ကွန်မင့်တခု = မြန်မာပဲရာဇာ တူသော ပဲချောဆိုပြီး အရောင်တူ ပုံစံတူ ပဲနီချော ထွက်နေတော့ မှားတတ်၊ ပဲနီချော တော်တော်နဲ့မကျက် အရသာလဲမကောင်း
ဟုတ်။
အဲဒီပဲကိုတော့ မသိပါ။ အခေါ်အမည်တွေက တယောက်တမျိုး၊ တရပ်နှစ်မျိုး။
ကျွန်တော်တို့ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလထဲမှာ တိုင်းပြည်ကနေထွက်ပြေးရတော့ ချင်းတောင်တန်းကို ဖြစ်ရတယ်။ ၆ ရက်နဲ့ ၅ ည။
တခါတခါ ရွာတွေ၊ တခါခါလယ်တဲလေးတွေမှာ အိပ်စက်ကြရတယ်။
အေးလိုက်တာကလည်း မပြောပါနဲ့တော့။ တဲထဲကမြေကလည်း မိုးကြောင့် စိုထိုင်းနေတယ်။ ပလပ်စတစ်ကကလည်း ၂ ခုလားပါတယ်။
လယ်တဲတခုမှာ အိပ်ကြရစဉ်က စားစရာကလည်းရှား။ လယ်တဲ့လေးမှာ စနစ်ကျ သပ်သပ်ရပ်ရပ်နဲ့ထားတဲ့ ပဲအိုးတလုံးထဲက ပဲနည်းနည်ယူပြီး ပြုတ်ကြတယ်။ ပါးစပ်ကနေ ခွင့်တောင်းပါသေးတယ်။ ကျေးဇူး God bless you!
အညာသားတွေက ဘာပဲလည်း မသိ။ ချင်းပဲလို့သာ ခေါ်တတ်တယ်။
သန်းကောင်လည်း ပဲကမကျက်သေး။ ဆာလွန်းလို့စာချိန်မှာလည်းမကျက်။ မနက်ခရီးဆက်တဲ့အချိန်ထိ ပဲအိုးက မကျက်ပါ။
ပဲပြုတ်နည်း မသိကြတာဖြစ်ပါမယ်။
အခုလောက်ဆို ချင်းပဲပြုတ် ကျက်လောက်ပြီ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment