(၁)
လာရောက်ခိုနားသူ မရှိ
လာရောက်ပြောကြားသူ မရှိ
လာပြီးနားထောင်သူ မရှိ။
(၂)
ဟိုတချိန်က
နားလို လဲလျောင်းသူတွေ ရှိခဲ့ကြောင်းကို
ယိုင်နေတဲ့တိုင်တွေကနေ ပြောပြပါသည်။
အသိသုတ ရှာမှီးလိုသူတွေ
လာရောက်မေးသူတွေနဲ့
မေးသမျှ ဖြေသူတွေရှိခဲ့ကြောင်းကို
ကျိုးတိုးကျဲတဲ ကြမ်းခင်းတွေက ပြောပြနေပါသည်။
ထိုသမိုင်းကို မန်ကျည်းပင်အိုကြီးက ကောင်းကောင်းသိသည်။
(၃)
ယခုသော်ကား
အင်တာနက်အဝေးပြေးလမ်းကြီးပေါ်မှာ တိုးလို့မပေါက်
ထိုသူတို့သည်ကား
ဘာမဆိုသိကြသူများ
မသိသော်လည်း ဖြေကြသူများ
ဘယ်လိုဖြေဖြေ မချွင်းမချန်ယုံကြများ
လိုက်၊ ဖေါ်လို၊ ရှယ်၊ သာဓုခေါ်ကြသူများဖြစ်ကြ၏။
(၄)
အင်တာနက်အဝေးပြေးလမ်းကြီးပေါ်မှာ
မန်ကျည်းပင်အို၊
ကွပ်ပျစ်အို မရှိသောကြောင့်တည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment