သူက ဟိုခေတ်အစောကြီးကတည်းက တခြားတိုင်းပြည်တခုမှာ အဲဒီခေတ်ကအစိုးရက စေလွှတ်တဲ့တာဝန်နဲ့ နေထိုင်းရတယ်။ အခုလည်း အဲဒီနိုင်ငံမှာဘဲ။
သူလည်း ပညာသမား။ စာအုပ်တွေပါ ဝယ်ယူ မှာယူစုဆောင်းထားသူ။
ကျွန်တော်ကတော့ တိုင်းပြည်ကနေ ထွက်ပြေးရဖြစ်တော့ ဘာစာအုပ်မှ မသယ်နိုင်ခဲ့ပါ။
နယူးဒေလီမှာ အနေကြာတော့မှသာ မြန်မာပြည်ကသယ်ယူပြီး လာရောင်းသူဆီကနေ မြန်မာ့စွယ်စုံကျမ်း အဟာင်းတစုံ ၁၅ အုပ်ဝယ်ထားရပါတယ်။
စာအုပ်ဆိုတာ တချို့လူတွေအတွက် ဝမ်းစာလိုဘဲ။
စာအုပ်ဆိုတာကလည်း ဟောင်းချင်ဟောင်ပါစေ အားထားလောက်တဲ့ စာအုပ်မျိုးတွေ ဖြစ်သင့်တယ်။
ခေတ်က အတော်ကို ပျက်စီနေချိန်။
မြန်မာ့စွယ်စုံကျမ်းကို ပြန်ထုတ်မှာကို အတော်စိုးရိမ်မိတယ်။
ပြန်ထုတ်သမျှစာအုပ်တွေ မူရင်းအတိုင်းမှန်တာ တအုပ်တလေ မတွေ့မိပါ။
ယနေ့ခေတ် မြန်မာစာပေဟာ ဆဒ္ဒန်ဆင်မင်းအစွယ်တွေ ဖြတ်ယူခံထားရသလို အစွယ်မဲ့နေပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment