Skip to main content

ဂဃနဏ နဲ့ ကျကျနန

ဆရာ ဂဃနဏ နဲ့ ကျကျနန အဓိပ္ပာယ် တူညီပါသလားဆရာ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ် ကျေးဇူးတင်ပါတယ်ဆရာ

ဂဃနဏ နှင့် ကျကျနန တို့သည် အဓိပ္ပာယ် အနည်းငယ် ဆင်တူသော်လည်း အသုံးအနှုန်းနှင့် အလေးပေးပုံချင်း ကွာခြားမှု ရှိကြပါသည်-

ဂဃနဏ ဆိုသည်မှာ တစုံတရာကို "သေသေချာချာ၊ ကွက်ကွက်ကွင်းကွင်း၊ ရှင်းရှင်းလင်းလင်းနှင့် အသေးစိတ် သိရှိခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း" ကို ညွှန်းဆိုပါသည်။ (ဥပမာ - ကိစ္စရပ်တခုကို ဂဃနဏ သိရှိသည်)

ကျကျနနဆိုသည်မှာ လုပ်ငန်းဆောင်တာတခုခုကို "စနစ်တကျ၊ ပြည့်စုံသေသေချာစွာ၊ ပြီးပြည့်စုံကောင်းမွန်စွာ" ပြင်ဆင်ဆောင်ရွက်ခြင်းကို ဦးတည်ပါသည်။ (ဥပမာ - အခမ်းအနားတခုအတွက် ကျကျနန ပြင်ဆင်သည်)

သေသေချာချာ ပြုလုပ်သည်ဟူသော အချက်တွင် တူညီကြသော်လည်း ဂဃနဏသည် အသိပညာ၊ အချက်အလက်နှင့် သဘောတရားတို့ကို ထင်ရှားစွာ သိရှိနားလည်ခြင်းဘက်တွင် ပို၍ အသုံးများပြီး၊ 

ကျကျနနသည် လက်တွေ့လုပ်ဆောင်မှု၊ ပြင်ဆင်မှုနှင့် ဖြစ်မြောက်မှုတို့တွင် စနစ်တကျ ရှိခြင်းဘက်ကို ပို၍ ဦးတည်ပါသည်။

ဂဃနဏ - ကြွံ / ဂါ့ဂါ့နန ? / ကွဲကွဲပြားပြား။ ခြားခြား နားနား။ အသေးအချာ။ အတိအကျ။ “ထိုပုဂ္ဂိုလ်၏ အကြောင်း အဝကို ဂဃနဏ မချွတ်မီ မသိနိုင်တော့ပါ။” ဥက္ကံ၊ နိဒါန်း။ ၂၇။ 

ကျန - ကြိ / ကျာ့နာ့ / ၁၊ သေချာထိမိသည်။ “ပိဋကတ်ကို တတ်သော်လည်း အယူအဆ ကျန ခြင်း မရှိ” ချုပ်ပုံ၊ တ။ 

၁၀၉။ ၂၊ ကြွင်းကျန်သည်။ “ရေးကူးဘန်များသဖြင့် မှားယွင်း ကျန ရှိသည်ကို” မင်းရှင်၊ နိဒါန်း။ 

၃၊ တန်ဖိုးသင့်သည်။ “တရားစရိတ် ကျန ရန်ရှိသမျှကို ယောက်ျားက တဝ တည်းခံစေ” သတ်ကြီး၊ ၄၁။  

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ