မင်း အခုရောက်နေတဲ့နိုင်ငံမှာ မြန်မာလိုရေးတဲ့စာအုပ် ထုတ်ဝေရေး ရှိသလား။
ရှိ။ ဘာအကြောင်းအရာကို ရေးမှာလဲ။
ကိုယ်ရေး + နိုင်ငံရေး + မြန်မာစာ။
သတ်ပုံ မပြင်ရ။
မေးကြည့်ဦးမယ်။
စာအုပ်တော့ ထုတ်ပေးနိုင်တယ်တဲ့။
ကုန်ကျတာ တွက်ချက်ပေးမယ်တဲ့။
ဖြန့်ချိရေးပါ လုပ်သလား။
ပြည်တွင်းတော့ မရဘူးတဲ့။ အမှာစာရရင်တော့ ပို့ပေးသတဲ့။
အေး။ ကျေးဇူး။
ပြည်တွင်းကတော့ သတ်ပုံမှန်တာလည်း မရ။
အကြောင်းအရာ မှန်တာလည်း မရ။
ငါနေတဲ့တိုင်းပြည်မှာလည်း ထုတ်လို့တော့ရတယ်။
ဒါပေမဲ့ …
စာအုပ် မထုတ်တော့ပါဘူးကွာ။
ဆိုရှယ်မီဒီယာမှာသာ ရေးတင်တော့မယ်။
ပိုက်ဆံလည်း မကုန်။
သတ်ပုံလည်း ကိုယ့်သဘော။
အကြောင်းအရာလည်း မှန်မှန် မှားမှား ရတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment