စာမျက်နှာ - ၁၈
"ကြိယာ" "ကြိယာဝိသေသန"
ဆုံး တဆုံး [ပြော]
ပြေး တဆင့် [ပြေး]
ဆင့် တပြေး (ညီ)
ပြိုင် တပြိုင် (ထဲ)
စသည်ဖြင့် ဖြစ်ပေသည်။
ဤတွင် အချို့သောကြိယာဝိသေသနတွင် (တ) သာမက နောက်မှ (တည်း) ကိုဆက်၍
တညီတည်း၊ တဖြူးတည်း၊
တပြေးတည်း၊ တပြိုင်တည်း၊
ဟူ၍လည်း ပြောဆိုသုံးနှုန်းတတ်ကြပေသည်။ သို့ရာတွင်-
အခြားတည်း၊ တဆန်းတည်း၊
တဆုံးတည်း၊ တဆင့်တည်း၊
ဟူ၍ ကြိယာဝိသေသနအဖြစ် သုံးနှုန်းခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် (တ) မှာ (အာရုံ) အဖြစ် သုံးသော (ဝါ) အသံ ရွတ်ဆို၍ ကောင်းအောင် တသံအစား နှစ်သံဖြစ်စေ၍ ကြိုတင် အားယူသော အဖြည့်စကားလုံးသံ အဖြစ် အဓိပ္ပါယ်မဲ့ သုံးသော (တ) သံနှင့် (တစ်) အရေ အတွက်ကို ကိုယ်စားပြု၍ (သင်္ချာ) အဖြစ်သုံးသော (ထ) ဟူ၍ နှစ်မျိုးရှိသည့်အနက် (တည်း) ကို သင်္ချာ (တ) နှင့်သာ တွဲစပ် သုံးစွဲရိုး ရှိသောကြောင့် ဖြစ်ပေသည်။ (တည်း) သည် မလိုမလွန် ကန့်သတ်သည့် အဓိပ္ပါယ်ရှိပေသည်။
စာမျက်နှာ - ၁၉
တခြား၊ တဆန်း၊ တဆုံး၊ တဆင့်၊
တို့တွင် တွဲစပ်သော (တ) မှာ အာရုံ (တ) ပင် ဖြစ်ပေသည်။ တစ်သင်္ချာကို ရည်ညွှန်းခြင်း မဟုတ်ပေ၊ ကြိယာဝိသေသန ဖြစ်ရုံ စကားလုံးချောမွေ့၍ ဖြည့်ခြင်း အားယူရန် အသံတခုခန့် အသံနှစ်လုံးတစုံ ဖြစ်စေခြင်း သဘောမျှသာ ရှိပေသည်။
သို့ရာတွင်
တညီ၊ တဖြူး၊ တပြေး၊ တပြိုင်၊
တို့၌ တွဲသော (တ) မှာ ကြိယာဝိသေသနဖြစ်ရုံမျှအာရုံအဖြစ် တွဲစပ်သည်မှန်သော်လည်း အမှတ်မဲ့အားဖြင့် (တစ်) သင်္ချာကို ကိုယ်စားပြုသော သင်္ချာအဖြစ် တွဲစပ်သည့် (တ) နှင့်အတူ ထင်မှတ်တတ်ကြသဖြင့် သင်္ချာ (တ) နှင့် နှောသူာ တွဲစပ်ပြီးဖြစ်သော (တည်း) ကိုစကားအနက်ကောက်မှားကာ တွဲစပ်သုံးစွဲသည့်အတွက်ကြောင့်သာလျှင်
တညီတည်း၊ တဖြူးတည်း၊ တပြေးတည်း၊ တပြိုင်တည်း၊ ဟူ၍ ပြောဆိုသုံးနှုန်းလာခဲ့ခြင်း ဖြစ်ပေသည်။ (တည်း) ကို နာမ်နှင့်တွဲသောသင်္ချာ (တ) နှင့်တွဲစပ်ပုံများကို အောက်တွင် ထင်ရှားစွာ တွေ့နိုင်ပေသည်။
မူ၊ နည်း၊ ကြောင်း၊ လမ်း၊
စသော နာမ်များမှ
(တစ်မူ၊ တစ်မူတည်း၊) တမူတည်း၊
(တစ်နည်း၊ တနည်းတည်း၊) တနည်းတည်း၊
၂၀
(တစ်ကြောင်း၊ တစ်ကြောင်းတည်း၊) တကြောင်းတည်း၊
(တစ်လမ်း၊ တစ်လမ်းတည်း၊) တလမ်းတည်း၊
ဟူ၍ (တ-တည်း) ကို တွဲစပ်လေ့ရှိပေသည်။ ထိုမျှမက ကြိယာ တွင်လည်း-
တထိုင်တည်း (တကြိမ်ထိုင်ရာ၌ဆက်လျက်)
တစပ်တည်း (အစပ်တခုအားဖြင့်)
တဆက်တည်း (မခြားမကန့်တခုတည်းအဖြစ်)
စသည်ဖြင့် (တစ်) အနက်ကိုရည်၍ သုံးနှုန်းလေ့ရှိပေသည်။
ဤတွင် ကြိယာပုဒ်၎င်း၊ နာမ်ဝိသေသနပုဒ်၎င်း အာရုံ ‘တ’ နှင့် တွဲစပ်မှသာ ကြိယာဝိသေသန ဖြစ်နိုင်သည် မဟုတ်ဘဲ၊ သင်္ချာ ‘တ’ နှင့်တွဲစပ်လျှင်လည်း ဝိဘတ်ကို မြုပ်ချန်ထားပါက ကြိယာဝိသေသန ဖြစ်နိုင်ပေသေးသည်။
ပုံစံအားဖြင့်
တဝ ‘စား’ (တကြိမ်ဝအောင်)
တခေါ် ‘ဝေး’ (တကြိမ်ခေါ်ရုံမျှ)
တယူ ‘သန်’ (အယူတဖက်တည်း)
စသည်ဖြင့် ဖြစ်ပေသည်။
ဤတွင် ဝိဘတ် မြုပ်ထားပုံကို သတိပြုနိုင်ပေသည်။ ဤ တွင် ဆက်သော ‘တ’ တို့သည် ‘တစ်’ ပင် ဖြစ်ပေသည်။ ထိုမျှ မက ‘တစ်’ ကိုပင် နာမ်ပုဒ်များနှင့် တွဲ၍လည်း ကြိယာဝိသေသနအဖြစ် ပြောင်းလဲနိုင်ပေသည်။
စာမျက်နှာ - ၂၁
ပုံစံအားဖြင့်
တမူ ‘ခြား’၊ တရေး ‘အိပ်’
တလမ်း ‘သွား’၊ တပေး ‘ပိုဒ်’
တဖုံ ‘ခွဲ’၊ တစိတ် ‘တူ’
စသည်ဖြင့် ဖြစ်လေသည်။
ဤတွင်လည်း နာမ်ပုဒ်ဖြစ်သော (မူ၊ လမ်း၊ ဖုံ) တို့နှင့် သင်္ချာ ‘တ’ ကို တွဲရာတွင် (တမူ၊ တလမ်း၊ တဖုံ၊ တရေး၊ တပေး၊ တစိတ်) ဟူ၍ နာမ်ပုဒ်ပင် ဖြစ်ပေသည်။
ထိုနာမ်ကိုပင် ဝိဘတ်စပ်လျက်
တမူ အားဖြင့် ခြားသည်။ တရေးမျှ အိပ်သည်။
တလမ်း အားဖြင့် သွားသည်။ တပေး မျှ ပိုဒ်သည်။
တဖုံ အနေဖြင့် ခွဲသည်။ တစိတ် အားဖြင့် တူသည်။
ဟူ၍ ပြောဆိုမည့်အစား ဝိဘတ်ကိုမြှပ်လျက် (တမူခြား၊ တလမ်းသွား၊ တဖုံခွဲ) စသည်ဖြင့် ပြောဆိုခြင်းကြောင့် နာမ်ပုဒ်နှင့်တွဲသော သင်္ချာ ‘တ’ တို့သည်လည်း ကြိယာဝိသေသန အနေသို့ ပို့နိုင်စွမ်းရှိဘိသကဲ့သို့ တွေ့မြင်ရခြင်း ဖြစ်ပေသည်။
အချုပ်အားဖြင့် ကြိယာဝိသေသန ဖြစ်အောင် တွဲစပ်သော ‘တ’ တွင် အဓိပ္ပါယ်မဲ့ အာရုံ ‘တ’ နှင့် တစ် အနက်ရှိ သင်္ချာ ‘တ’ ဟူ၍ နှစ်မျိုးကွဲသည်ကို သတိပြုသင့်ပေသည်။
စကားလုံးများ ပွားရာတွင် သင်္ချာ ‘တ’ ကို အကြောင်းပြု၍ ဆက်ပွားပုံ၊ အာရုံ ‘တ’ ကို အကြောင်းပြု၍ ဆက်ပွားပုံများကို ရှေ့တွင်လည်း ရှင်းလင်း ဖော်ပြသွားမည်ပင် ဖြစ်ပေသည်။
၂၂
ဂ။ နာမ်ဝိသေသနနှင့် ကြိယာတို့၏ရှေ့မှ (တရ၊ ပရ) စသည်တို့ကို ဖြည့်ဆက်ခြင်း ဖြင့်လည်း ကြိယာဝိသေသန အဖြစ် ပြောင်းလဲနိုင်ပေသည်။ မြန်မာစကားသံတွင် ‘တ’ မှ ‘ဒ’ သို့၎င်း၊ ‘ရ’ မှ ‘လ’ သို့၎င်း၊ ‘ပ’ မှ ‘ဗ’ သို့၎င်း ပြောင်းလဲ တတ်သည် ဖြစ်သောကြောင့် (တရ၊ ပရ) တို့အစား (တလ၊ ဒလ၊ ပလ၊ ဗလ) စသည် အားဖြင့်လည်း ပြောင်းလဲ တတ်ပေသည်။
ပုံစံအားဖြင့်
တရကြမ်း၊ တလကြမ်း၊ ဒလကြမ်း၊ ဗလကြမ်း၊
ပရပွ၊ ပလပွ၊ ဗရပွ၊ ဗလပွ၊
စသည်ဖြင့် ရွတ်ဆိုသံကိုလိုက်၍ အကွဲကွဲရှိတတ်ပေသည်။ သို့ရာတွင် အသံကိုမလိုက်ဘဲ မူလပြောင်းရိုးအတိုင်း (တရ၊ ပရ) တို့နှင့်သာ တွဲ၍ဖော်ပြပေမည်။ ကျန်တွဲစပ်ပြောင်းလဲ ခေါ်တွင် သုံးနှုန်းပုံများကို အလွယ်နှင့် သိနိုင်ပေသည်။
(တရ) ကြမ်း တရကြမ်း
တွန်း တရတွန်း
ရွှံ့ တရရွှံ့
စပ် တရစပ်
|(ပရ)|ပွ|ပရပွ|
||ပွေ|ပရပွေ|
||ပျစ်|ပရပျစ်|
||ပွက်|ပရပွက်|
စသည်ဖြင့် ဖြစ်ပေသည်။
စာမျက်နှာ - ၂၃
၂။ နာမ်ပုဒ် များတွင် သင်္ချာ ‘တ’ ကို ရှေ့မှ ဆက်တွဲ သည့်အခါ နာမ်ပုဒ်ဖြစ်၍ ထို နာမ်ကိုပင် ဝိဘတ် အမျိုးမျိုး ကပ်လျက်သုံးစွဲသောအခါ၊ ထိုနာမ်ပုဒ်နှင့်ဝိဘတ် ပေါင်းစပ် ထားသော ပုဒ်စုသည် ကြိယာကို ဝိသေသ ပြုရာ ရောက်နေ တတ်ကြောင်း ဖော်ပြခဲ့ပေသည်။
ထိုနည်းဖြင့် ကြိယာဝိသေသန ဖြစ်လာရာတွင်
တ ‥ ကောင်း
တ ‥ တည်း
တ ‥ စာ
တ ‥ ချင်း
တ ‥ ထိုး
တ ‥ နက်
စသည်ဖြင့် နောက်ဆက်စကားလုံး အမျိုးမျိုး ကွဲလွဲခြားနား တတ်သေးသည်။
ပုံစံအားဖြင့်
တယောက်ကောင်း
တဦးကောင်း
တပွင့်ကောင်း
တမည်ကောင်း
စသည်ဖြင့် အသုံးရှိပေသည်။
ထိုနည်းတူပင်
၂၃
၂။ နာမ်ပုဒ် များတွင် သင်္ချာ ‘တ’ ကို ရှေ့မှ ဆက်တွဲ သည့်အခါ နာမ်ပုဒ်ဖြစ်၍ ထို နာမ်ကိုပင် ဝိဘတ် အမျိုးမျိုး ကပ်လျက်သုံးစွဲသောအခါ၊ ထိုနာမ်ပုဒ်နှင့်ဝိဘတ် ပေါင်းစပ် ထားသော ပုဒ်စုသည် ကြိယာကို ဝိသေသ ပြုရာ ရောက်နေ တတ်ကြောင်း ဖော်ပြခဲ့ပေသည်။
ထိုနည်းဖြင့် ကြိယာဝိသေသန ဖြစ်လာရာတွင်
တ ‥ ကောင်း
တ ‥ တည်း
တ ‥ စာ
တ ‥ ချင်း
တ ‥ ထိုး
တ ‥ နက်
စသည်ဖြင့် နောက်ဆက်စကားလုံး အမျိုးမျိုး ကွဲလွဲခြားနား တတ်သေးသည်။
ပုံစံအားဖြင့်
တယောက်ကောင်း
တဦးကောင်း
တပွင့်ကောင်း
တမည်ကောင်း
စသည်ဖြင့် အသုံးရှိပေသည်။
ထိုနည်းတူပင်
၂၄
တယောက်တည်း
တဦးတည်း
တပြိုင်တည်း
တမူတည်း
ဟူ၍၎င်း၊
တယောက်စာ
တနပ်စာ
တအိုးစာ
တခွက်စာ
ဟူ၍၎င်း၊
တယောက်ချင်း
တအုပ်ချင်း
တဦးချင်း
တဖက်ချင်း
ဟူ၍၎င်း၊
တဟုန်းထိုး
တရှိန်းထိုး
တဇွတ်ထိုး
တလောထိုး
ဟူ၍၎င်း၊
တပြိုင်နက်
တခဏက်
တက္ကနက်
စာမျက်နှာ - ၂၅
ဟူ၍၎င်း အမျိုးမျိုး အဖုံဖုံ ဖြည့်စပ်သုံးစွဲခြင်းများလည်း ရှိပေသည်။
၃။ တစ်သင်္ချာကို ကိုယ်စား ပြုသော ‘တ’ နှင့် တွဲစပ်သမျှမှာ နာမ်ပုဒ်သာ ဖြစ်သော်လည်း၊ ဝိဘတ်အစွမ်းကြောင့် ကြိယာ ဝိသေသန ဖြစ်ပြီး ဝိဘတ်ကို မြှုပ်ချန်လိုက်သောအခါတွင်လည်း ကြိယာဝိသေသနအဖြစ်ပင် ထင်ကျန် နေလေ့ရှိပေသည်။
ဤသဘောဖြင့် ပွားဆက်ရာတွင် နာမ် သို့မဟုတ် ကြိယာ တလုံးတည်း မဟုတ်ဘဲ၊ တွဲစပ်ခြင်းဖြင့်လည်း ကြိယာဝိသေသန ပြုလုပ်နိုင်ပေသည်။ အောက်ပါ ပုံစံများကို လေ့လာပါက ပို၍ ကွဲပြားစွာ သိရှိနိုင်ပေသည်။
က။ တစ်သင်္ချာကို ကိုယ်စား ပြုသော ‘တ’ကို နာမ်ပုဒ် နှစ်လုံးတစုံတွင် တလုံးစီ တွဲဆက်ခြင်းဖြင့် ကြိယာဝိသေသန သဘောသို့ ရောက်စေနိုင်ပေသည်။
ပုံစံအားဖြင့်
တခန်းတပါဒ
တကောင်တမြီး
တစိတ်တဒေသ
တရေးတမော
စသည်တို့ဖြစ်လေသည်။
ဤတွင် ပုဒ်အထီးတည်းသည် ကြိယာဝိသေသန မဟုတ်ဘဲ နာမ်သာဖြစ်သော်လည်း ဆက်ရမည့်ဝိဘတ်ကိုမြှုပ်ချန်၍ ဝါကျတွင် ကြိယာဝိသေသနအဖြစ် သုံးနှုန်းပေသည်။
၂၆
ပုံစံအားဖြင့်
တခန်းတပါဒ မပြော (တခန်းတပါဒကိုမျှ မပြော)
"ဤတွင် ကံပုဒ် သဘော ဖြစ်လေသည်"
တစိတ်တဒေသနားလည်သည် (တစိတ်တဒေသအားဖြင့်)
တရေးတမော အိပ်သည် (တရေးတမောမျှအဖိ)
စသည်အားဖြင့် ကြိယာဝိသေသန သဘော သုံးစွဲခြင်း ပြုတတ်ပေသည်။
ခ။ နာမ်ပုဒ်မျိုးကွဲကိုဝိဘတ်တွဲ၍သုံးစွဲထားသည့် နှစ်လုံးတွဲမျိုးတွင်လည်း 'တ' ကိုပင် ဆက်စပ်၍ ကြိယာ ဝိသေသန ပြုလုပ်တတ်ပေသည်။
ပုံစံအားဖြင့်
တယောက်တပေါက် (တယောက်လျှင် တပေါက်စီ)
တယောက်တလက် (တယောက်လျှင်တလက်အားသုံးလျက်)
တအိတ်တအိတ် (တအိတ်ကို တအိတ်ပြုလျက်)
စသည်တို့ ဖြစ်လေသည်။
ဂ။ ကြိယာစုံတွင် 'တ' ကို တပိုင်းစီ၌ ဖြည့်၍လည်း ကြိယာဝိသေသနပြုတတ်ပေသည်။ ဤတွင် ဆက်သော 'တ' မျိုးကို အာရုံ 'တ' အဖြစ် ထင်မှတ်ယူဆမိတတ်ပေသည်။
ပုံစံအားဖြင့်
ပွေ့ ပိုက်မှ တပွေ့ တပိုက်
မွေး မှိုတ်မှ မွေး တမှိုတ်
စာမျက်နှာ - ၂၇
သီးခြားမှ တသီးတခြား
စသည်အားဖြင့် ဖြစ်လေသည်။
၄။ သင်္ချာ ‘တ’ မှ တပါး အာရုံ ‘တ’ ကိုလည်း ပွားဆက်လေ့ရှိရာ အောက်ပါ ပုံစံ များတွင် ကွဲပြားစွာ သတိပြုနိုင်ပေသည်။
က။ လှုပ်ရှားမှု ကြိယာမျိုးတွင် ကြိယာ နှစ်ထပ် ပြု၍ ရှေ့မှ ‘တ’ ဆက်ခြင်း။
ပုံစံအားဖြင့်
တဖွားဖွား၊ တလည်လည်၊ တကောက်ကောက်၊
တလုပ်လုပ်၊ တဆေ့ဆေ့၊ တနဲ့နဲ့၊
တငြိမ့်ငြိမ့်၊ တထွန့်ထွန့်၊ တသွတ်သွတ်၊
စသည်ဖြင့် ဖြစ်လေသည်။
ခ။ အသံများကိုလည်း တခါတရံတွင် ကြိယာအဖြစ် သုံးစွဲတတ်ပေသည်။
ဟားဟားမှ ဟားသည်၊ အိအိမှ အိသည်၊ တွတ်တွတ်မှ တွတ်သည် စသည်ဖြင့် သုံးတတ်ကြပေသည်။ မည်သို့ပင် ဖြစ်စေ အသံ နာမ်ပုဒ်များမှလည်း ကြိယာ ဝိသေသန ပြုနိုင်ပေသည်။
ပုံစံအားဖြင့်
တဒုန်းဒုန်း၊ တစစ်စစ်၊
တစိာစိာ၊ တသွင်သွင်၊
တဖျစ်ဖျစ်၊ တကျည်းကျည်း၊
https://drive.google.com/file/d/1S3B6LyQ8bsvGoym6edcdQIFUwWFazhxa/view?usp=drivesdk
မှတ်ချက်
ကူးယူတာမှာ အနည်းငယ်ပြစ်စရာပါနိုင်တယ်။ စိစစ်ပြီးပြင်ပါမယ်။
ဒေါက်တာတင့်ဆွေ





Comments
Post a Comment