• ယနေ့ သင့်ကို ပြန်မပြုံးပြခဲ့သော လူသည် နံနက်ခင်း တမနက်လုံး မငိုမိအောင် ကြိုးစား ထိန်းချုပ်နေခဲ့ရသူ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။
• သင့်ရှေ့မှ တတ်နိုင်သမျှ အနှေးကွေးဆုံး မောင်းနှင်နေသော လူသည် ယာဉ်မတော်တဆ ဖြစ်ပြီးနောက် ပြန်လည်မောင်းနှင်နေရသူ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။
• အနည်းငယ် ရိုင်းစိုင်းသည်ဟု ထင်ရသော ငွေကောင်တာစာရေးသည် သူ၏ ဘဝတွင် အဆိုးရွားဆုံးနေ့ရက်၏ ဝက်ဝက်ကွဲ ဒုက္ခများကို ကြုံတွေ့ရင်ဆိုင်နေရသူ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။
• သင်သည် လူတို့၏ ကျယ်ပြောလှသော ဘဝ ခရီးစဉ်ကြီးထဲမှ အလွန်တိုတောင်းလှသော အခိုက်အတန့်လေးများတွင်သာ ထိုသူတို့နှင့် ဆုံစည်းကြရခြင်း ဖြစ်ပါသည်။
သို့ဖြစ်၍
သင်မြင်တွေ့လိုက်ရသည့် ၅ စက္ကန့်မျှသော အချိန်ကလေးဖြင့် သူတပါးအပေါ် ဆုံးဖြတ်ချက်ချမိခြင်းကို သတိပြုဆင်ခြင်ပါလေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment