Skip to main content

အဆင့်ပါစာလုံးများ

အဆင့်ပါစာလုံးတွေ အများကြီးရှိတယ်။ ခေတ်သဘောအရ အဆင့်တချို့ကို မသုံးကြတာလည်း ရှိတယ်။ အဆင့်နဲ့ ဆက်ရေးတာလည်းရှိတယ်။

ကစ္စပနဒီ (ကုလားတန်မြစ်)၊

ကမ္ဘာ၊

ကျမ္မာ၊ 

ခန္တီး၊ 

စေတုတ္တရာ၊ 

ဇမ္ဗူသီရိ၊ 

တက္ကသိုလ်၊ 

နတ္တလင်း၊ 

နတ်သ္မီး၊ 

နမ္မတူ၊ 

ပခုက္ကူ၊ 

မတ္တရာ၊ 

မန္တလေး၊ 

မြမ္မာ၊ 

မိတ္ထိလာ (မိတ္ထီလာ)၊ 

မိမ္မ၊ 

မုတ္တမ၊ 

မုပ္ပလင်၊ 

ယောက်ျား၊ 

ယ္ခင် 

လပွတ္တာ၊ 

လိမ္မာ 

လိမ္မာရေးခြား 

လိမ္မော် 

လိမ္မော်ရောင် 

လ္ဘက်၊ 

သခွတ္တနယ်၊ 

သင်္ကြန်။

သတို့သ္မီး၊ 

သရေခတ္တရာ (ပြည်)၊

သလ္လာဝတီ (မုံရွာ)၊

သာဝတ္ထိ၊ 

သိန္နီမြို့၊ 

သုဝဏ္ဏဘူမိ (သထုံ)၊

သေတ္တရာရွာ 

သ္ခင်၊ 

သ္မီး၊ 

ဟုမ္မလင်း၊ 

အကျႌ၊ 

အက္ခရာ

အာလကပ္ပ၊ 

ခုခေတ်မှာ ပိုလွယ်ကူပြီး အဓိပ္ပါယ်လည်း မပျက်အောင် အဆင့်မပါဘဲ ရေးတာကြတယ်။

ကိုယ်ပိုင်အမည်တွေကို မပြင်သင့်ပါ။

အရင်က မြမ္မာလို့ ရေးပါတယ်။ အခု မြန်မာ။ ခေတ်သဘော ကိုက်ညီတယ်။ ဒါပေမဲ့ အရင်က မြမ္မာ လို့ ရေးထာတဲ့စာ၊ စာအုပ်၊ ကဗျာ၊ သီချင်းတွေကို စာလုံးပေါင်းမပြင်သင့်ပါ။ 

မြန်မာစာကို စာလုံးပေါင်းသတ်ပုံ မှန်အောင်မသင်တော့တဲ့ တက္ကသိုလ်ကိုလည်း အဆင့်မပါဘဲ မရေးသင့်ပါ။ 

‘ဒုက္ခ’ ကို ‘ဒုတ်ခ’ လို့ရေးရင်တော့ သေချာပေါက် ဒုက္ခတွေ့နေသူ

‘သဒ္ဒါ’ နဲ့ ‘သဒ္ဓါ’ အသံထွက် တူတယ်။ စာလုံးပေါင်းလွဲရင် ဆိုလိုချက် မှားပြီ။

‘မိခင်’ လို့ ရေးတာကို ‘မိဂင်’ လို့ဖတ်ရတဲ့အတွက် ကိုယ့်မိခင်ကို ‘မိဂင်’ လို့ ရေးမှာလား။

‘စားချင်’ လို့ရေးတာကိုလည်း ‘စားဂျင်’ သံထွက်တဲ့အတွက် ‘စားဂျင်တယ်’ လို့ ရေးမှာလား။

‘နေပြည်တော’် ကို ‘နေပြည်ဒေါ်’ သံထွက်လို့ ‘နေပြည်ဒေါ်’ လို့ ပြောင်းရေးသင့်သလား။

‘မန္တလေး’ ကို ‘မန်းလေး’ လို့ ရေးနေတာတွေ မှားတယ်။ ‘တ’ သံပါမှသာ မှန်တယ်။ 

‘ရန်ဂုံ’ သံထွက်လို့ ‘ရန်ကုန်’ ကို ‘ရန်ဂုံ’၊ ‘ရန်ဂုဏ်’၊ ‘ရံဂုံ’၊ ‘ယံဂုဏ်’ လို့ မရေးရပါ။

‘မြန်မာ’၊ ‘မြမ္မာ’ မှန်တယ်။ ‘မျန်မာ’ မှားတယ်။

‘မေတ္တာ’ ကို ‘မစ်တာ’ လို့ရေးရင် မြန်မာစာကို မုန်းတဲ့သူ။

‘ဒုက္ခ’ ကို ‘ဒုတ်ခ’ လို့ရေးရင်တော့ သေချာပေါက် ဒုက္ခတွေ့နေသူ။

‘သစ္စာ’ ကို ‘သစ်စာ’ လို့ရေးရင် မြန်မာစာအပေါ် သစ္စာမဲ့သူ။

အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ဇန္နဝါရီ၊ ဘက္ထရီ၊ မိုက္ခရိုဝေ့၊ စတာတွေမှာ အဆင့်မပါလည်း မမှားပါ။

အရင်က တရုပ်ပြေးမင်းကို တရုက်ပ္လိယ်မင်းလို့ ရေးခဲ့တယ်။ တချို့အပြောင်း ကောင်း၏။ တချို့အပြောင်း မကောင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ