ငါးပုန်နား ရှယ်စပါပြီရှင် တပိသာ ၆၅၀၀၀
ငပုဏ္ဏားလို့ ရေးရ။
သူငယ်တန်းသင်ပုန်းကြီးမှာ -
င ငပုဏ္ဏား ဟင်းချက်စား။
အရင်က ငါးတွေကို င နဲ့သာ ရေးပါတယ်။
တပိဿာလို့ ရေးရ။
တချို့ဖုန်းတွေမှာ ဿ ကို မရှာတတ်ကြ။
သ ကို ဖိထားလိုက်ရင် ဿ ပေါ်လာတယ်။
တ နဲ့ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
"ငပုဏ္ဏား" ကို အင်္ဂလိပ်လို Paradise fish သို့မဟုတ် Paradise gourami ဟု ခေါ်ဆိုပြီး ယင်း၏ သိပ္ပံအမည်မှာ Macropodus opercularis ဖြစ်သည်။
၎င်းသည် ငါးသိုင်းမျိုးနွယ်ဝင် (Gourami) အရောင်အသွေးစုံလင်ပြီး လှပသော ရေချိုအလှမွေး ငါးတမျိုး ဖြစ်သည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment