မန်းရွှေပြည် စံဦးက၊
ဘန်ဖူးတဲ့ ဇာတ်ပုံ၊
ပြည်ဖုံးနှင့် ညကုန်တယ်၊
ဖွဥုံငယ် ပြန်လဲ။
ကန္တာရ လမ်းနယ်ကို၊
စခန်းကျယ် ဆိုင်းလို့ရက်ဆွဲ။ ။
ဘယ်တော့မှ နတ်နွယ်ငယ်၊
ဇာတ်လည်မယ် သိဘဲ၊
သောင်းဇမ္ဗူ ပြည်ထဲမှာ၊
သည်ပွဲသို့ ရှုတ်ပွေ။
တသက်ပန် မကြုံဘူး၊
ထုံကူးတဲ့ နိပါတ်တော်ပေ။ ။
ဝဋ်ဝဲဝှေ့ သံသာရှေကို၊
ဘန်တရာတေ မတပ်ကောင်းပါဘု၊
ဇာတ်ပေါင်း ဒဏ္ဍာရီ၊
ဆုံးသင့်ပါပြီ…။
ရဲကြလျှင့် နှင်းဆီငယ်၊
မလင်းမီ သိမ်းပါစို့လေး။ ။
(ဦးပုည)
#ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment