ဆို။ သန်းသန်းဆင့်
ချစ်သူပတ်လည်ဝိုင်းလို့ ခင်မင်ချင်သူတွေများတဲ့ ကျမလိုသဘင်သည် အနုပညာရှင်မို့ မောင့်ရင်ထဲမတော့ သဝန်တိုပေမယ်
-
အတွေးရေယာဉ်ကြော× မောင်မျောရင် မောရုံသာရှိမယ် သံယောဇဉ်လဲ အသဲတွင်ငြိတယ်× (စွဲမိရွှေ ဘဝင် အကြင်နာ မကုန်လေတယ် ချစ်စိတ်မငြိုငြင်× ယုံစေချင်တယ် စိတ်ချပါ] မောင်ရယ်× အကြင်နာမို့ ချစ်သူဝိုင်းဝိုင်းလည်] ၂ ×။
ကျမအနုပညာကို ချစ်တဲ့သူတွေကလဲ ကျမအနားမှာဘဲ ဝိုင်းဝိုင်းလည်× ကျမရုပ်ရည်ကို နှစ်သက်သူတွေကလဲ ကျမအနားမှာဘဲ ဝိုင်းဝိုင်းလည်× ပြောဟန်ဆိုဟန် တေးသံလွင်လွင် ကြားချင် လှသရှင်× နားဆင်သူတွေကိုဖြင့် တုံ့ပြန်မေတ္တာများနဲ့ ထားရမယ်× အနုပညာသည်ပင်× သန့်သန့်ရှင်းရှင်း ချစ်ခြင်း အမြဲထားကာပင် တယောက်ဆိုတယောက်ထဲ– တပွင့်ထဲပန်ချင်× ရွှေလကို ကြည့်မိရင်ကွယ်× မေကတော့ ပြည့်ပြည့်ဝန်းဝန်း ရွှန်းမြစွာ ထွန်းပတာ မြင်ချင်ပါတယ်×။
မောင့်မျက်နှာ ရွှေလစန္ဒာ– သုန်ပါနဲ့မှုန်ပါနဲ့ ကွယ်လေးရယ်။
(စွဲမိရွှေဘဝင်.... .... .... .... .... ချစ်သူ ဝိုင်းဝိုင်းလည်) ၂ ×။
မှတ်ရန်များ
- ကျမအနားမှာဘဲ သည် ကျမအနားမှာပဲ မဟုတ်။
- တယောက်ဆိုတယောက်ထဲ မှာ စသတ်တွေမပါ။
- တပွင့်ထဲပန်ချင် မှာလည်း စသတ်မပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment