနွားကျောင်း နွားထီးမှန်းနွားမမှန်းမသိ။
၃၀)ကုလားကိုသတ် ဇီးကိုခွပ်။
၃၁)မယားကိုသတ် ဇီးကိုခွပ်။
၃၂)အရိုးကွဲယာင်ရိုက်က အသဲစွဲအောင်ချစ်။
၃၃)ရှာနားကမွကျကို ရှာနှားမစား။
၃၄)အပျိုလိုဂေ အအိုကိုကပ်။
၃၅)ငါးကြီးလိုဂေ ငါးချေနန့်မျှား။
၃၆)ဖုန်း(ဘုန်း)ကြီးမာတရား လူမာမယား။
၃၇)ရွှီဟိရေဖ(ဘု)ရား ကို လူရိုသေ။
၃၈)ရွှီအကြောင်း ဖယောင်းသိ။
၃၉)အကြောင်းကံမကောင်း ဖ(ဘု)ရားလောင်း နွားကျောင်းကျ။
၄၀)ပန်းထိမ်ရရိုး အမိရွှီတကျပ်က တမတ်ခိုး။
၄၁)မျောက်မီးဇရရေပိုင်။
၄၂)ဒုတ်ကျ မ,ရာ ဓမြ(ဓားပြ)မှန်းသိရေ။
၄၃)အသွင်မတူ အိမ်သူမဖြစ်။
၄၄)’ဝ’မဟိဘဲ ‘ဝိ’လုပ်နိန်ရေ။
၄၅)’ရ’ကိုမနိုင် ရခိုင်ကိုမိန်း။
၄၆)’ရ’ကိုမသိ ရခိုင်နန့်ညှိ။
၄၇)ကောက်ရှိုးပုံကိုစောင့်ရေ ခွီးပိုင်။
၄၈)စည်ခြောက်တောဝင်ရေ ချီ(ဂျီ)ပိုင်။
၄၉)မမီရေပန်းကို တုံးခုလို့လှမ်းရေ။
၅၀)မငိုတတ်ကေ ရယ်စော်နန့်တူရေ။
၅၁)မရယ်တတ်ကေ ငိုစော်နန့်တူရေ။
၅၂)မပြောတတ်ကေ ဆဲးစော်နန့်တူရေ။
၅၃)ရီပြင်မာ စာရီးရေပိုင်။
၅၄)ရွာသူကြီးထုံးဗူး။
၅၅)ဇာတီဗြီးကေ မြန်းကိုဖြတ်။
၅၆)အသီးကိုစားချင်ဂေ အပင်ကိုစိုက်။
၅၇)အရိပ်ကိုလဲးခို အကိုင်းကိုလဲးချိုး။
၅၈)ပဇ(ပါးစပျ)ကဖ(ဘု)ရား၂ လကျကကားရားကားရား။
၅၉)ဗူးဆိုဂေ ဖရုံမသီး။
၆၀)ချောင်းကကောက်ကို လောင်းကကောက်နန့်လှော်။
၆၁)သနားဂေ သနာရောက်တေ။
၆၂)ဖျားလို့မနိန် တက်ရာတက်လာရေ။
၆၃)ယားရေအကွက်ကို လက်ကျရေ။
၆၄)င/သပြေသခသီး(သခွားသီး) ခိုးရေပိုင်။
၆၅)ဂျင်းနည်းဂေ ပလဲလှောက်တေ။
၆၆)နပျိုးသီးမှန်း -ီးမှန်းမသိ ခုံမာတင်ထားဂေ ကောက်စားဖို့ရာသိရေ။
၆၇)ချီးကိုရွှီဖြစ်အောင်ငြင်းရေ။
၆၈)ဆရာမပြ င/ပိဖုတ်တောင်နည်းမကျ။
၆၉)ကိုယ့်စော်ကိုလည်း မမီး၊ လူစော်ကိုလည်းမစုပ်။
၇၀)အသိခေါက်ခက် အဝင်နက်။
၇၁)ပဇွန်ပိုင်ချောင် ဦးနှောင့်နန့် ချီးနန့်ရောနိန်ရေ။
၇၂)လောင်းထက် ထူးဝါးရှည်ရေ။
၇၃)ဝလုံးချသုတ်(ဝါးလုံး ချီးသုတ်)။
၇၄)ခွီးလောက်ကျပိုင်ချောင်။
၇၅)ဒရမ်းစည်ကို ခွီးသီးပေါက်တေပိုင်ချောင်။
၇၆)ဆင်းရဲသားလထုတ် ကြွက်ကိုက်တေ။
၇၇)ပင်လယ်ပြင်ကို င/ပိခပ်တေပိုင်ချောင်။
၇၈)င/ပိ၊ဆားမပါရေ ဟင်းပိုင်။
၇၉)မချစ်ကေလဲး အောင့်ကာနမ်း၊ မနမ်းချင်လေ့ ပင့်သက်ချူ။
၈၀)တောင်းမာအကွပ် လူမာအဝတ်။
၈၁)ဖားကိုတုလို့ ခရုခုံရေ။
၈၂)အယင်လိုဂေ ဖြဖြည်းလုပ်။
၈၃)ကိုယ့်ထိုက်နန့် ကိုယ့်ကံ။
၈၄)ကစပ်ရာက ရန်စရေ။
၈၅)အတတ်ကြူးဂေ အရူးဖြစ်။
၈၆)သားသမီးချီးငွေ ကြက်သောက်ရီ နတ်ပင်ရွှီချ ပြန်မရ။
၈၇)မောင်နန့်နှမ အယင်ရ။
၈၈)သမီးခအို အယင်လို။
၈၉)ခွီးကိုသတ်ချင် ခ(ခွီး)ချင် မျက်နှာကိုကြည့်။
၉၀)လမ်းမသိဂေ ခွီးပဒုံးကိုဆွဲလို့လိုက်။
၉၁)ခွီးပဒုံးကို ကျိုင်ဒေါက်စွပ်တေပိုင်။
၉၂)လင်နန့်မယား ချာ(လျှာ)နန့်သွား။
၉၃)ရွာကအမှုကျောင်းကိုပတ်။
၉၄)ကျောင်းကအမှုရွာကိုပတ်။
၉၅)မကောင်းဂေ ကျောင်းကိုပို့။
၉၆)ဆရာမကောင်း တပည့်ဂေါင်း။
၉၇)သားသမီးမကောင်း မိဖ(ဘ)ဂေါင်း။
၉၈)တပည့်လိမ်မာ ဆရာအာပတ်လွတ်။
၉၉)ခွီးပဇ(ပါးစပ်)က နတ်စကားပြောရေပိုင်။
၁၀၀)အိပ်ရေအကြောင်း မိုးကျမရာ(နိုးမရာ)သိဖို့။
၁၀၁)ဆွမ်းတဆုပ်နန့် ဖ(ဘု)ရားကိုရန်တိုက်တေပိုင်။
၁၀၂)မသိဂေ မိန်း(မေး)၊ မစင်ဂေ ဆီး။
၁၀၃)ဆပ်လှီးရာမာ ခွီးမျှော် မျှော်လို့။
၁၀၄)လက်ပန်ပင်မာ ဇရွက်(ဇရက်)ကျ ကျလို့။
၁၀၅)ချီးမစားရရေ ခွီးပိုင်။
၁၀၆)ချီးမစားရရေခွီး ဂေါင်းကိုက်တေ။
၁၀၇)ဒေါင်းကရေပိုင် ဖင်ဟဟောင်းနန့်။
၁၀၈)တောမရရေ ခဲးဝါပိုင်။
၁၀၉)ဆင်ကန်းတောတိုး။
၁၁၀)ကြက်ကန်းဆန်တိုး။
၁၁၁)ဆီးတောက်နိန်ရေငါးပိုင်။
၁၁၂)ချ(ချီး)ဒုံးကြီဂေ ခွီးမစား၊ စကားကြီးဂေ လူမယုံ။
၁၁၃)မပြောချင်ဂေ လွတ်တေ၊ မတော်ချင်လို့ မလွတ်။
၁၁၄)သတိမမူ ဂူမမြင်၊ သတိဂေ မြူမြင်ရေ။
၁၁၅)အဖထက်သားက တနှစ်ကြီး။
၁၁၆)ကြိုးရေမိုးလဲ မရွာ၊ ရွာရေမိုးလဲ မကြိုး။
၁၁၇)အရှက်မဟိ ပရစ်မျက်နှာ။
၁၁၈)စိတ်ကောင်းဂေ ရူးရေလို့ထင်ရေ။
၁၁၉)ငါးဘိုင်းသစ်ကိုင်း။
၁၂၀)မဖြစ်သာကြံ နွားနန့်ထွန်၊ သီ(သေ)လတ်မေကြာက် ပေါက်တူးပေါက်။
၁၂၁)ဆားမပါဂေ ပြာလဲးတမျိုးကောင်းရေဂါ။
၁၂၂)သုံဒေါင်းထောင်းလို့ တဒေါင်းမပြည့်။
၁၂၃)ဆီပါဂေ ရွှစာမုန့်လဲးကောင်းရေဂါ။
၁၂၄)အလုပ်မမြင်ရဲသား(စစ်သား)ဝင် မဆိတ်ဖြူမတရိတ်ရ။
၁၂၅)မိန်း(မီး)လောင်ရာမာ လီပင့်ရေ။
၁၂၆)အစာကိုရာမြင် မျှားကိုမမြင်။
၁၂၇)အတုကိုမြင် အတတ်သင်။
၁၂၈)မျက်ကန်း ဆိပ်ဆီ(တစ္ဆေ)မကြောက်။
၁၂၉)ဖြစ်သမျှအကြောင်း ကောင်းပါရာ။
၁၃၀)မဟိတောင်း(တောင့်)တ ဟိမ့်ကြောင်းကြ။
၁၃၁)ကုသိုလ်တသိုက် င/ရဲတပိသ်သာ။
၁၃၂)ကံနန့်ခွီးလား ချီးနန့်တွိ။
၁၃၃)ကံနန့်သား ကျားမကိုက်။
၁၃၄)ကံနန့်ခွီး နသွီး(နှုတ်သီး)ချီးမှန်။
၁၃၅)ချီးစိုက်လူထက် မြင်လူရှက်။
၁၃၆)ဇာတ်သမား မယား၊ ဖဲသမား ဒင်္ဂါး။
၁၃၇)ယောက်ျားကောင်းဂေ မောင်းမတထောင်၊ မ-(မိန်း)မကောင်းဂေ ကျောင်းကအကောင်။
၁၃၈)အချိုရှာဂေ သကာတွိ့။
၁၃၉)သ(သွား)ချီးတက်တေ ကြံကိုဝယ်စားဆိုဂေ နပျိုးသီးကိုဝယ်စားလာရေ။
၁၄၀)မမိန်းဘဲမပြောဂေ့ မခေါ်ဘဲမထူးဂေ့။
၁၄၁)အမှန်ဆို နာလိုခံခက် ဒေါသထွက်တေ။
၁၄၂)မရတမျိုး ရ,တမျိုး။
၁၄၃)မစားရဂေ’နင်’ စားရဂေ’လင်’။
၁၄၄)ကြွက်ကိုမာန်ပါ အိမ်(ကျီ)ကိုမီးတိုက်။
၁၄၅)ဗူးကောင်းဂေ စင်ခံ၊ လင်ကောင်းဂေ စံ။
၁၄၆)အချိုက်လွန်ဂေ တူးရေ။
၁၄၇)ရည်းစားတထောင် လင်ကောင်းတယောက်။
၁၄၈)အဘိန်(ထမီ)ဆိုးကို ကြွက်ကိုက် ကိုက်လို့။
၁၄၉)အရူးမဟင်းခူး။
၁၅၀)ခေတ်မကောင်းလို့ ရူးကွန်ဆောင်ရေ။
၁၅၁)သီဖို့အစ ဖျားရေ။
၁၅၂)သီရာသီဖို့ ဝမ်းကျမစဲ။
၁၅၃)အိုရာအိုရေ ဂြိုမကျိုး။
ရှမ်း စကားပုံ
ငါးစားလျှင် အရိုးကိုမကြောက်နှင့်။
ခလောက်မဆွဲသောကျွဲ ရှာရခက်။
အင်းလေး စကားပုံ
ကဲပါး စောင်းတီး၊ ကလီးနား စာဖတ်။ (ကျွဲ၊ ကျီး)
မရှိလျှင် ဖားတကောင်၊ ရှိလျှင် ကျားတကောင်။
မလို တမာခါး၊ လို သကာပျား။
မီးလောင်မှ ရေပွေ့ရိုးရှည် ရှာသလို။
လှေပျောက်မှ လှေကြိုးရှာ၊ အထည်ပျောက်မှ အိမ်အောက်ထရံကာ။

Comments
Post a Comment