Skip to main content

ဘီရို ဗီရို

အမေ အဖေတို့ရဲ့စက္ကူ ယပ်တောင်တွေကတော့ ဘီဒိုထဲသိမ်းထားသော်လည်း ပိုးကိုက်လို့ မရှိတော့ပါ။

ဘီရို (ဗီရို) လို့ ရေးရတယ်။

ဘီယာ – န /ဗီယာ/ ဂျုံ မုယောစပါးညှောက်များကို ကဇော်ဖောက်စေ၍ ပြုလုပ်ထားသော သေရည်တမျိုး။ [လိပ်]

ဘီရို – န /ဗီရို/ ဗီရို – န၊ ရှု။

ဘီလူး – န /ဗလူး/ ဇာတ်တော်များနှင့် ဒဏ္ဍာရီတို့တွင် ဖော်ပြလေ့ရှိသော လူနှင့် သဏ္ဌာန်တူ၍ အစွယ် အမွေး ရှိပြီး ခက်ထန်ကြမ်းကြုတ်သော သတ္တဝါ။ [ပါ]

ဘီလူးဂျိမ်း – န /ဗလူးဂျိန်း/ ဇာတ်ပွဲသဘင်တို့တွင် ဘီလူးထွက်ရာ၌ လက်ကပါဒ်တန်းတို့နှင့် ရွတ်ဆိုကြမ်းမောင်းသော ဇာတ်စကားမျိုး။

ဘီလူးခေါင်း – န /ဗလူးဂေါင်း/ ဇာတ်ပွဲသဘင် စသည်တွင် ဘီလူးအသွင် ကပြရန် ဦးခေါင်း၌ စွပ်ရသည့် ဘီလူးမျက်နှာပုံဖော် ခေါင်းဆောင်း။

ဘီလူးစီး – ကြိ /ဗလူးစီး/ ၁။ အိပ်ပျော်စဉ်အခါ လှုပ်ရှားရုန်းကန်၍ မရသကဲ့သို့ ခံစားရပြီး ယောင်ယမ်းထိတ်လန့် အော်ဟစ်သည်။ ၂။ ဘီလူးပူးဝင်သကဲ့သို့ အမူအရာခက်ထန် ကြမ်းတမ်းသည်။

ဘီလူးစည်း လူ့စည်း – န /ဗလူးစီးလုစီး/ သူ့တာ ကိုယ့်တာ စောင့်စည်းလိုက်နာအပ်သော အပြန်အလှန် စည်းကမ်း။

ဗီနဒီ – န /ဗီနဒီ/ မြန်မာနာရီ၏ ခြောက်ဆယ်စိတ် တစိတ်မျှသော အချိန်။ (စက်နာရီ နှစ်ဆယ့်လေးစက္ကန့်နှင့် ညီမျှသည်။)

ဗီဇာ – န /ဗီဇာ/ နိုင်ငံဝင်ခွင့်လက်မှတ်။ နိုင်ငံတနိုင်ငံသို့ ဝင်ရောက်ရန် ခွင့်ပြုချက်။ (ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းခွင့်ဗီဇာ၊ ပြည်ပြန်ဝင်ဗီဇာ ဟူ၍ ကွဲပြားသည်။) [လိပ်]

ဗီတာမင် – န /ဗီတာမင်/ သတ္တဝါတို့၏ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့နိုင်စွမ်းသည့် သက်စောင့် ဩဇာဓာတ်။ [လိပ်]

ဗီတို – န /ဗီတို/ ဥပဒေ၊ အဆုံးအဖြတ်၊ သတ်မှတ်ချက် စသည်တို့ကို အများစုက ပြဋ္ဌာန်းရန် ဆန္ဒပြုလင့်ကစား၊ ပုဂ္ဂိုလ်တစုံတဦး (တဖွဲ့၊ တနိုင်ငံ) အား ယင်းဆန္ဒပြုချက်ကို အခြေခံဥပဒေအရ ပယ်ဖျက်တားဆီးနိုင်ခွင့် လွှဲအပ်ထားသည့် တချက်လွှတ် အာဏာ။ ယင်းအာဏာကို ပိုင်ခြင်း။ [လိပ်]

ဗီဒီ ဆေးလိပ် – န /ဗီဒီ ဆေး လိတ်/ ဘီဒီ ဆေးလိပ် – န၊ ရှု။ [ဟိန္ဒီ]

ဗီပီပီ – န /ဗီပီပီ/ ဗွီပီပီ – န၊ ရှု။

ဗီရို – န /ဗီရို/ အဝတ်အထည်၊ စာအုပ်၊ ပန်းကန်စသော ပစ္စည်းအမျိုးမျိုးထည့်သိုရသည့် အဆင့်နှင့် အများအားဖြင့် အပိတ်တံခါးပါရှိသော မတ်ရပ်ထောင် ပရိဘောဂတမျိုး။ [လိပ်]

ဗီလား – န /ဗီလား/ ပီလား – န၊ ရှု။

ဗိဿုအပင် – န /ဗိဿုအပင်/ လျှော်နှင့်အစေ့ကို အသုံးပြုရသော အပင်တမျိုး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ