ဆရာ့ဆီကလို့ ရေးသင့်။
၂။ ဆရာ ကိုယ်ဝန် ၂လရှိလို့ utresound ရိုက်တာ ကလေးနေတဲ့အိတ်ပဲတွေ့ပြီး အထဲက ကလေးလည်းမတွေ့ဘူး။ နှလုံးလည်းမခုန်ဘူးလို့ပြောပါတယ်။ အဲ့ဒါ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ဆရာ့စီက အကြံဉာဏ်လိုချင်လို့ပါ။
ဆရာ့ဆီကလို့ ရေးရပါမယ်။
၃။ ဆရာစီကစာယူတင်ခွင့်ယူဖူးပါတယ်
ဆရာ့ဆီကလို့ ရေးသင့်။ ဆရာစီဆိုရင် ဦးစီ ဒေါက်တာစီ အမည်ရှိသူဖြစ်သွားမယ်။ ဆရာ့ဇီကလို့ အသံထွက်ရတယ်။
၄။ သားဖွားဆရာမတယောက်က mega 3 နဲ့ folic acid တနေ့တလုံးဆီသောက်ခိုင်းပါတယ် ခုကိုယ်ဝန်ရနေပြီဆိုတော့ ဆက်သောက်ရဦးမှာလား ဆရာ။
တနေ့တလုံးစီ (တလုံးကျ) လို့ ရေးသင့်။
၅။ ဆရာ့စီက အတုယူစရာတွေကို မှတ်ပါတယ်ဆရာ။
ဆရာ့ဆီကလို့ ရေးရပါမယ်။ ဆရာ့ဇီကလို့ အသံထွက်ရတယ်။
၆။ အထဲက ကလေးလည်းမတွေ့ဘူး။ နှလုံးလည်းမခုန်ဘူးလို့ပြောပါတယ်။ အဲ့ဒါ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ဆရာ့စီက အကြံဉာဏ်လိုချင်လို့ပါတဲ့။
ဆရာ့ဆီကလို့ ရေးရပါမယ်။ ဆရာ့ဇီကလို့ အသံထွက်ရတယ်။
၇။ ဘီပိုးရှိလူနာ့စီကသွေး သူ့မျက်စိကို စင်လို့မေးလာတယ်။
လူနာ့ဆီကလို့ ရေးရပါမယ်။ လူနာ့ဇီကလို့ အသံထွက်တယ်။
ဟိုတောင်ဆီက ညိုတိုတိုရယ်
မိုးဆိုထင့်လေး။
မိုးလေးရွာလျှင် ဘာနဲ့မိုးရပ
ပဒုမ္မာရွှေကြာရိုးကို ထီးလုပ်လို့ မိုး။
ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၁၉

Comments
Post a Comment