Skip to main content

ရွှေမန်းဆီသို့

စောစောက မန္တလေးသားလား၊ မန္တလေးသူလားတော့မသိ ဒီသီချင်းစာသားတပိုဒ်နဲ့ မန္တလေးပုံနဲ့ တင်ထားတာတွေ့လို့ ကွန်မင့်ကနေ တကြောင်းလောက်ပြင်ပေးလိုက်ပါတယ်။

လူအများစုကတော့ အမှန်ကိုပြင်ပေးလည်း အမှားကိုသာစွဲကြတယ်။ အမှားအတိုင်းဆက်ရေးကြတယ်။

တချို့ကတော့ ဟုတ်ကဲ့လို့တော့ ပြန်ရေးပြီး အမှားကို အမှားအတိုင်းသာဆက်ထားကြတယ်။

လူအနည်းစု (တကဲ့ကို အနည်းစု) ကတော့ မှန်အောင်ပြင်ကြတယ်။

အဲလို လူမျိုးစုံးစုပေါင်းထားတာကို မြန်မာစကားပြော၊ မြန်မာလိုစာရေးကြသော မြန်မလူမျိုးများလို့ ခေါ်ပါသတဲ့။

ရေး။ ဦးဘသိန်း

ဆို။ မစိမ်းစိမ်း

ရွှေမန်းဆီသို့

ရေး။ ။ ဦးဘသိန်း

ဆို။ ။ မစိမ်းစိမ်း

ရွှေမန်းဆီသို့ တခါတခေါက်ဖြင့် ရောက်စေချင်သည်။ ကျုံးတော် ပတ်လည်ပြမြို့ရိုး ပြုအိုးပစ္စင် ကာရံကာအတည် မြန်မာစံဌာနီ သာယာပါပေသည်။ ရေရိပ် ရေအောက်ဆီ နေခြည်ဟပ်ကာ လွန်ပနံ ရလှသည်။

ရှုဘွယ်စုံညီ ရွှေမန်းတော် အရှေ့ဆီ၊ မြရည်ညိုညို တောင်တန်းတွေက မှုန်ရီ ငရံ့မင်းစေတီ တောင်တော်ထူး အောင်ပင်လယ်ယာပြင်ဦးက ဖူးနိုင်သည်။ အထူးဘဲ အစဉ် ဖိတ်ခေါ်ပါသည်။

(ဟိုမှသည် အရောက်သွားလို့ မန္တလေး တောင်တော်ဆီ တတောက် နားမည်၊ မြင်ကွင်းကျယ်ကျယ် ပတ်ဝန်းကျင်ဝယ် မှန်းလို့ရှုရမည်)၂ မှုန်ရီမှေး ဟိုအဝေးက စေတီ၊ သခင်မ တောင်တော်မဟီနှင့်၊ အနောက်မြောက်ယွန်းတော့ မင်းကွန်း ထိုစေတီ ဖူးတွေ့ရမည်။

ဧရာဝတီမြစ်ကြောင်းဆက်ကာ အနောက်ဘက်မှ ရှုကြည့်ပါ၊ ပုထိုး စေတီတီထူး ဦးချီ စစ်ကိုင်း မင်းဝံဆီ။

စစ်ကိုင်းတောင်တော်အဆုံဆီ ဇေယျာရွှေပြည် ညို့မှိုင်းလျက်တည်၊ သည်မှာ ဘက်ကမ်း ကြက်ညီနောင်စံမြန်းတဲ့စေတီ၊ မြူခြည်တွေထဲ မသဲမကွဲ ဖူးတွေ့နိုင်သည်။

ဒါတွေစုံပါပြီ၊ မြို့တွင်းကို လှည့်မည်၊ ဇေယံဘုံပမာ နန်းဆောင်တမျှ သိင်္ဂါရွှေရောင် ထိန်ဝါဝေပြာင် အလျံကိုဆောင် မြို့တောင်အဖျားဆီ မှန်းရည် မဟာမြတ်မုနိ ကိုယ်တော် စံရာကိုပင် ဖူးတွေ့နိုင်ပါသည်။   

https://www.facebook.com/reel/1654374375843883

စိုးရိမ်ချက်

မန္တလေး လို့ရေးရမှာ ပျင်းကုန်ကြင်္ပြီ။

ဆီ နဲ့ စီ ကလည်း မှားကြသည်။

သို့ ကိုလည်း တို့ ကြသည်။

"မန်းလေးစီတို့" သီချင်းစပ်ဆိုကြလိမ့်မည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ