ဝက်သားကြော်တိုင်း မမာသွားစေဖို့ = မမာသည် ဝက်သားကြော်တိုင်း ထွက်သွားပါသတဲ့။ ဘာသာရေးကြောင့် မဟုတ်။ စားမရအောင် မာလို့တဲ့။
မာမသွားအောင်၊ ပျော့မသွားအောင်၊ တူးမသွားအောင်လို့ ရေးရတယ်။
"ကင်ဆာ ပြန်မဖြစ်အောင် ဆေးကုသမှု နဲ့ စစ်ဆေးမှုတွေလိုတယ်" လို့ ရေးရတယ်။
မပြန်ဖြစ်လို့ရေးရင် လူနာအမည် "မပြန်ဖြစ်" လား အထင်မှားမယ်။
မြန်မာစကားတွင် “မ” သည်
အနုတ်အဓိပ္ပါယ် ပြရန်
မဖြစ်စေလိုခြင်းကို ပြရန်
ကြိယာ၏ ရှေ့တွင် ထားလေ့ရှိသည်။
ကင်ဆာ ပြန်မဖြစ်အောင် ဆေးကုသမှုနှင့် စစ်ဆေးမှုများ လိုသည်။
တူးမသွား၊ တူးမသွားအောင်
ပျော့မသွား၊ ပျော့မသွားအောင်
ပြန်မဖြစ်
မစား
မလုပ်
မသွား
မာမသွား၊ မာမသွားအောင်
ဝက်သားကြော် မမာသွားစေဖို့
“မ” နေရာလွဲရေးလျှင် အဓိပ္ပါယ်ပြောင်းသွားသော ဥပမာ ၂၀
၁။
မှန် — မာမသွားအောင်
လွဲ — မမာသွားအောင်
၂။
မှန် — ပျော့မသွားအောင်
လွဲ — မပျော့သွားအောင်
၃။
မှန် — တူးမသွားအောင်
လွဲ — မတူးသွားအောင်
၄။
မှန် — ပုပ်မသွားအောင်
လွဲ — မပုပ်သွားအောင်
၅။
မှန် — ခြောက်မသွားအောင်
လွဲ — မခြောက်သွားအောင်
၆။
မှန် — ပျက်မသွားအောင်
လွဲ — မပျက်သွားအောင်
၇။
မှန် — ပြန်မဖြစ်အောင်
လွဲ — မပြန်ဖြစ်အောင်
၈။
မှန် — မေ့မသွားအောင်
လွဲ — မမေ့သွားအောင်
၉။
မှန် — ကျမသွားအောင်
လွဲ — မကျသွားအောင်
၁၀။
မှန် — ကွဲမသွားအောင်
လွဲ — မကွဲသွားအောင်
၁၁။
မှန် — ဖျက်မပစ်ပါနှင့်
လွဲ — မဖျက်ပစ်ပါနှင့်
၁၂။
မှန် — ပျောက်မသွားအောင် သိမ်းထားပါ
လွဲ — မပျောက်သွားအောင် သိမ်းထားပါ
၁၃။
မှန် — လွဲမသွားအောင် စစ်ပါ
လွဲ — မလွဲသွားအောင် စစ်ပါ
၁၄။
မှန် — နောက်ကျမသွားအောင် လာပါ
လွဲ — မနောက်ကျသွားအောင် လာပါ
၁၅။
မှန် — ပျက်မသွားအောင် ထိန်းပါ
လွဲ — မပျက်သွားအောင် ထိန်းပါ
၁၆။
မှန် — ကျိုးမသွားအောင် သတိထားပါ
လွဲ — မကျိုးသွားအောင် သတိထားပါ
၁၇။
မှန် — ချော်မသွားအောင် သတိထားပါ
လွဲ — မချော်သွားအောင် သတိထားပါ
၁၈။
မှန် — ကျန်မသွားအောင် စစ်ပါ
လွဲ — မကျန်သွားအောင် စစ်ပါ
၁၉။
မှန် — ပျောက်မသွားအောင် ကာကွယ်ပါ
လွဲ — မပျောက်သွားအောင် ကာကွယ်ပါ
၂၀။
မှန် — ထိခိုက်မသွားအောင် ဂရုစိုက်ပါ
လွဲ — မထိခိုက်သွားအောင် ဂရုစိုက်ပါ
မြန်မာစာတွင် “မ” အနုတ်နေရာပြဿနာ သည်
သဒ္ဒါ
အသံထွက်
စကားပြောပုံတို့နှင့် ဆက်နွယ်ပြီး အလွန်စိတ်ဝင်စားဖွယ် ဘာသာဗေဒဆိုင်ရာ ပြဿနာတခု ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment