Skip to main content

ကင်းဝန်မင်းကြီးလန်ဒန်မြို့သွား နေ့စဉ်မှတ်စာတမ်း

ကင်းဝန်မင်းကြီးလန်ဒန်မြို့သွား နေ့စဉ်မှတ်စာတမ်း
(စ)
"ကင်းဝန်မင်းကြီး နဲ့ ဒေါက်တာထင်အောင်"
မင်းတုန်းမင်းတရားကြီးလက်ထက် အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်ကင်းဝန်မင်းကြီး( ၁၈၂၂-၁၉၀၈) ကိုမြန်မာနှင့်အင်္ဂလိပ်
မဟာမိတ်အဖြစ်ခိုင်မြဲစေရန်ရည်ရွယ်ကာ၊ ဘုရင့်ကိုယ်စား ၁၈၇၂ ခုနှစ်တွင်အင်္ဂလန်နိုင်ငံသို့သွားရောက်ခဲ့ရပါတယ်။
ကင်းဝန်မင်းကြီးနှင်အတူ၊--
၁။ သံလတ်အဖြစ်ပန်းတဥ်းဝန်ထောက် မဟာမင်းလှကျော် (ဦးရွှေဘင်)
၂။ ဖန်ချက်ဝန်ထောက် မဟာမင်းကျော်ရာဇာ(ဦးရွှေအိုး)
၃။ သံငယ်အဖြစ် စာရေးကြီး မင်လှဇေယျသူ(ဦးခြိမ့်)
တို့ပါဝင်ပါတယ်။
ကင်းဝန်မင်းကြီးတို့အဖွဲ့ဟာအင်္ဂလန်နိုင်ငံတွင်သာမက ပြင်သစ်၊ အီတလီနိုင်ငံများပါ ဝင်ရောက်ကာ နိုင်ငံကိုယ်စားပြု စာချုပ်တွေချုပ်ဆိုနိုင်ခဲ့ကြပါတယ်။သံအဖွဲ့ဟာလန်ဒန်မှာ အမြောက် ၁၉ ချက်ပစ်ဖောက်ကြိုဆိုခံရခြင်း၊ ဝိတိုရိယဘုရင်မကြီးနှင့်တွေ့ဆုံခွင်ရခဲ့ကြပေမယ့် ရည်မှန်းချက် မအောင်မြင်ခဲ့ကြပါ။ ခရီးအစ ဗြိတိသျှမြန်မာပြည်ရန်ကုန်မြို့ရောက်စဥ်ကစ၍ အဆင်မပြေမှုများ စတင်ကြုံတွေ့ခဲ့ကြရပါတယ်။
ကင်းဝန်မင်းကြီးဦးဆောင်တဲ့အဖွဲ့ကိုပြင်သစ်နိုင်ငံရဲ့ ပထမဦးဆုံးသမ္မတ မစ်စီယာသီယေး က ဗာဆိုင်းနန်းတော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
၂၇ ဇန္နဝါရီ ၁၈၇၂ မှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ရေးမြူးဆတ်နှင့် ပြင်သစ်မြန်မာ ကူးသန်းရောင်းဝယ်ရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။
ကင်းဝန်မင်းကြီးဟာ၊ ၂ မတ် စနေနေ့ရတနာပုံနေပြည်တော် သံလျက်မော်ဆိပ်ကမ်းမှ စကြာယာဥ်မွန်သင်္ဘောဖြင့် စတင်ထွက်ခွာသည်မှ၊  ၂ မေ၊ သောကြာ် ၁၈၇၃ သံလျက်မော်ဆိပ်ကမ်း ပြန်ရောက်သည်အထိ တနှစ်ကျော်ကာလတွေ့ကြုံရသမျှကို "လန်ဒန်မြို့သွားနေ့စဥ်မှတ်စာတမ်း" အမည်ဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။
၁၈၇၄ တွင် ကင်းဝန်မင်းကြီးဦးဆောင်တဲ့အဖွဲ့ဟာ ပြင်သစ်နိုင်ငံကို ဒုတိယအကြိမ် သွားရောက်ခဲ့ရပြန်ပါတယ်။ ယခင်ကချုပ်ဆိုပြီးခဲ့တဲ့စာချုပ်ပါအချက်အချို့လက်မခံလို၍ဖြစ်ပါတယ်။
ကင်းဝန်မင်းကြီးနဲ့အတူ၊--
၁။ သံလတ်အဖြစ် စာရေးတော်ကြီးမင်းလှဇေယျသူ( ဦးခြိမ့်)
၂။ သံငယ်အဖြစ် လက်ဖက်ရည်တော်ကိုင် နေမျိုးမင်းထင်သူရိန် (ဦးအောင်သူ) တို့ပါဝင်ကြပါတယ်။
၇ ရက်မတ်လ၊ စနေနေ့ ၁၈၇၄၊ နေပြည်တော်မှထွက်ခွာ၊
၁၁ အောက်တိုဘာ တနင်္ဂနွေနေ့ ၁၈၇၄ အထိကြုံတွေ့ခဲ့သမျှအဝဝကို" ပြင်သစ်နိုင်ငံသွား နေ့စဥ်မှတ်စာတမ်း" အမည်ဖြင့်မှတ်တမ်းတင်ခဲ့ပါတယ်။ ထိုမှတ်တမ်းများမှ လန်ဒန်သွားမှတ်တမ်းကို ပထမအကြိမ် ၁၉၀၈ ခုနှစ်မှာ ၂ တွဲခွဲပြီး ပထမအကြိမ်ရိုက်နှိပ်ခဲ့ပါတယ်။ ဒုတိယတွဲ ၁၉ မျက်နှာလောက် ပြင်သစ်သွားမှတ်တမ်းဖြည့်ရိုက်ထားပါတယ်။
၁၉၂၇ မှာ ဆရာဦးဖေမောင်တင်တို့ ရန်ကုန်တက္ကသိုလ်က လန်ဒန်သွားမှတ်တမ်း ပထမတွဲ။ ၁၉၂၈ မှာ ဒုတိယတွဲ။ ၁၉၂၉ မှာ ပြင်သစ်သွားမှတ်တမ်းတို့ထုတ်ဝေခဲ့ပါတယ်။
ကင်ဝန်မင်းကြီးရဲ့လန်ဒန်သွားနေ့စဥ်မှတမ်း နှင့် ပြင်သစ်သွားနေ့စဥ်မှတ်တမ်း (ဦးဖေမောင်တင်တည်းဖြတ်မူ) ကို ရန်ကုတန်တက္ကသိုလ် ပါမောက္ခချုပ်၊ မြန်မာ့သမိုင်းကော်မရှင်ဥက္ကဋ္ဌ တာဝန်များထမ်းဆောင်ခဲ့သူ၊ သီဟိုဠ်သံအမတ်ဟောင်း ဒေါက်တာထင်အောင်က စိန့်ဂျိမ်းနန်းတော်ရောက် ပထမဆုံး မြန်မာသံအဖွဲ့ခေါင်းဆောင် ကင်းဝန်မင်းကြီး၏နေ့စဥ်မှတ်တမ်း ၁၈၇၂-၂၄ ( First Burmese Mission to the Court of St. James's Kinwun Mingi's Diaries 1872-74) အမည်ဖြင့် ၁၉၇၄ ဒီဇင်ဘာလထုတ် မြန်မာနိုင်ငံသုတေသနဂျာနယ်၊ အတွဲ ၅၇ အပိုင်း ၁ နှင့် ၂ တို့တွင် ဖော်ပြထားခဲ့ပါတယ်။
ဒီစာအုပ် ၂ အုပ်ကို ဒေါက်တာထင်အောင်ဘာသာပြန်ဆိုခဲ့ရာမှာ အပြည့်အစုံမဟုတ်ဘဲ အရေးကြီး အချက်အလက်များမကျန်ရအောင် အကျဥ်းခြုံးပြန်ဆိုခဲ့တာဖြစ်ပေမယ့် နောက်ခံသမိုင်း၊ ရှင်းလင်းဝေဖန်ချက်များနဲ့ စံနစ်တကျကြိုးပမ်းစီစဥ်ထားတာပါ။ ယခုအချိန်အထိ စာအုပ်အဖြစ် ထွက်ရှိလာခြင်းမရှိနိုင်သေးပါ။ ပုံနှိပ်ထုတ်ဝေသင့်တဲ့ ကမ္ဘာသိ မြန်မာစာအုပ်ကိုထုတ်ဝေနိုင်ကြရင် ကောင်းလေစွလို့ အတွေးဝင်မိပါတယ်။
(ကမ္ဘာသိမြန်မာများ နှင့် ကမ္ဘာသိမြန်မာစာအုပ်များ။ ဆရာမောင်ဇေယျာ ရဲ့ စာအုပ်ကို အကျဥ်းချုပ်ထားပါတယ်)
(ဆုံး)
(Aung Myin Tun)
ကျေးဇူး သူငယ်ချင်း။
သူနဲ့ ကျွန်တော်က ၅ တန်းကတည်းက သူငယ်ချင်း။
လက်ထဲမှာ စာအုပ်ရှိတယ်။
ကင်းဝန်မင်းကြီးလန်ဒန်မြို့သွား နေ့စဉ်မှတ်စာတမ်း
ဒုတိယတွဲ
KINWUN MINGYI'S LONDON DIARY VOL. II
ဦးဘေမောင်တင်-တည်းပြင်ပြင်ဆင်သည်။ EDITED BY Professor PE MAUNG TIN, M.A., B.LITT.
[အစိုးရအမိန့်နှင့်ပုံနှိပ်သည်။] [Published by Authority]
RANGOON SUPDT., GOVT. PRINTING AND STATIONERY, BURMA 1954
အဖိုး—၅ ကျပ် ၆၀ ပြား။
ကျွန်တော့ဆီမှာ လန်ဒန်ရော ပြင်သစ်ပါ ရှိတယ်။
ကင်းဝန်မင်းကြီး လန်ဒန်မြို့သွား နေ့စဉ်မှတ်တမ်း စာအုပ် ပဌမတွဲ (၁၉၅၃) နဲ့ ဒုတိယတွဲ(၁၉၅၄) ထုတ်တွေ ရှိတယ်။ လိုက်ရှာရဦးမယ်။ နေ့စဉ်မှတ်တမ်းမှာ လအမည်တွေက မြန်မာလတွေသာ တွေ့သေးတယ်။ စာလုံးပေါင်းသတ်ပုံမှာတော့ တဝမ်းပူတွေကို မှန်အောင်ရေးထားပါတယ်။
ရှေးထုံးကိုပယ်၊ ဈေးနှုန်းကို တင်းတောင်းနဲ့သယ်တဲ့ခေတ် ရောက်နေပြီ။
ကင်းဝန်မင်းကြီး လန်ဒန်မြို့သွား နေ့စဉ်မှတ်တမ်း ttps://burmese-spelling.blogspot.com/2023/06/blog-post_303.html
ကျွန်တော့် အမေက မင်းတိုင်းပင်သူ။ ဦးကောင်းရဲ့ မြစ်တော်တယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ