သင်၏ အမာရွတ်များသည် သင့် အလှတရားကို မလျော့ပါးစေပါ။
ထိုအရာများသည် သင် ခံနိုင်ရည်ရှိခဲ့ ကြောင်း၊ ပြန်လည် ကျန်းမာ ပျောက်ကင်းခဲ့ကြောင်းနှင့်
ဆက်လက် လျှောက်လှမ်းနိုင်ခဲ့ကြောင်းတို့၏ သက်သေသာ ဖြစ်ပါသည်။
သင့်ကို ကျိုးပဲ့ ကြေကွဲစေခဲ့သည့် အရာသည်ပင် သင့်ကို ပိုမို သန်မာစေသည့် အစိတ်အပိုင်း ဖြစ်လာနိုင်ပါသည်။
ဂျပန်နိုင်ငံတွင် ကျိုးပဲ့သွားသော အရာဝတ္ထုများကို ရွှေဖြင့် ပြန်လည် ပြင်ဆင်လေ့ ရှိကြပါသည်။
ထိုအပြစ်အဆာကို ဝတ္ထုပစ္စည်း၏ သီးခြား လှပသော သမိုင်းကြောင်း အစိတ်အပိုင်းတခုအဖြစ် ရှုမြင်ကြပြီး၊
ယင်းကပင် ထိုအရာ၏ အလှတရားကို ပိုမို တိုးပွားစေပါသည်။
စိတ်ဓာတ် ကျဆင်းကြေကွဲနေသည့်အခါ ဤအချက်ကို စဉ်းစားအောက်မေ့ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment