မင်္ဂလာပါဆရာရေ တချို့ကျောက်တိုင်တွေမှာ အစဉ်သတိရအောက်မေ့ဘွယ်ကျောက်တိုင်လို့ ရေးကြတာတွေ့ရတယ်။ မြန်မာစာရေးထုံးမှာ မရှိဘူးဖြစ်နေတယ်။ အစဉ်သတိရအောက်မေ့ဘွယ် ကို ဖွယ်လို့ရေးရမယ်ထင်တယ်။ ဒါပေမဲ့ ရေးထုံးမှာမရှိပြန်ဘူး။ အစဉ်သတိရအောက်မေ့ခြင်း ကျောက်တိုင်လို့ ရေးရင် မှန်မလားလို့ အကြံပြုပါအုံး။
ပြန်စာ
ကဝိဓဇသတ်ပုံကျမ်း
ဖွယ် =
သင့်လျော်သည်၊ တင့်တယ်သည်၊ နှစ်သက်ဘွယ်
ဖွယ်ဖွယ်ရာရာ
ဖွယ်နေသည်
မဖွယ်မရာ
ရှုအီစဖွယ်
သနားစဖွယ်
လုပ်ဖွယ်ကိုင်ဖွယ်
ခဲဖွယ်
နတ်သဖွယ်
အလိုကျဖွယ်
နာချင်ဖွယ်
စားဖွယ်သောက်ဖွယ်
(စားဘွယ်သောက်ဘွယ်)
ဖွယ်သောအရသာ
ဖွယ် =
ရွံစရာကောင်းသည်
ဘွယ် =
ဘွယ်ရာ (ခမ်းနားသင့်တော် လျောက်ပတ်သည်)
မြန်မာအဘိဓာန်
(၁၉၉၁) မှာ ဘွယ် မပါ။ စားဖွယ်သောက်ဖွယ်၊ ဖွယ်ဖွယ်ရာရာလို့
ပါတယ်။
- ဘွယ်ဘော်ဒိုးရွာ၊
သံတောင်ကြီးမြို့နယ်
- မိုးငွေ့လေး
လွမ်းမောဘွယ်
- ယုံမှားဘွယ်သော
ပြဿနာတို့ကို
- ရွှေရတုမဂ္ဂဇင်း၂၀၀၃မှ
လွမ်းမောဘွယ်အချစ်ဇာတ်လမ်းအဆုံးသတ်(ချစ်ဉီးညို)
- ရွှေရတုမဂ္ဂဇင်း၂၀၀၃မှ
လွမ်းမောဘွယ်အချစ်ဇာတ်လမ်းအဆုံးသတ်(ချစ်ဉီးညို)
- ရှင်မတောင်မှလွမ်းမောဖွယ်ရာ
သိုက်သမိုင်း
- ရှင်မတောင်မှလွမ်းမောဖွယ်ရာ
သိုက်သမိုင်း
- လွမ်းမောဖွယ်ကမ္ဗောဇ
(သို့ မဟုတ်) သံလွင်၊ ဒုဋ္ဌ၀တီ၊ ရွှေလီရုပ်ပုံလွှာ
- လွမ်းမောဖွယ်ကမ္ဗောဇ
(သို့ မဟုတ်) သံလွင်၊ ဒုဋ္ဌ၀တီ၊ ရွှေလီရုပ်ပုံလွှာ
- လွမ်းမောဖွယ်ရာ
စိတ္တရရွာ
- လွမ်းမောဖွယ်ရာ
ရွှေတကျေးရွာ
- လွမ်းမောဘွယ်
ပုဂံ၏ နေ့ရက်များသို့
- လွမ်းမောဘွယ်
သျှမ်းစော်ဘွား ဟော်နန်းများ… တချို့ဟော်နန်းတွေဖျက်ဆီးခံလိုက်ရသလို
ကျန်ရှိဟော်နန်းတွေလည်း
- လွမ်းမောဘွယ်ရာ
တက္ကသိုလ်နေ့ရက်တွေ
- လွမ်းမောဘွယ်ရာ
တက္ကသိုလ်နေ့ရက်တွေ
- အောက်မေ့ဘွယ်
“ယဥ်တကိုယ်မယ်”
ပိစိညက်
ရှက်ဖွယ်၊ မတူချင်နေ ထိုနန်းသူ မူနွဲ့နွဲ့၊ ရောဂါထူလွန်းတယ်၊ အင်နဲ့အားနဲ့ကွယ်
သန်မာထည်ထည်၊ မြင့်မားတယ် ခန့်ညားတယ်၊ လှခေါင်တကိုယ်လုံးကြွယ်
“မဲဇာရွှေလီ”
(ဖွယ် နဲ့
ဘွယ် ရေးထွေး ရေးကြပါတယ်။ ဒီသီချင်းမှာ လွမ်းဘွယ်ဆွေးဘွယ်လို့ ရေးထားတယ်။)
မဲဇာတောင်ခြေ
စီးထွေထွေ ရစ်သန်းသီတာရေ (မဲမှောင်၍ တောင်ငွေ့ဝေဝေ၊ နေရောင်မထိုး ညှိုးငယ်စိတ်ဝယ်
မောအောင် တောတောင်ရေမြေ၊ မဲမှောင်၍ တောင်ငွေ့ဝေဝေ၊ လွမ်းဘွယ်ဆွေးဘွယ် သဲညှာ
မဲဇာရွှေတောင်ခြေ။)၂
(ပင်မြင့်တွေ
ပင်စောက်တွေ ပင်အောက်ခြေ၊ ဝင်ရောက်သူလဲ အသဲဝယ်ဖိုမလေ) ၂ အထက်ဆို ဘဝဂ်ကို တက်မလို
ညို့မှိုင်းနေ၊ မို့မို့မှိုင်းမှိုင်း ညို့ညို့ဆိုင်းဆိုင်း၊ ရှုလေတိုင်း
အုံ့မှိုင်းလို့သာဝေ၊ မြစ်ရေ ထွေထွေခြိမ့်သည်း၊ လက်ဝဲသုန္ဒြရ ရောက်ခဲ့ရတဲ့
သည်ဝနာမြေ။
(မဲဇာမြစ်ရေ
ရစ်ခွေ စီးတွေ၊ ဝဲယာပတ်လည် နှင်းတွေဆိုင်း မှိုင်းဝေ) ၂ xx ဝေးခဲ့ပေါ့ဌာနီ တို့တိုင်းပြည်
ခြုံလွှာထွေး မလုံသေးပေ မွန်းတည့်နေခြည်ဖြာမှ နွေးတယ်၊ တရေးရေး တွေးလေ ဆွေးလေ၊
ဖြေသော်လဲမပြေ၊ လက်ဝဲသုန္ဒြရ၊ တမ်းတ စိတ်ဘဝင် ငယ်ပေါင်းသက်ဝေ သူ့ကြင်ဆွေ
ပြည်တော်ကိုသာ စိတ်ထဲရော်ရမ်း မျှော်မှန်းကာသာနေ။
(အော်အော်အော်
လွမ်းတိုင်းတွေးမိကာပင် အောက့်မေ့ပေ၊ ဝေးသောရပ်ဌာနီမှာ သားသမီးတွေ)၂
အိမ်သူချောမေလှကို
တမ်းတယောင်မိပေ၊ ချစ်တင်းနှောလို့ ပြောခဲ့တာတွေ၊ မြင်မြင်ယောင်သေး ဆွေးဘယ်မပြေ၊
ကလေးတွေ အရေးစိုက်ကာ ရင်ဝယ်ပိုက်လို့၊ အကြိုက်စရိုက် အလိုလိုက်ခဲ့တယ် မောင်တို့ဖေ၊
ရှေးဝဋ်ကြွေး မကင်းပြန် ရာဇဒဏ်မြေ။
(မဲဇာမြစ်ရေ
ရစ်ခွေ စီးတွေ၊ ဝဲယာပတ်လည် နှင်းတွေဆိုင်း မှိုင်းဝေ) ၂ xx ဝေးခဲ့ပေါ့ဌာနီ တို့တိုင်းပြည်
ခြုံလွှာထွေး မလုံသေးပေ မွန်းတည့်နေခြည်ဖြာမှ နွေးတယ်၊ တရေးရေး တွေးလေ ဆွေးလေ၊
ဖြေသော်လဲမပြေ၊ လက်ဝဲသုန္ဒြရ၊ တမ်းတ စိတ်ဘဝင် ငယ်ပေါင်းသက်ဝေ သူ့ကြင်ဆွေ
ပြည်တော်ကိုသာ စိတ်ထဲရော်ရမ်း မျှော်မှန်းကာသာနေ။
မဲဇာရွှေလီ
ရေး မြို့မငြိမ်း - ဆို မာမာအေး https://drive.google.com/file/d/0B3-q20AEW-9rWUpkb3dYZnp2UWs/view
https://www.youtube.com/watch?v=wlOsXmGSGjM
ဒေါက်တာတင့်ဆွေ

Comments
Post a Comment