ကစ္စပနဒီ (ကုလားတန်မြစ်)၊
ကမ္ဘာ၊
ကျမ္မာ၊
ခန္တီး၊
စေတုတ္တရာ၊
ဇမ္ဗူသီရိ၊
တက္ကသိုလ်၊
နတ္တလင်း၊
နတ်သ္မီး၊
နမ္မတူ၊
ပခုက္ကူ၊
မတ္တရာ၊
မန္တလေး၊
မြမ္မာ၊
မိတ္ထိလာ (မိတ္ထီလာ)၊
မိမ္မ၊
မုတ္တမ၊
မုပ္ပလင်၊
ယောက်ျား၊
ယ္ခင်
လပွတ္တာ၊
လိမ္မာ
လိမ္မာရေးခြား
လိမ္မော်
လိမ္မော်ရောင်
လ္ဘက်၊
သခွတ္တနယ်၊
သင်္ကြန်။
သတို့သ္မီး၊
သရေခတ္တရာ (ပြည်)၊
သလ္လာဝတီ (မုံရွာ)၊
သာဝတ္ထိ၊
သိန္နီမြို့၊
သုဝဏ္ဏဘူမိ (သထုံ)၊
သေတ္တရာရွာ
သ္ခင်၊
သ္မီး၊
ဟုမ္မလင်း၊
အကျႌ၊
အက္ခရာ
အာလကပ္ပ၊
ခုခေတ်မှာ ပိုလွယ်ကူပြီး အဓိပ္ပါယ်လည်း မပျက်အောင် အဆင့်မပါဘဲ ရေးတာကြတယ်။
ကိုယ်ပိုင်အမည်တွေကို မပြင်သင့်ပါ။
အရင်က မြမ္မာလို့ ရေးပါတယ်။ အခု မြန်မာ။ ခေတ်သဘော ကိုက်ညီတယ်။ ဒါပေမဲ့ အရင်က မြမ္မာ လို့ ရေးထာတဲ့စာ၊ စာအုပ်၊ ကဗျာ၊ သီချင်းတွေကို စာလုံးပေါင်းမပြင်သင့်ပါ။
မြန်မာစာကို စာလုံးပေါင်းသတ်ပုံ မှန်အောင်မသင်တော့တဲ့ တက္ကသိုလ်ကိုလည်း အဆင့်မပါဘဲ မရေးသင့်ပါ။
‘ဒုက္ခ’ ကို ‘ဒုတ်ခ’ လို့ရေးရင်တော့ သေချာပေါက် ဒုက္ခတွေ့နေသူ
‘သဒ္ဒါ’ နဲ့ ‘သဒ္ဓါ’ အသံထွက် တူတယ်။ စာလုံးပေါင်းလွဲရင် ဆိုလိုချက် မှားပြီ။
‘မိခင်’ လို့ ရေးတာကို ‘မိဂင်’ လို့ဖတ်ရတဲ့အတွက် ကိုယ့်မိခင်ကို ‘မိဂင်’ လို့ ရေးမှာလား။
‘စားချင်’ လို့ရေးတာကိုလည်း ‘စားဂျင်’ သံထွက်တဲ့အတွက် ‘စားဂျင်တယ်’ လို့ ရေးမှာလား။
‘နေပြည်တော’် ကို ‘နေပြည်ဒေါ်’ သံထွက်လို့ ‘နေပြည်ဒေါ်’ လို့ ပြောင်းရေးသင့်သလား။
‘မန္တလေး’ ကို ‘မန်းလေး’ လို့ ရေးနေတာတွေ မှားတယ်။ ‘တ’ သံပါမှသာ မှန်တယ်။
‘ရန်ဂုံ’ သံထွက်လို့ ‘ရန်ကုန်’ ကို ‘ရန်ဂုံ’၊ ‘ရန်ဂုဏ်’၊ ‘ရံဂုံ’၊ ‘ယံဂုဏ်’ လို့ မရေးရပါ။
‘မြန်မာ’၊ ‘မြမ္မာ’ မှန်တယ်။ ‘မျန်မာ’ မှားတယ်။
‘မေတ္တာ’ ကို ‘မစ်တာ’ လို့ရေးရင် မြန်မာစာကို မုန်းတဲ့သူ။
‘ဒုက္ခ’ ကို ‘ဒုတ်ခ’ လို့ရေးရင်တော့ သေချာပေါက် ဒုက္ခတွေ့နေသူ။
‘သစ္စာ’ ကို ‘သစ်စာ’ လို့ရေးရင် မြန်မာစာအပေါ် သစ္စာမဲ့သူ။
အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ဇန္နဝါရီ၊ ဘက္ထရီ၊ မိုက္ခရိုဝေ့၊ စတာတွေမှာ အဆင့်မပါလည်း မမှားပါ။
အရင်က တရုပ်ပြေးမင်းကို တရုက်ပ္လိယ်မင်းလို့ ရေးခဲ့တယ်။ တချို့အပြောင်း ကောင်း၏။ တချို့အပြောင်း မကောင်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment