ရောင်နီလာလှပေါ့။
တကြော့နှစ်ကြော့ တေးကိုသီ
ငှက်ကျားနှုတ်ပလီ။
တောင်ဆီနားက ခရေပန်း
ပင်အောက်ကြိုင်လို့လန်း။
ဘန်းလေးယူခဲ့ မောင်လေးရယ်
သွားကောက်ချေစို့ကွယ်။ပန်းသယ်လုပ်စို့ တပြုံးပြုံး
ပန်းတွေတကုံးကုံး။ (မင်းသုဝဏ်)
မှတ်ရန်များ
မူရင်းကဗျာမှာ တကြော့နှစ်ကြော့။
ရုပ်ရှင်ရိုက်တော့ တကျော့နှစ်ကျော့။
ကဗျာကို ဂီတာသင်္ကေတနဲ့ရေးတော့ -
ခေါင်းစဉ်က ပန်းသည်။
အောက်ကစာသားမှာ ပန်းသယ်။
တကြော့ နဲ့ တကုံကုံး တွေကို စသတ်ရင် မှားတယ်။
မူရင်းကို မပြင်အပ်ပါ။
ကြော့
ကိုယ်ဟန်ကြော့
နဂိုကြော့ကြော့ (နကိုယ်)
ကြမ်းကြော့၊
ယဉ်ယဉ်ကြော့ကြော့
လှပကြော့ရှင်း
လူပေါ်ကြော့
ကျော့သွေး = ကြောင်သောအရောင်
ကြော့တင်းစီလျက် = ဘွယ်ရာပျိုမြစ်လျက်
ကြော့မှူး = ထိပ်ခေါင်
ကြော့ရှင်းလှပ
ကြော့ဆော့ = ငြိမ်သက်ခြင်းမရှိ
ကြော့နေအောင် ဝတ်စားထားသည်
ကြော့ကြော့သွားသည်
ကြော့ကြော့မော့မော့ = ယဉ်ကျေးတင့်တယ်ခြင်း၊ အသရေရှိခြင်း
အောင်မြေကြော့ကြော့
ကျော့
ဆင်ကျော့ဖမ်းသည်၊
ဆင်ကျော့သည်
ဆန်စသည်ကျော့ယူသည်၊
တပတ်ကျော့ လာပြန်ပြီ
ထပ်ကျော့ ဆိုပါ
ကျော့ကွင်း
ကျော့ကျည်း = ပျင်းရိသည်
ကျော့ချည်
ကျော့ရှင်းသည်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment