ကွန်မင့်တခု = ဗမာစကားမွာ (ဖလား) ဆိုတာ ဘာ အဓိပ္ပါယ်လဲ ဖြေပေးကြပါလား သိချင်လို့
ကျွန်တော့ကိုမေးတာ မဟုတ်ပါ။ ဖြေချင်သူဖြေသဘော။
တိုက်ရိုက်မဖြေဘဲ တင်ပြပါမယ်။
ဖလား အသုံးနဲ့သတ်ပုံကို မြန်မာအဘိဓာန် အကျဉ်းက ဒီလိုဆိုပါတယ် -
ဖလား - န / ဖလား / သတ္တုတမျိုးမျိုး သို့မဟုတ် နှီးဖြင့် ပြုလုပ်ထားသော ဖင်ပိုင်း လုံးဝိုင်းသည့် အဖုံးမပါ၊ ထည့်စရာ ခပ်စရာ ခွက်ဝိုင်း။ ဖလားစုံကွမ်းအစ် - န / ဖလားစုံကွမ်းစစ် / ကွမ်းသီးဆိတ်၊ ထုံး၊ ရှားစေးနှင့်အမွှေးအကြိုင်ထည့်ရာ အများအားဖြင့်ဖလားငယ်လေးလုံးပါရှိသည့် ကွမ်းအစ်။
ရေဖလား
ငွေဖလား
ရွှေဖလား
ဒန်ဖလား
ဆုဖလားအသုံးလည်း မှန်တယ်။
ဘန်းစကာဆိုရင်တော့ မသိပါ။
ခေတ်ပျက်စကားတွေကို မသိချင်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment