တုန်း | ဘူရိဒတ်ဇာတ်ပေါင်းတွင် ပိတုန်းကို “နတ်ဝင် (ကျောက်) ပိတုန်း၊ တောင်ပံရွှန်းလျက်၊ မပြုန်းမကြောက်”။ ထောင်သင်း (မင်းနဝဒေး) ဆို အံ့ဖွယ်ပေရာရှိသည့်ရတုတွင် “ပင်လွှတ်ဖြန်းဖြန်း၊ စက်သံမှုန်းက၊ ပိတုန်းပျားသေး၊ ငှက်မျိုးဝေး၏”။ ရှင်ဓမ္မသာရ မိန့်တော်မူသည့်ကြတွက်ဆဒ္ဒ သို့သည့်ရတုတွင် “သတပတ်ရွှေကြာ၊ လင်္ကာမည့်ရှန်း၊ ပိတုန်းဖုန်းဝဲ၊ မုစ္စာပွဲနှင့်”။ မင်းနဝဒေးဆို မနော်ဟရီတွင် “တရှန်းရှန်းလျှင်း၊ ပိတုန်းနှင့်ပျား၊ ရှာဖွေဖျားလည်း”။
တုံး | စတ်ရုံကျောင်းဖွဲ့တွင် “ချောမြေ့ပြုံးလု၊ ပိတုန်း ပိတ်ထား”။ ဟုရှိ၊ စပ်သည်မှာ ပိတုန်းကိုသတ်ဝိသဇ္ဇနီပေါက်၊ သေးသေးတင် ပိသဒ္ဒါနိပေါက်နှစ်စပ်တေဖုရာ၊ ပိတုန်းပိတ်ထားဆိုရာမှာသေတောကိုရှု၍၊ ယူလျှင်အစွန်းအကေရိုပိတ်အောင်ပိတ်ထားသည်ဟုယူ၍ ပိတုန်းကိုသေးသေးတင်၊ ပိသဒ္ဒါနိပေါက်စပ်တော်မူဟန်ရှိသည်။ ပိတုန်းသတ္တဝါကို အစပ်အများ ရှိသည့်အတိုင်း နသတ်အမှန် မှတ်လေ။
ထုပ် | ထုပ်ကို နန်းတွင်းတွင် “တင်တုံလျှောက်ထုပ်၊ မွန်အုပ်စိန်၊ ခုံနေသပ်ဖ”။ ရှင်ဓမ္မသာရမိန့်တော်မူသည့် ကြတွက်ဆဒ္ဒ သို့သည့်ရတုတွင် “သစ်ရုပ်လျောက်ထုပ်၊ အကြုပ်အဆင့်”။ သို့သတ်အစပ်ရှိသည်။ မသတ်မှတ်လေ။
ထုတ် | ၎င်းကြတွက်ဆဒ္ဒ သို့သည့်ရတုတွင် “ငါးတောင်ပြည့်လုတ်၊ တမုတ်လျှောက်မှ၊ မြဲထုတ်ခုနှစ်တောင်” ဟူ၍ ဆိုရာမှာ ထုတ်ကို မဆိုလို၊ မြဲထုတ်ခုနှစ်တောင်ထုတ်သည် ဆိုလိုသည်။
ချေ | တိမ်ချေဟူ၍ စပ်သည်ကား - ထောင်သင်း (မင်းနဝဒေး) ဆို ပြာသိုဟူ၍ ရှိသည့်ရတုတွင် “နိးဝေးတိမ်ချေ၊ မှိုင်မှိုင်နွမ်းလျ၊ တောင်လေစလာ ပြန်ဘိသည်”။ ဇင်မေယ် စာတွင်
တုန်း၊ ထုပ်၊ ချေ၊ မှုန့်၊ မူး၊ မုံ၊ ပြုန်း | ၂၀၁
လွှတ်အလျှောက်လေဆိုသည့်ရတုတွင် “စစ်တာဝေးမြောက်၊ ကြားရပေထို၊ ချေကောင်းကင်းငှက်၊ အသွင်သို့”။ သည့်မတေပါတိမ်ချေကို သဝေထိုးအစပ်များသည်၊ ၎င်းတွင် လွှတ်အလျှောက်လေဆိုသည့်ရတုတွင် “ကြာရှေ့၇ညို၊ ပုံတော့မမည်ဟု၊ တိမ်ချေကောင်းကင်း၊ လွန်လေချင်သည်”။
ချည်း | ထောင်သင်း (မင်းနဝဒေး) ဆို မင်းဆင်ဟူ၍ ရှိသည့်ရတုတွင် “မိုးစွန်တိမ်ချည်း၊ မယ်သို့ရည်လေဝါ၊ ငါးမည်ကြိုသင့်”၊ ညသတ်လည်းစပ်သည်။ တိမ်မြှင့်တိမ်ချည်းဟူ၍၊ တိမ်ရောင်တိမ်ချည်း ဟူ၍လည်း ယူရမည်။
မှုန့်
မှုန့်မှုန့်
မှုန့်မှုန်း
မုန့်
မုန့်မုန့်
မုန့်မုန်း
အမှုန့်၊ နုန့်နုန့်၊ စုန်းစုန်း၊ ရှုန့်သည်၊ ဖြူဖြူပြောင်းများကို နသတ်စပ်သည်ကား - ဘုရီးဒတ်လက်တွင် “တင့်ချင်စိမ့်မှုန့်၊ ချည်းရွှန်းကြမ်းကြမ်း”။ ပုံတောင်တွဲတွင် “စိဋ္ဌသိန်နုန့်၊ မြေမှုန့်ထောင်းထောင်း”။ ဟတ္ထိပါလဆန်းတွင် “ဂင်္ဂါမည်လျား၊ ကမ်းနားထက်စု၊ သဲမှုန့်ရက်ထုတ်”။ ၎င်းပုဏ္ဏောမခန်းတွင် “မတ်ဆိတုံဖြူ၊ ပင်စုံမှုန့်ပြု”။
အမှုန့်ကိုသေးသေးတင်စပ်သည်ကား - တောင်ငူမင်းရဲကျော်စွာ ဆို ညှိမြွှတ်မွှတ်ဆိုသည့်ရတုတွင် “မြတ်ဆုံမုံ၊ ဖြူ၊ အုံ၊ သို့၊ သက်လို့အာ” ဟူ၍ သေးသေးတင် စပ်လေသည်။ သို့ စပ်သော်လည်း အမှုန့်ကို နသတ်သာ အစပ်အဟပ်များသည်။ နသတ်မှတ်လေ။
မူး
မူးမူး
မူးမူး
စားသည့်မုံ့ကို ရဝေရှင်ထွေးအဧ်ချင်းတွင်တွင် “ဆီပေါ်နေလှပ်၊ ယိုသနပ်နှင့်၊ နှစ်ထပ်မလို့၊ မသိုးမုံ့က၊ စသည်ထွေထွေ” ဟူ၍ သေးသေးတင်စပ်သည်။
ပြုန်း
ပြုံး
တောင်ပြန်ကို မင်းတရား ရွှေထီးချည်း သကဇင် ပါ၍ စပ်သည့်စာတွင် “ရှေ့ပြိုင်နှုန်း၊ တောင်ပြန်တလျှောက်၊ တလျှောက် ပြောင်းရှာ” ဟူ၍ နသတ်စပ်သည်။ ရေးထုံးကား သေးသေးတင်၍ အရေးများသည်။
H 474—26 [ဟံသာဝတီ]
မှတ်ရန်
စားတဲ့အရာကို မုံ့ လို့ သုံးထားပါကြောင်း။
မြန်မာ့စွယ်စုံကျမ်ူမှာလည်း မုံ့။
နောက်တော့ မြန်မာအဘိဓာန် အကျဉ်းချုပ်မှာ မုန့်။
ကောက်ချက် မုံ့ လည်း မှန်။ မုန့် လည်း မှန်။
ကူးရေးတာ မှားရင် ကျွန်တော့တာဝန်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment