(ဦး) ဘဂျမ်း
မှတ်ရန်များ
‘ဘောက်ကား’ ဆိုတာ ‘ဖေါက်ကား’။
အရင်က ‘ဘ’ ကို ‘ဖ’ ထက်ပိုပြီးအသုံးများခဲ့ပါတယ်။
ဥပမာ -
‘ဘတ်စာ’
‘ဘတ်ပါ’
‘ဘိနပ်’ ကဝိဓဇသတ်ပုံကျမ်း (၁၉၅၄) မှာ ဘိနပ် = ဖိနပ်။
‘အဘေ’
‘ဘိုးရွှေလမင်း’
လဘက် လက်ဖက် လ္ဘက် စသည်။
‘ဒို့’ နဲ့ ‘တို့’ ကိုလည်း အဆင်သင့်သလို သုံးနိုင်တယ်။
အခုခေတ်မှာ ‘ဒို့ပြည်’ (တို့ပြည်) လို့ရေးပေမဲ့ ကာတွန်း၊ ကဗျာ၊ သံချပ်၊ သီချင်းတွေမှာ ‘ဒို့ပြေ’ (တို့ပြည်) လို့လည်း ရေးကြပါ။
ကာတွန်းပါ ဆိုလိုချက်တွေကတော့ ပြောင်းလဲသွားတာ နည်းတယ်။
တရုပ်၊ အိန္ဒိယ၊ ဘိလပ်သားတွေနေရာမှာ -
တရုပ်၊ အိန္ဒိယ၊ မောင့်ကျက်သရေဆောင်းတချို့၊ စစ်ယူနီဖေါင်းဝတ်နဲ့ စစ်ယူနီဖေါင်းချွတ်တွေ ဖြစ်လာတယ်။
တဖက်ပုံကတော့ အခုလည်း ထပ်တူ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment