စီစီရီရီ / ရွှေမန်းဆီသို့ မှန်လားဆရာ
စီ - ကြိ / စီ / ၁။ တယောက်နှင့် တယောက်၊ တကောင်နှင့် တကောင်၊ တခုနှင့်တခု၊ အစဉ်အလိုက် တည်ရှိသည်။ ယင်းသို့ တည်ရှိစေသည်။ "အောက်အပြင်၌ကား၊ ပတ္တမြားဖြင့် ပြီးသော အိုင့်ကို စီ၏။" နရ၊ ၂၇၇။ ၂။ အက္ခရာစာလုံးများကို နေရာတကျရှိအောင် ရေးသားသည်။ "စာချုပ်မှာလည်း မြန်မာကို အလျင်စရီ စီသည်။" လန်ဒန်၊ ဒု၊ ၄၂၇။ ၃။ ပုံနှိပ်ခဲစာလုံးကို လက်ဖြင့်ဖြစ်စေ၊ စက်ဖြင့်ဖြစ်စေ နေရာတကျ ထည့်သွင်းထားရှိသည်။ ၄။ အဆက်မပြတ် စုဝေးဖြစ်ပေါ်သည်။ "ပါးစောင်က အမြှုပ်စီအောင်၊ ဖွာလီစကား ပြောဟော၍။" ပုညဝတ်၊ ၂၀၂။
စီ - စည်း / စီ / တခုထက်ပိုသော အရာဌာနတို့တွင် စေ့စေ့မျှမျှတကျရှိသည်ကို ပြသော စကားလုံး။ "အစေ့အိမ်ကလေးများ တတန်းစီ ရှိသည်။" မြေဆီ၊ ၃၃။
စီကာပတ်ကုံး - ကြိဝိ / စီဂါပတ်ကုန်း / ပွဲ့ပွဲ့နွဲ့နွဲ့။ "ကုန်ပစ္စည်း၏ ဈေးသက်သာပုံကို စီကာပတ်ကုံး ပြောပြရမည်။" ကုန်စုံ၊ ၂၉။
စီကုံး - ကြိ / စီဂုန်း / သင့်လျော်ရာ ယှဉ်ဖက်ဖွဲ့နွဲ့ ရေးသားစပ်ဆိုသည်။ "ကုန်စင်ထင်ရှား၊ စကားပြေ စီကုံးပေအံ့။" တေ၊ ၃။
စီခြယ် - ကြိ / စီချယ် / (ကျောက်မျက်တို့ ကို) သင့်လျော်အောင် ဖက်တွဲတပ်ဆင်သည်။ "ရတနာခုနစ်ပါး စီခြယ်ထားသော ဝေါပေါ်ဝယ်။" ဝိဓူ၊ ပ၊ ၁၈၂။
စီစီ - န / စီစီ / ဆူညံခြင်း။ "တောကြက်ကယ် သံစီစီနှင့်။" ဝိဓူ၊ ပ၊ ၂၀။
စီခြယ် - ကြိ / စီချယ် / (ကျောက်မျက်တို့ ကို) သင့်လျော်အောင် ဖက်တွဲတပ်ဆင်သည်။ "ရတနာခုနစ်ပါး စီခြယ်ထားသော ဝေါပေါ်ဝယ်။" ဝိဓူ၊ ပ၊ ၁၈၂။
စီစီ - န / စီစီ / ဆူညံခြင်း။ "တောကြက်ကယ် သံစီစီနှင့်။" ဝိဓူ၊ ပ၊ ၂၀။
စီစီညံညံ - ကြိဝိ / စီစီညန်ညန် / ဆူညံစွာ။ "စီစီညံညံ လွန်မင်းစွာ ကြောက်လန့်သော အသံတို့နှင့်။" ဝက်၊ ၄၉။
စီစဉ် - ကြိ / စီဇင် / နေရာတကျ ထားသိုသည်။ "လက်ဆောင်တော်များကို စီစဉ် ခင်းကျင်းထားပြီးလျှင်။" ပြင်သစ်မှတ်၊ ၁။
စီတင်း - န / စီတင်း / အပွင့်ခုနစ်ပွင့်ပါသော သုံးပွင့်ဆိုင်အချုပ်။ (အနီလေးပွင့်နှင့် အဖြူသုံးပွင့် ကောက်လျက်ပါသော အချုပ်ကို စီတင်းကောက်၊ အဖြူခြောက်ပွင့် အနီတပွင့်ပါသော အချုပ်ကို စီတင်းဖြောင့်၊ စီတင်းချွန်းဟု ခေါ်သည်။) "စီတင်းဖြောင့် စီတင်းကောက်တစုံ မိစ္ဆန္တ ၁၄ ပေါက်သည် အကုသိုလ် စေတသိက် စုဗ္ဗဿကို... ရည်သည်။" ဖလဲ၊ ၁၁။
စီတန်း - ကြိ / စီတန်း / ရှေ့၊ နောက်စဉ်၍ ဖြစ်စေ၊ ဘေးချင်းကပ်၍ဖြစ်စေ အရှည်အလျား တည်ရှိသည်။ "အနောက်ဘက်သို့ ချဉ်း၊ မျက်နှာမူ၍ စီတန်းကာ နေရသည်။" ချုပ်ပုံ၊ တ၊ ၂၀၁။
စီမံ - ကြိ / စီမံ / ၁။ ပြုလုပ်သည်။ ဆောင်ရွက်သည်။ ဖန်တီး၊
(၂)
ရွှေမန်းဆီသို့
ရေး။ ဦးဘသိန်း
ဆို။ မစိမ်းစိမ်း
ရွှေမန်းဆီသို့ တခါတခေါက်ဖြင့် ရောက်စေချင်သည်။ ကျုံးတော် ပတ်လည်ပြမြို့ရိုး ပြုအိုးပစ္စင် ကာရံကာအတည် မြန်မာစံဌာနီ သာယာပါပေသည်။ ရေရိပ် ရေအောက်ဆီ နေခြည်ဟပ်ကာ လွန်ပနံ ရလှသည်။
ရှုဘွယ်စုံညီ ရွှေမန်းတော် အရှေ့ဆီ၊ မြရည်ညိုညို တောင်တန်းတွေက မှုန်ရီ ငရံ့မင်းစေတီ တောင်တော်ထူး အောင်ပင်လယ်ယာပြင်ဦးက ဖူးနိုင်သည်။ အထူးဘဲ အစဉ် ဖိတ်ခေါ်ပါသည်။
(ဟိုမှသည် အရောက်သွားလို့ မန္တလေး တောင်တော်ဆီ တတောက် နားမည်၊ မြင်ကွင်းကျယ်ကျယ် ပတ်ဝန်းကျင်ဝယ် မှန်းလို့ရှုရမည်)၂ မှုန်ရီမှေး ဟိုအဝေးက စေတီ၊ သခင်မ တောင်တော်မဟီနှင့်၊ အနောက်မြောက်ယွန်းတော့ မင်းကွန်း ထိုစေတီ ဖူးတွေ့ရမည်။
ဧရာဝတီမြစ်ကြောင်းဆက်ကာ အနောက်ဘက်မှ ရှုကြည့်ပါ၊ ပုထိုး စေတီတီထူး ဦးချီ စစ်ကိုင်း မင်းဝံဆီ။
စစ်ကိုင်းတောင်တော်အဆုံဆီ ဇေယျာရွှေပြည် ညို့မှိုင်းလျက်တည်၊ သည်မှာ ဘက်ကမ်း ကြက်ညီနောင်စံမြန်းတဲ့စေတီ၊ မြူခြည်တွေထဲ မသဲမကွဲ ဖူးတွေ့နိုင်သည်။
ဒါတွေစုံပါပြီ၊ မြို့တွင်းကို လှည့်မည်၊ ဇေယံဘုံပမာ နန်းဆောင်တမျှ သိင်္ဂါရွှေရောင် ထိန်ဝါဝေပြာင် အလျံကိုဆောင် မြို့တောင်အဖျားဆီ မှန်းရည် မဟာမြတ်မုနိ ကိုယ်တော် စံရာကိုပင် ဖူးတွေ့နိုင်ပါသည်။ ။
https://www.facebook.com/reel/1654374375843883
စိုးရိမ်ချက်
ခေတ်လူတွေက "မန်းလေးစီတို့" သီချင်းစပ်ဆိုကြလိမ့်မည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment