Skip to main content

ချင်းပဲပြုတ်

(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်

ကွန်မင့်တခု = မြန်မာပဲရာဇာ တူသော ပဲချောဆိုပြီး အရောင်တူ ပုံစံတူ ပဲနီချော ထွက်နေတော့ မှားတတ်၊ ပဲနီချော တော်တော်နဲ့မကျက် အရသာလဲမကောင်း

ဟုတ်။ 

အဲဒီပဲကိုတော့ မသိပါ။ အခေါ်အမည်တွေက တယောက်တမျိုး၊ တရပ်နှစ်မျိုး။ 

ကျွန်တော်တို့ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလထဲမှာ တိုင်းပြည်ကနေထွက်ပြေးရတော့ ချင်းတောင်တန်းကို ဖြစ်ရတယ်။ ၆ ရက်နဲ့ ၅ ည။

တခါတခါ ရွာတွေ၊ တခါခါလယ်တဲလေးတွေမှာ အိပ်စက်ကြရတယ်။

အေးလိုက်တာကလည်း မပြောပါနဲ့တော့။ တဲထဲကမြေကလည်း မိုးကြောင့် စိုထိုင်းနေတယ်။ ပလပ်စတစ်ကကလည်း ၂ ခုလားပါတယ်။

လယ်တဲတခုမှာ အိပ်ကြရစဉ်က စားစရာကလည်းရှား။ လယ်တဲ့လေးမှာ စနစ်ကျ သပ်သပ်ရပ်ရပ်နဲ့ထားတဲ့ ပဲအိုးတလုံးထဲက ပဲနည်းနည်ယူပြီး ပြုတ်ကြတယ်။ ပါးစပ်ကနေ ခွင့်တောင်းပါသေးတယ်။ ကျေးဇူး God bless you!

အညာသားတွေက ဘာပဲလည်း မသိ။ ချင်းပဲလို့သာ ခေါ်တတ်တယ်။

သန်းကောင်လည်း ပဲကမကျက်သေး။ ဆာလွန်းလို့စာချိန်မှာလည်းမကျက်။ မနက်ခရီးဆက်တဲ့အချိန်ထိ ပဲအိုးက မကျက်ပါ။ 

ပဲပြုတ်နည်း မသိကြတာဖြစ်ပါမယ်။

အခုလောက်ဆို ချင်းပဲပြုတ် ကျက်လောက်ပြီ။

ဒေါက်တာတင့်ဆွေ 

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ