မြန်မာနိုင်ငံတွင် နွေဥတုရောက်လာသောအခါ အထူးထင်ရှားသော ပန်းမှာ ပိတောက်ပန်း (Padauk) ဖြစ်ပါသည်။
ဤပန်းသည် ဧပြီလအလယ်ပိုင်းတွင် ပွင့်လန်းပြီး သင်္ကြန်ပွဲတော်နှင့် ကိုက်ညီစွာ ပေါ်ပေါက်လာသည်။ ပထမမိုးကျပြီးနောက် အလျင်အမြန် ပွင့်လန်းတတ်သည်။
အဓိက နွေဥတု ပန်းများ
(၁) ပိတောက် (Pterocarpus macrocarpus)
အဝါရောင်တောက်ပသော ပန်း
အနံ့မွှေးပြင်း
ဧပြီလတွင် ရုတ်တရက် ပွင့်လန်းပြီး
မကြာခဏ တနေ့နှစ်နေ့ခန့်သာ တည်ရှိတတ်သည်။
အသုံးနှင့် အဓိပ္ပါယ်
အိမ်များတွင် အလှဆင်
ဘုရားတွင် ပူဇော်
မြန်မာယဉ်ကျေးမှုနှင့် နက်ရှိုင်းစွာ ဆက်နွယ်
(၂) ငုဝါ (Cassia fistula)
အဝါရောင်ပန်းများ အစုလိုက် ပွင့်လန်း ပိတောက်နှင့် အတူ ဧပြီလတွင် တွေ့ရတတ်သည်။
နွေဥတု၏ အဝါရောင်အလှကို ပိုမို ထင်ရှားစေသည်။
(၃) စပယ် (Jasmine)
အနံ့မွှေးသန့်ရှင်းသော ပန်း
မြန်မာယဉ်ကျေးမှုတွင် သန့်ရှင်းမှုနှင့် အလှတရားကို ကိုယ်စားပြုသည်။
(၄) Bulbophyllum comosum (သစ်ခွတမျိုး)
နွေဥတုတွင် ပွင့်လန်းတတ်
သင်္ကေတနှင့် အဓိပ္ပါယ်
ဤပန်းများအနက် အထူးသဖြင့် ပိတောက်ပန်း သည် —
ခွန်အား
လူငယ်သစ်လွင်မှု
နှစ်သစ်ကူး (သင်္ကြန်)
တို့ကို ကိုယ်စားပြုသော ပန်းတမျိုး ဖြစ်ပါသည်။
ပိတောက်ပန်း (မြန်မာ့ပိတောက်)
Pterocarpus macrocarpus Kurz.
Family: Facaceae
Common names.Burma padauk
Common Names: Mai-chi-tawk, Mai-pi-tawk, Myanmar rosewood, Burmese rosewood, Angsana, Narra, Padauk, Padok, Thit-padauk
"ပိတောက်ပန်း"
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မှီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေ အဖျူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။
တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွဲ့ချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့
အရေး အခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။ ။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment