လူငယ်တွေ မှားတယ်လို့ ကောက်ချက်ချတာ မကြာမကြာဖတ်ရတယ်။ လူကြီးတွေလည်းမှားတယ်။
သတ်ပုံမှားရေးမိတာ တိုင်းရင်းသားထင်တယ်လို့ ခပ်လွယ်လွယ် ပြောတတ်ကြတယ်။ ရွှေဗမာတွေမှားတာကို ပိုဖတ်ရတယ်။ တချို့အလွဲကို အမျိုးသမီးထင်တတ်ကြတယ်။ ကျွန်တော်က အထီးရော အမပါ မှားကြတာ သိတယ်။ ပညာနည်းလို့ဆိုပြီး အထင်သေးကြတာလည်း ဖတ်ရတယ်။ ဘွဲ့သာမက ရာထူးတွေနဲ့သူတွေလည်း မှားကြတယ်။
အလွယ်ရေးလို့ပါလို့ ဆင်ခြေပေးကြတယ်။ လွယ်တာကို ခက်အောင်းရေးကြတဲ့နမူနာတွေ ရာကျော်ရထားတယ်။ အောက်မြစ်မလိုပဲထည့်တာ၊ မြန်မာစာရေးနေရင်း ကီးဘုတ်ပြောင်းပြီး အင်္ဂလိပ်စာလုံးတွေထည့်ရိုက်တာ နေ့တိုင်း လာတယ်။ ဒေါက်မြင့်ဖိနပ်နဲ့ သံရိုက်ကြတာ။
ခုခေတ်မှသာ မှားတာလည်း မဟုတ်ပါ။ ခေတ်တိုင်းမှာ။ မှားတာကို ပြင်ပေးရင်းနဲ့ အမှားနည်းစေတယ်။ အမှားသစ်တွေ လာမယ်။ ပြင်ရကောင်းမှန်းမသိတာနဲ့ ပြင်ခွင့်မပေးတာ နှစ် ၅၀ လောက်ကြာလို့သာ။
တချို့က ရှေးကဟာတွေ သုံးမရတဲ့။ မုံ့ဖက်ထုပ်ကို ကွာရှင်းပြီး တရုပ်လုပ်နဲ့ ညားနေသူတွေက။ ကန်တော့။
ဒေါက်တာတင့်ဆွေ
၃-၉-၂၀၁၉
Comments
Post a Comment