ငယ်စဉ်က လူကြီးသူမတွေက နေ တောင်ဘက်ရွေ့လာပြီတဲ့။ ဘာတွေပြောနေကြသလဲ မသိခဲ့ပါ။
ဒက္ခိဏာယဏ (တောင်ဘက်သို့ သွားသောခရီး)
နေမင်းသည် တောင်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားကာ ဆောင်းရာသီသို့ ရောက်ရှိကြောင်း ပြဆိုသည်။
မြောက်ကမ္ဘာခြမ်းတွင် ကမ္ဘာ့ဝင်ရိုးစောင်းနေခြင်းကြောင့် ဆောင်းဦးနှင့် ဆောင်းရာသီတို့တွင် နေ့ခင်းအချိန် နေမင်းသည် တောင်ဘက်ကောင်းကင်ယံ၌ ပို၍နိမ့်ကျစွာ တည်ရှိနေသည်ကို တွေ့ရသည်။
ကမ္ဘာ့ဝင်ရိုးသည် ၂၃.၅ ဒီဂရီ ထောင့်ဖြင့် စောင်းနေသည်။
ဆောင်းဦးရာသီ နေ့ညညီမျှချိန် (fall equinox) ကို ကျော်လွန်သွားသည်နှင့်အမျှ မြောက်ကမ္ဘာခြမ်းသည် နေနှင့် ဝေးရာသို့ မြင်ကွင်းလမ်းကြောင်း စောင်းသွားသည်။
ဤသို့စောင်းနေခြင်းကြောင့် နေ၏ နေ့စဉ်သွားလာသည့် လမ်းကြောင်းသည် တောင်ဘက် ကောင်းကင်ယံကို ဖြတ်သန်းသွားလာပြီး၊ ဒီဇင်ဘာလ ဆောင်းရာသီ အတိုဆုံးနေ့ (winter solstice) တွင် တောင်ဘက်အစွန်ဆုံး အနိမ့်ဆုံး အမှတ်သို့ ရောက်ရှိသည်။
မြန်မာ့နက္ခတ်ပညာအရ နေမင်းသည် နှစ်စဉ် တောင်ဘက်သို့ အတက်/အဆင်း (ဥတ္တရာယဏ နှင့် ဒက္ခိဏာယဏ) ခရီးသွားလာသည်ဟု ဆိုပါသည်။
အခုနေရတဲ့အရပ်မှာ ဆောင်းရယ်လို့တော့ မရောက်သေး။ ဆောင်းဦးရာသီလို ခေါ်ကြတယ်။ အေးတော့ မလိုလို။
အသက်ကြီးလာပြန်တော့လည်း ကိုယ်မသိတာတွေ တယ်များပါလားလို့ သိလာရပြန်ပါသည်။
မိမိနေရာသည် မြောက်အရပ်ဆီရွေ့တာကို မသိ၊ မြင်ရတဲ့အရာ တောင်အရပ်ရောက်သွားပြီဟု မှတ်ယူကြကုန်၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment