ဂေါ်သဇင်
နှင်းဆီ ဖြူ ဝါ
အိမ်ရှေ့မှာ
နှင်းဆီနီနဲ့ ထပ်တရာ
ခွာဖြူကတော့ ရာသီကုန်ပြီ
တချိန်က
"ပန်းတွေနဲ့ဝေ" သည် ညွန့်ဝင်း သီဆိုထားပြီး ၁၉၇၇ ခုနှစ်တွင် ထွက်ရှိခဲ့သော မြန်မာ့ရုပ်ရှင်နှင့် တေးသီချင်းတပုဒ် ဖြစ်ပါသည်။ ဤသီချင်း၏ တေးရေးမှာ စန္ဒယားလှထွတ် ဖြစ်ပါသည်။
မင်းသမီး ခင်ယုမေ။
နောက်တော့ တခြားအဆိုတော် အတော်များများက ပြန်ဆိုတယ်။
မောင်ဝဏ္ဏ ဝတ္ထုလည်းရှိတယ်။
ဘယ်အရာကိုမဆို မှတ်မှတ်သားသား အလေ့အထကောင်း နည်းကြတော့ မူရင်းတွေ ပျောက်ကုန်တယ်။
အခုခေတ်မှာ ဝဆွဲ မပါတဲ့ဖုန်းအညံ့စားသာ သုံးရသူတွေက တွေ ကို မှန်အောင်မရေးတတ်ကြတော့ပါ။
သီချင်းစာလည်း တေ၊
တရားစာလည်း တေ၊
ကျန်းမာရေးမေးလည်း တေ။
ဖုန်းကောင်းကောင်း ဝယ်နိုင်ကြပါစေ။
စာအုက်ကောင်းတွေ ဖတ်နိုင်ကြပါဆေစ။
သီချင်းကောင်းတွေ ဆိုနိုင်ကြပါစေ။
ပန်းတွေလို မွှေးပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment