Skip to main content

ဗန်း ဘန်း

ဆရာခင်ဗျ ဘန်း ဗန်း ဘယ်ဟာ အမှန်ဖြစ်မလဲ ဗျ

ဗန်း

ဗန်း၁ – န / ဗန်း /  နှီး၊ ထန်းခေါက် စသည်ဖြင့် ရက်လုပ်ထားသော အနားစောက်တိမ်သည့် ထည့်စရာ။ အနားစောက်ပါ၍ ပြန့်သော ထည့်စရာ။

ဗန်း၂ – န / ဗန်း /  အပေါ်ယံအမြင်။ အလွယ်အားဖြင့် အကဲဖြတ်နိုင်သည့် မြင်ကွင်း။ (အပြင်ဗန်း၊ ရောင်းဗန်း၊ မျက်နှာဗန်း စသည်ဖြင့် တွဲစပ်သုံးသည်။)

ဗန်း၃ – န / ဗန်း /  ဘန်းစကား – န၊ ရှု။

ဗန်းကုပ် – န / ဗန်းဂုတ် /  ဗန်းခုံး – န၊ နှင့်အတူတူ။ “သည်နွေပူ ဘိက္ခူလုပ်မယ်၊ ဗန်းကုပ်နဲ့လေး။” သီချင်းပဒေသာ၊ ပ။ ၃၅။

ဗန်းခုံး – န / ဗန်းဂုန်း /  အလယ်တွင် ရှို့ခွက်နေသော ဗန်း။

ဗန်းစကား – န / ဗန်းဇဂါး /  ဘန်းစကား – န၊ ရှု။

ဗန်းတင် – ကြိ / ဗန်းတင် /  [ဥပစာ] အမြတ်တနိုး မြှောက်စားသည်။ ချီးမွမ်းဖော်ထုတ်သည်။

ဗန်းပြ – ကြိ / ဗန်းပျ /  [ဥပစာ] မြင်သာအောင် အရေးထား၍ ပြသသည်။ဗန်းမလှ – ကြိ / ဗန်းမလှ /  အပြင်ဗန်း မလှဘဲရှိသည်။ (ရောင်းဗန်းမလှ၊ မြင်ဗန်းမလှဟု သုံးလေ့ရှိသည်။)

ဗန်းရှုံး – ကြိ / ဗန်းယှုန်း /  တဗန်းရှုံး – ကြိ၊ နှင့် အတူတူ။

ဘန်း

ဘန်းစကား – န / ဗန်းဇဂါး / ခေတ်ကာလအလျောက် ဝှက်၍ဖြစ်စေ၊ တင်စား၍ဖြစ်စေ၊ အကြောင်းစွဲ၍ဖြစ်စေ အသစ်ဖြည့်သွင်း တီထွင်ပြောဆို သုံးနှုန်းသော စကားလုံး။

ဘန်းမုန့် – န / ဗန်းမုန့် / အရသာချိုသော ပေါင်မုန့် အလုံးဝိုင်းတမျိုး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ