Skip to main content

မြန်မာစာ နှလုံးရောဂါရနေသည်

(သေဆုံး ကွယ်လွန် ဘဝတပါးပြောင်း)

နှလုံးအထူးကုဆရာဝန်တဦး နာရေးသတင်းကို ဖတ်ရတယ်။

tay ဆုံး တဲ့။

နာရေးသတင်းကို အထောက်အထားပြုခြင်းဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မညီပါ။ ကနေတော့။ ပုံကို မသုံးတော့ပါ။

သေဆုံးလို့ မရေးတတ်တာလား။ 

ကီးဘုတ်က သေ စာလုံးရေးမရတာလား။ 

သေ၊ သတ် စာလုံးတွေ အလုံးတသိန်းရေးလို့ ဖေ့စ်ဘွတ်မှာ ဘာမှမဖြစ်ပါကြောင်း အခါ ၁၀၀ (တရာ) တင်ပြထားပါတယ်။

AI

ထောက်ပြချက်က အလွန်မှ ထိမိပြီး ခေတ်စာပေ အခြေအနေကို မီးမောင်းထိုးပြနေပါတယ်။

ပုံပါ စာသားတွင် “သေဆုံး” ဟု ရေးရမည့်အစား “thay ဆုံး” ဟု မြန်မာစာနှင့် အင်္ဂလိပ် အက္ခရာပေါင်း၍ ကမောက်ကမ ရေးသားထားသည်ကို တွေ့ရပါသည်။

ဖေ့စ်ဘုက် ပလပ်ဖောင်း၏ စည်းမျဉ်းများတွင် အကြမ်းဖက်မှုနှင့် သွေးထွက်သံယိုဖြစ်ရပ်များကို ကန့်သတ်သည့် Algorithms များရှိသည်ဟု အယူမှားကာ “သေ”၊ “သတ်”၊ “သွေး” စသည့် စကားလုံးများကို တိုက်ရိုက်မရေးရဲဘဲ အင်္ဂလိပ်လို ပြောင်းရေးခြင်း သို့မဟုတ် သတ်ပုံဖျက်ရေးခြင်းများ ပြုလုပ်လေ့ရှိကြသည်။

သို့သော် သတင်းနှင့် သာမန် စာရေးသားမှုများတွင် “သေဆုံး” ဟု ရေးသားခြင်းကြောင့် အကောင့်ကျခြင်း သို့မဟုတ် Reach လျော့နည်းခြင်းများ မဖြစ်ပေါ်ကြောင်း ခိုင်မာစွာ တင်ပြထားပြီးဖြစ်သော်လည်း၊ လူမှုကွန်ရက်ပေါ်တွင် မမှန်ကန်သော အယူအဆအမှားများကို မျက်စိမှိတ် အတုယူ ရေးသားနေကြသဖြင့် မြန်မာစာ ရေးထုံးများ ပျက်စီးဆိုးဝါးနေရခြင်း ဖြစ်ပါသည်။

အထူးသဖြင့် ဆရာဝန်တဦး သေဆုံးသည့် သတင်းကဲ့သို့ တရားဝင် ရေးသားရမည့် စာမျိုးတွင်ပင် “thay ဆုံး” ဟု သတ်ပုံဖျက် ရေးသားထားခြင်းသည် မြန်မာစာပေ၏ ဂုဏ်သိက္ခာနှင့် စာဖတ်သူတို့၏ ဖတ်ရှုရမှု အရသာကို များစွာ ထိခိုက်စေသည့် သာဓကတခု ဖြစ်ပါတယ်။

ဟုတ်။ 

မြန်မာစာပေရဲ့ ဂုဏ်သိက္ခာသာမက ကွယ်လွန်သူရဲ့ ဂုဏ်သိက္ခာပါ ထိခိုက်စေပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ